Tuesday, July 17, 2018

ကရုဏာက အကြောင်းကောင်းဖို့, ဉာဏ်ပညာက အကျိုးကောင်းဖို

လူသားတစ်ဦးအတွက် မြင့်မြတ်ရာသို့ သွားရာလမ်းခရီးမှာ မလွဲမသွေ လှမ်းတက်ရမယ့် လှေကား သုံးထစ် ရှိပါတယ်။ အဲဒါတွေက--
စိတ်ကောင်းရှိမှု၊ အသိဉာဏ်ကြီးမြင့်မှုနဲ့ ၊ အများအကျိုးပြုမှုတို့ပဲ ဖြစ်ပါတယ်။
စိတ်ကောင်းရှိမှု ဆိုတာဟာ ကရုဏာတရားရဲ့ သင်္ကေတဖြစ်သလို အသိဉာဏ် ကြီးမြတ်မှုက ပညာ စေတသိတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကရုဏာ တရားနဲ့ ပညာတို့ရဲ့ လက်တွေ့ ပေါင်းစပ်မှု အင်အားကြောင့် ဖြစ်ပေါ်လာတဲ့ လောက ကောင်းကျိုး သယ်ပိုးမှု တွေကတော့ အများ အကျိုးပြုမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ကရုဏာတရားဟာ အများရဲ့ ကိုးစားရာဖြစ်ပြီး ပညာတရားက မိမိရဲ့ ကိုးစားရာ ဖြစ်ပါတယ်။ သနား ကြင်နာခြင်းနဲ့ သူတစ်ပါးကို စောင့်ရှောက် တတ်သူဟာ မိမိကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။

Monday, July 16, 2018

တဏှာဟူသည်မှာ။

  မြတ်စွာဘုရားရှင် ဗာရဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံးနေစဉ် အရှင်မဟာ
ကောလိသသည် အရှင်သာရိပုတ္တရာအား “ မျက်စိသည် ရူပါရုံ၏ အနှောင်အဖွဲ့ ဖြစ်ပါသ
လော၊ (သို့မဟုတ်) ရူပါရုံသည် မျက်စိ၏ အနှောင်အဖွဲ့ ဖြစ်ပါသလော ” စသည်ဖြင့်

ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။

        ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက်ဆုံးပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါ
တယ်။ နိဗ္ဗာန်ကိုရရောက်နိုင်ရန်အတွက် တရားကျင့်ကြံအားထုတ်ကြရပါတယ်။ တရားအားထုတ်
ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်

လေးစားထိုက်သူ



တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ဗိဗ္ဗိသာရမင်းကြီးရဲ့အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ်တွေနှင့်တကွမြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။

စိတ်ကိုကောင်းအောင် ခြယ်လှယ်သော စေတသိက်များ။

၁။ သဒ္ဓါ
၂။ သတိ
၃။ ဟီရိ
၎။ သြတ္တပ္ပ

Sunday, July 15, 2018

ဝန်ထမ်းတဲ့



အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်း၊ခုနောက်ပိုင်း ကုပ္ပဏီဝန်ထမ်း၊စတိုးဆိုင်ဝန်ထမ်း၊ စသဖြင့်ခေါင်းစဉ်တပ်ပြီး အမျိုးမျိုးအမည်တပ်ခေါ်နေကြပေမယ့်လဲ၊ လူသားအားလုံးဟာ ၀န်ထမ်း တွေချည်ပါဘဲ၊

တဏှာပွားအောင် မလုပ်နဲ့။

     မြတ်စွာဘုရားက လောကီအာရုံ ကာမဂုဏ်ငါးပါးတို့၌ ကိလေသာ ကာမချမ်းသာကို
အဖန်ဖန်လိုက်စားပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကနုယောဂအကျင့်သည် ယုတ်ညံ့လှ၏။
အထက်တန်းပုဂ္ဂိုလ်တို့၏ အလုပ် မဟုတ်ဘူး။ အရိယတို့အတွင်းမပါဝင်သော ပုထုဇဉ်ပုဂ္ဂိုလ်

Saturday, July 14, 2018

ဓမ္မအသိဖြင့် ကောင်းကျိုးချမ်းသာရဖို့ အချက် ၄ ချက် ။

       ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။
        (၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်

ကြုံရမဲ့သင့်ကြမ္မာ

ဘဝနေနည်း သုတရှာမှီးသူဟာ ကြားမြင်သုတနှင့်ပြည့်စုံသူတစ်ယောက်ရှိတဲ့နေရာကို ကြီးစွာလုံ့လပြုပြီး အရောက်သွားရမယ်။ (ဝေဏှုဒါသ)
ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန်း တစ်ပါးရှိဖူးတယ်။ ပကတိသဘောအရ ဓုတင်အကျင့်တွေကိုကျင့်၊ ဝိနည်းလေးစားပြီး သီလရှိတယ်။ တစ်နေ့မှာ အခြားရွာက မထေရ်တစ်ပါး ကြွလာတယ်။ နောက်ကြွ မထေရ်ကို ကျောင်းဒကာက ဆွမ်းကျွေး လှိုက်လှဲပျူငါပြု တဲ့အခါ ဒီရဟန်း စဉ်းစားတယ် 'အယံ ကုဋုမ္ဗိကော ပရိဘိန္နော၊ သစာယံ ဘိက္ခု ဣမသ္မိံ ဝိဟာရေ ဝသိဿသတိ၊ န မံ ဧသ ကိသ္မိဉ္စိ ဂဏယိဿတိ = ငါ့ဒကာ တော့ သူ့ဖက်ကို ပါနေပြီ။ ဒီကိုယ်တော် ဒီကျောင်းမှာ ဆက်နေ ရင်တော့ ဒီဒကာ ငါ့ကို ထည့်တောင်တွက်မှာ မဟုတ်တော့ဘူး'လို့ စဉ်းစားပြီး နောက်ရောက်ကိုယ်တော်နှင့် သူ့ဒကာ ရင်းနှီးမသွားအောင် အဆက်ဖြတ်ထားတယ်။

နတ်ပြည် (၆) ထပ်။

နတ်ပြည် (၆) ထပ်မှာ ==
၁။ စတုမဟာရာဇ် = နတ်မင်းကြီးလေးပါး စိုးပိုင်သောနတ်ပြည်။
၂။ တာဝတိံသာ = သုံးကျိပ်သုံးယောက်သော သကြားမင်းပိုင် နတ်ပြည်။
၃။ ယာမာ = ဆင်းရဲခြင်းမှကင်းသော နတ်ပြည်။

ဗုဒ္ဓသာသနာတော်သည် အဆောက်အအုံမဟုတ်။

          ဗုဒ္ဓဘာသာ သာသနာတော်ဟာ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာမည်သော ဘုရားရှင်၏ဓမ္မဒေသ
နာတော်များ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာစတဲ့ သာသနာ
တော်သုံးရပ်တွင် ပရိယတ်သာသနာဟာ အရင်းမူလဖြစ်ပါတယ်။ ပရယတ်သာသနာတော်ကို အခြေ

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။

      သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး

Friday, July 13, 2018

"စမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓဘာသာ (သို့) ကာလာမသုတ်အနှစ်ချုပ်

တဘက်သတ် မျက်စိမှိတ်ယုံကြည်ရခြင်း မရှိသည့် ဘာသာကို လက်ညှိုးထိုးပြပါဆိုပါလျှင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်တော့သည်။ မြတ်ဗုဒ္ဓဟောကြားသော တရားများဖြစ်သည်ဟု အခြားသူများက ပြောယုံမျှဖြင့် မယုံကြည်ကြနှင့်ဦးဟူ၍ပြောကြားခဲ့ရာတွင် စကားကြီးဆယ်ခွန်းကိုလည်း (ကာလာမ) အမျိုးသားတို့အား မှားကြားခဲ့ပါသည်။ အို…ကာလာမတို့.....။

Thursday, July 12, 2018

ထာဝရ ရာနှုန်းပြည့်လူ။



ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု) မပျက်စီးရင် သေတာတောင် ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။
(ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)
ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရှိစဉ်က ရန်ကုန် ကျိုက္ကစံမှာ သီတင်း သုံးနေတော်မူတဲ့အချိန်မှာ ဆရာတော် ဘုရားကြီး တည်ထောင်သီတင်းသုံးခဲ့တဲ့ ရွှေကျင်ဂိုဏ်း ပင်ရင်းမူလ မန္တလေးမြို့ အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်ကြီးထဲက ကျောင်းအချို့ မီးလောင် ပျက်စီး သွားတယ်။ ဒီအကြောင်း ဆရာတော်ဘုရားကြီးထံ လျောက်ထားကြတဲ့အခါ အထက်ပါ ဆုံးမ သြ၀ါဒကို နှုတ်က မြွတ်ကြားသလို ဂါထာနဲ့လဲ ရေးဖွဲ့ပြီး တပည့်ရဟန်းများကို ဆုံးမတော် မူခဲ့ ပါတယ်။

မိမိကြိုက်ရာလမ်းကို ရွေးချယ်ပါ။

      လူသားဟူသည် ခေတ္တခဏ အလည်ရောက်လာသော လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ
၏။ ဧည့်သည်အဖြစ် ခေတ္တနေရစဉ်အခိုက် မိမိအကျိုးသာမက အများအကျိုးကိုပါ သယ်ပိုးထမ်း
ဆောင်နိုင်မှသာ လာခြင်းကောင်းသော ဧည့်သည်ကောင်းတစ်ဦး ဖြစ်လာပါလိမ့်မည်။ ဧည့်သည်အ

ဓမ္မအသိဖြင့် ဘ၀မှာအကျိုးရှိရှိနေကြမည်။

      ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။

အရှင်ဆေကိန္ဒ၏ ဦးဇင်းသုံးတန်းတုန်းက ဆရာမအကြောင်း။

       အခု မှတ်မိတဲ့အကြောင်းက သုံးတန်းက ဆရာမအကြောင်းပေါ့။  ဆရာမကိုတွေ့တော့
ကိုယ့်ရဲ့စိတ်ထဲမှာ သနားတာလိုလို၊ အဲဒီလို မဖြစ်စေချင်တာလိုလို၊ ဆရာမကိုမဖြစ်စေချင်သလို
ကိုယ်လည်း အဲဒီလို မဖြစ်ချင်ဘူး။ ဆရာမရဲ့ ပါးပြင်မှာ အမာရွက် တစ်ခုရှိတယ်။ အမာရွက်ဆို

Wednesday, July 11, 2018

ဘုရားရှစ်ခိုးတဲ့အခါ သြကာသ နဲ့ ဘာလို့ အစချီသလဲ...?



သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံတည်းဟူသော သုံးပါးသောကံတို့တွင်
တစ်ပါးပါးသော ကံဖြင့် တရံတဆစ် ပြစ်မှားမိသည်ရှိသော်
ထို အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ
( တနည်း သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ )
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမပ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ၊ သံဃာ ရတနာ တည်းဟူသော ရတနာမြတ်သုံးတို့ကို
အရိုအသေ အလေးအမြတ် လုက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောက် မာန်လျှော့ ကန်တော့ပါ၏
အရှင်ဘုရား ။

Tuesday, July 10, 2018

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့နေနိုင်မလဲ

ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါသည်တစ်ယောက်နှင့်တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲ၍နေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌေးကြီး စိတ်ပျက်သွားပြီး ကရုဏာဒေါသောနှင့် မေးသည်။

အလောင်း အလျာတို့၏ အလိုတော် (၆) ပါး။

     အလောင်း အလျာတို့၏ အလိုတော် (၆) ပါးမှာ ==
၁။ လောဘတရားတို့မှ ကင်းလိုခြင်း။
၂။ ဒေါသတရားတို့မှ ကင်းလိုခြင်း။
၃။ မောဟတရားတို့မှ ကင်းလိုခြင်း။

ဂေါတမမြတ်စွာဘုရားလက်ထက် အစဦးဆုံး သရဏဂုံတည်သူများ။

      ဂေါတမမြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္က
လာနယ်မှ ကုန်ရောင်းလာကြသော “ တပုဿ ” နှင့် “ ဘလ္လိက ” ကုန်သည်ညီနောင်တို့ ရောက်
လာကြပြီးလျှင် မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်းကြသဖြင့် မြတ်

အမှားလုပ်မိခဲ့တဲ့ သာမာဝတီမိဖုရား၏ သံသရာခရီး။

      ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ တစ်နေ့
သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံငါးရာနှင့် အတူတ
ကွ မီးလောင်သေဆုံးသွားပါတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် အသေဆိုးနဲ့ သေသွားတယ်လို့

Monday, July 9, 2018

တရားထိုင်ခြင်းဖြင့် နှလုံးနှင့်ဆက်စပ်ရောဂါများ လျော့ပါးသက်သာစေနိုင်

သမာဓိတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းစသည့် စိတ်လေ့ကျင့်ခန်းများသည် နှလုံးနှင့် ဆက်စပ်ရောဂါများကို လျော့ပါးသက်သာစေကြောင်း
ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၁၉၆၀)ပြည့်လွန် နှစ်များကတည်းက လေလွင့်ဟစ်ပီများသည် နှလုံးနှင့် ပတ်သက်သော ရောဂါများနှင့်
စိတ်ဖိစီးမှု ဝေဒနာတို့ကို ပျောက်ကင်းစေကြောင်း ယုံကြည်လေ့ကျင့်ခဲ့သော်လည်း တိတိကျကျ သုတေသနမှတ်တမ်းမူ မရှိခဲ့ပေ။

“ သံဝေဂ အလင်္ကာ ”

နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။

နိဗ္ဗာန်ကိုရှာဖို့ရာ ကြံစည်တော်မူခြင်း။

        ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်
ပါလျက် အဲဒီ အိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက်နေတာ မတော်

ဗုဒ္ဓဟောကြားတော်မူသော မနက်ဖြန်ကမ္ဘာ။

       ယနေ့ လူသားတွေရဲ့ အသက်ဟာ ရှစ်ဆယ်တန်းလို့ ဆိုပါစို့။ အသက်ရှစ်ဆယ်တန်းက
နေ လူတွေရဲ့ မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက လူတွေသိရှိ
အောင် “စက္က၀တ္တိသုတ္တန်” မှာ ဟောကြားထားပါတယ်။ လူတွေရဲ့အသက်ဟာ အခုသက်တမ်း

Sunday, July 8, 2018

တရားထိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဥပါဒါန်ကံ



ဒါကြောင့်မို့ ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ။
တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချတယ် မဟုတ်လား။ 
(တင်ပါ့ဘုရား။….) 
ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့။ ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။
တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။ 
(မထင်ပါဘူး ဘုရား။) 
ဒါဖြင့်မသေသေးဘူးပေါ့။ 

Saturday, July 7, 2018

ခလ္လာတိယနတ်ပြိတ္တာမ

☆ ကဿမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ လှပတင့်တယ် ရှုချင့်စ
ဖွယ်အဆင်းရှိသောခလ္လာတိယခေါ် အမျိုးသမီးတစ်ဦးရှိ၏။ ထိုမိန်မး၏ ဆံပင်
တို့သည် အလွန်မဲနက်၏။ ရှည်သွယ်၏။ နူးညံ့ပြီး အဖျားကော့၏။ ဖြေ၍ ချ
သော် ဖနောင့်နားသို့ရောက်မှ အဖျားကော့၍ တက်၏။ အဆင်းလှခြင်း၊ ဆံပင်
ကောင်းခြင်းတို့ကြောင့် ယောက်ျားများက ချစ်ကြိုက်စွဲလမ်းကြကုန်၏။

Friday, July 6, 2018

“မေတ္တာလွှမ်းခြုံ ဘေးရန်လုံ”



၁။ ကိုယ့်ကိုကိုယ်ခြောက်၊ အလွန်ကြောက်၊
မှတ်လောက်ကြောက်စရာ။
၂။ သက်မဲ့သက်ရှိ၊ နှောင့်ယှက်ဘိ၊
မှတ်သိကြောက်စရာ။
၃။ စည်းကမ်းဖေါက်က၊ ပြစ်ဒဏ်ရ၊
မှတ်ကြကြောက်စရာ။
၎။ တရားမကြွယ်၊ အထုပ်ငယ်၊
အပါယ်ခြောက်တဲ့ ကြောက်စရာ။

ဆွမ်းသုံးဆောင်ခါနီး ဆင်ခြင်ရန်။

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊
ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊
လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊

မဇ္ဈိမပဋိပဒါ။

   မဇ္ဈိမ = အလယ်အလတ်+ ပဋိပဒါ = အကျင့်
    ( အလယ်အလတ်အကျင့် = နိဗ္ဗာန်သွားရာလမ်းကြောင်း)
         ကာမဂုဏ်လိုက်စားသော ကာမသုက္ခလ္လိကအကျင့်သည် လည်းကောင်း၊ ခန္ဓာကိုယ်ကို
ဒုက္ခပေးသော အတ္တကိလမထအကျင့်သည် လည်းကောင်း၊ အောက်တန်းကျ၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို

ဘုရားလောင်းလျာကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။

      သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ

Thursday, July 5, 2018

ဘာ့ကြောင့် လူသေ ရင် ၃ ရက် ထားကြတာလဲ

ဒီဓလေ့ဟာ သီရိမာ ကစတာပါ၊
သီရိမာ ဆိုတာ ပြည့်တန်ဆာတစ်ဦး
သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊
သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
ဥတ္တရာ ရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူ ခဲ့တယ်။

Wednesday, July 4, 2018

☆“#အပျိုတန်မဲ့ပါးမှာမှဲ့”☆

‘အပျိုတန်မဲ့
ပါးမှာမှဲ့သို့
ကဲ့ရဲ့စရာ’
(မဃဒေ၀။ ပိုဒ် ၄၁၂။)
ချီးမွမ်း ခုနစ်ရက်
ကဲ့ရဲ့ခုနစ်ရက်
☆ ဒါတွေ အရေးမကြီးပါဘူး။ ချီးမွမ်းခံရတာလဲ လောကဓံ၊ ကဲ့ရဲ့ခံရတာလဲ
လောကဓံ မမှုမပါဘူး။
☆ ဤသို့သော ‘ဒဲ့တိုက်’ခံမှုသည် အကဲ့ရဲ့ခံရပြီးနောက် တံတွေးကွက်တွက် ပက်လက် မျောပြီးနောက်တွင်ကား မန္တန်တခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။

       မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။  တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်

ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရမှာလဲ။

       သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူတွေများများကြည့်အောင်ပဲ နေသွားမှာလား? ။

        ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

Tuesday, July 3, 2018

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။

ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာတစ်ယောက်၏ အခြေခံစိတ်နေသဘောထား။

         မိရိုးဖလာဗုဒ္ဓဘာသာတို့သည် ဗုဒ္ဓသာသနာတော်အတွက် အခြေခံအကျဆုံးခွန်အား ဖြစ်
၏။ ဘာသာရေးသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော လူ့အရေးအ
ရာ အားလုံး၏ အဓိက ပဓာန အချက်အချာ ဖြစ်သောကြောင့် မိရိုးဖလာဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာ
သာမြန်မာနိုင်ငံ၏ အခြေခံအကျဆုံး ခွန်အားဖြစ်ပါသည်။

ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။
    ပင်ပန်းရုံမျှ အားထုတ်က အတ္တကိလမထာ နုယောဂါ။

Monday, July 2, 2018

ဘုရားသော်မှ တွေ့ကြုံခံစားခဲ့ရသည့် လောကဓံတရားများ

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလာ မုတ္တမံ။
ဒေ၀ပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ ၊ လောကဓံတရားတို့နှင့်။
ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
စိတ္တံ ၊ စိတ်သည်။ နကမ္ပတိ ၊ မတုန်လှုပ်။
အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။
ဝိရဇံ ၊ ရာဂစသောမြူလည်းမရှိ။ ခေမံ ၊ ဘေးလည်းမရှိ။
ဧတံ ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။
မင်္ဂလံ ၊ မင်္ဂလာပေတည်း

Sunday, July 1, 2018

ဘုရားဟောသော ပိန်နည်း



မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။ ဒီတော့ မြတ်စွာဘုရားက ``မင်းကြီး..ထမင်းစားပြီး အပန်းလေး မဖြေခဲ့ဘူးလား´´လို့ မေးတော်မူပါတယ်။

Saturday, June 30, 2018

ဗုဒ္ဓဘာသာဝင်တိုင်းသိကိုသိထားသင့်သည့် ဗုဒ္ဓ၏မှတ်တိုင်နေ့ထူးကြီး (၂၀)

၁. မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့ သန်းခေါင်ယံအချိန်၌ ပဋိသန္ဓေ တည်နေတော်မူ၏။
၂. မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ နေမွန်းတည့်ချိန်၌ ဖွားမြင်တော်မူ၏။
၃. မဟာသက္ကရာဇ် (၈၃) ခုနှစ် (၁၆) နှစ်သားအရွယ် ကဆုန်လတွင် ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။
၎. မဟာသက္ကရာဇ် (၉၇) ခုနှစ် ဝါဆိုလပြည့် တင်္နလာနေ့ သန်ခေါင်းယံ အချိန်၌ တောထွက်တော်မူ၏။ (၂၉).နှစ်အရွယ် ။

သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦး။

          သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦးမှာ==
၁။ စိဉ္စမာဏ။
၂။ သုပ္ပဗုဒ္ဓ။
၃။ ဒေ၀ဒတ်။

ကာမသုခလ္လိကအကျင့်။

        ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး

ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။

        ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်

Friday, June 29, 2018

စိတ်ဆိုးတော့မယ်ဆိုရင်

စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။
မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။
ဘယ်လိုရှာပြီး ပယ်မလဲ....?

Thursday, June 28, 2018

အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။

သိဒ္ဓတ္ထမင်းသား လူ့စည်းစိမ်ကိုစွန့်ခွါ၍ တောထွက်တော်မူခြင်း။

     ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားအလောင်းတော် ကပိလ၀တ်ပြည် သုဒ္ဓေါဓနမင်းမြတ်၏သားတော်
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား

သံသရာခရီးကြမ်းဝယ် ရွေးချယ်ရမယ့်လမ်း။

       ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ

တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေက တိုင်းသူပြည်သားတွေကို ဘယ်လိုဖြောင့်အောင် လုပ်ရမလဲ?။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတွေကို
လိုက်နာကျင့်ကြံရင် အလွန်ကျေးဇူးများပါတယ်။ “ကျနစွာ သင်ပြမပေးတတ်သော ဆရာထံနေမိခြင်း
သည်  ထိုဆရာထံ၌ ဓမ္မလမ်းကြောင်း လွှဲချော်နေသဖြင့်  အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏။

Wednesday, June 27, 2018

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ



ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။….တဲ့
မိမိဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဓမ္မ ပရမတ်ပဲ။
ဓမ္မ တရားသာ လျင် အားကိုးရာ အားထားရာအစစ်ပဲ..။
တရားမှတပါး မှီခိုကိုးစားရာ၊ အားထားရာ မရှာပါနဲ့..။
မြတ်စွာဘုရားက ဆုံးမထားတယ်..။

Tuesday, June 26, 2018

နှမြောတွန့်တိုသော သူဌေးကြီး

သာဝတ္ထိပြည်ဝယ် ကုဋေလေးဆယ် ကြွယ်ဝသော အာနန္ဒာသူဌေး ရှိ၏၊ သူသည် အလွန်နှမြောတွန့်တိုပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုကို လုံးဝစိတ်မကူးပေ။ သူ၏ တဦးတည်းသောသား မူလသိရီကို ပေးကမ်းစွန့်ကြဲမှု မပြုမိရန် ၁၅-ရက် တကြိမ် သတိပေးလေ့ရှိ၏၊ သူ၏သား မသိအောင်ပင် ရွှေအိုးငါးလုံးကို ကွယ်ဝှက်မြှုပ်ထား၏၊

Monday, June 25, 2018

သာသနာငါးထောင်ဟူသည်မှာ

(မေး)
အရှင်ဘုရား၊ မေးလိုသောအကြောင်းမှာ ရှေးဟောင်းရှမ်းစာပေ၌ သာသနာငါးထောင်နှင့် ပတ်သက်သော သာသနာတောင်းပန်စာ လင်္ကာတွင်-
(၁) ဘုရားကိုယ်တိုင် ထားတော်မူသော သာသနာနှစ် ၁-ထောင်
(၂) ရဟန္တာအရှင်မြတ် တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၃) မလ္လာမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၄) သိကြားမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၅) ဘီလူးမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင် ဟု ဆိုထားပါသည်။
ယုတ္တိယုတ္တာ ရှိ-မရှိ၊ ပိဋကတော်နှင့် ညီ-မညီ ဖြေကြားပေးတော်မူပါဘုရား။
( ဘဒ္ဒန္တ နန္ဒာစရိယ-ဒက္ခိဏာရုံကျောင်း၊ နန့်ခမ်းမြို့)

Sunday, June 24, 2018

ရေစက်ချ အမျှဝေတာ ဘာကြောင့်လဲ...?

( မေး ) ( ရေစက်ချ အမျှဝေ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )

Saturday, June 23, 2018

သိထားသင့်သော ကျင့်ဝတ်အဖြာဖြာ..။

သားသမီးကျင့်ဝတ် ငါးပါး (A Child's Duties)
(၁) မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း။
Having supported me I shall support them,
(၂) မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိကပင်ဆောင်ရွက် စီမံခြင်း။
I shall do their duties,
(၃) အမျိုးအနွယ်မတိမ်ကောမပျက်စီးအောင် စောင့်စည်း ထိန်းသိမ်းခြင်း။
I shall keep the family tradition,
(၄) မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
I shall make myself worthy of my inheritance,
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
Furthermore I shall offer alms in honour of my departed relatives.

Friday, June 22, 2018

ကုသိုလ်ပူနွေးဖို့ အဓိက

အသေလှတဲ့သူ ဖြစ်ဖို့ အတွက် အရည်သွေးလေးမျိုးပြန်ပြောပါမယ်။
(၁)အစွဲကင်းရမယ်။
(၂) တစ်ကိုယ်ကောင်းမဆန်ရဘူး။
(၃) ကုသိုလ်ပူနွေးရမယ်။
(၄) အသိအမြင်မှန်ကန်ဆံရမယ်။

ဘုရားဆုပန်ရာ၌ ဆုတောင်းပြည့်ရန် လိုအပ်သောအင်္ဂါရပ်များ။

     မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တ၀ါအများအားလည်း
အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်
တောင်းတတ်ကြပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ။

    တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။

***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***

 (၁)ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
     မှန်စွာသိရမည်။ ။
 (၂)စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
     မှန်စွာသိရမည်။ ။

Thursday, June 21, 2018

ဘုရားဆုပန်ထားသူများအတွက် အမေး+အဖြေ



အမေး။ ။ အရှင်ဘုရား အကြောင်းက ဆုကြီးပန်နှင့် ပတ်သက်ပါတယ်ဘုရား။ တပည့်တော် သိလိုသည်မှာ ဆုကြီးပန်သူတို့တွင် ရှိသင့်သည့် အကြောင်းများ၊ ထို့နောက် ဆုကြီးပန်သူတို့ ၀ိပဿနာ အားထုတ်ရင်း အရိယာ ဖြစ်သွားနိုင်ပါသလားဘုရား၊။
တပည့်တော် သိလိုသည်မှာ အထက်ပါအကြောင်းအရာတို့ပင်ဖြစ်ပါတယ် ဘုရား။ အဘယ်ကြောင့်ဆိုသော် မကြာခင်က အချို့  သော ပုဂ္ဂိုလ် တို့မှာ ဆုကြီးပန်ဖြစ်၍သေသေချာချာ အားမထုတ် တော့ကြောင်း၊သောတာပန်ဖြစ်သွားမည်ကိုစိုးရိမ်ဟန် စသဖြင့် ရေးထားပါတယ်ဘုရား။ပြီးနောက်အခြားတစ်ဖက်က ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင်လျှင် အလောင်းတော် ဘ၀မှာပင်လျှင် ကြိုးစားအားထုတ်ခဲ့ဖူးကြောင်းစသည်ဖြင့်ရေးသားထားပါတယ်ဘုရား။

လူတွေအဖို့ နတ်ပြည်သို့သွားရန်လမ်းကြောင်းကြီး။

       ဓမ္မမိတ်ဆွေအပေါင်းတို့ ပွင့်လျက်ရှိသော နတ်ပြည်လမ်းကြောင်းကြီးပေါ်သို့
လူတိုင်းသွားရောက်နိုင်ပါတယ်။ ဘယ်လိုလုပ်ပြီး သွားရောက်နိုင်သလဲဆိုရင် ရှင်းရှင်း
လေးပါ။
(၁) ပါဏော န ဟန္တဗ္ဗော -

ကိုယ်ဖြည့်နေလည်း အလကားပါပဲ။

  မြစ်နဲ့တူတဲ့ တဏှာဟာလည်း
  လိုချင်စရာ အာရုံတွေအပေါ်
  ဘယ်တော့မှ အလိုမပြည့်ပါဘူး၊
  လိုပြီးရင်း လိုချင်ရင်း
  ရပြီးရင်း ရချင်ရင်းပါပဲ။

“ သုစိပုဘာ ဆုံးမစာ ”

သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊  ဤရှစ်လုံးကို
သီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့
စာသင်ပျိုနု၊  အခြေပြုတို့
ဥဇုဘူတ၊  လုံ့လပြင်းစွာ

Wednesday, June 20, 2018

အမျိုးသမီးတို့လွဲနေသော ဆံပင်အလှူ

အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆွပင်အတိုင်း မလှူကောင်း ရောင်၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
( အေးငြိမ်းမိုး-ပန်းတောင်းမြို့ )

Tuesday, June 19, 2018

မေ တ္တာ စုန် ရေ နှင့် ကု သိုလ် ဆန် ရေ

မိဘ နှင့် သားသမီး ကြားမှာ ပြောစမှတ် စကား ရှိပါတယ် ။
" စုန်ရေသာ ရှိတယ် ၊ ဆန်ရေ မရှိဘူး " ဆိုတာပါပဲ ။
ရေဆိုတာ မြင့်ရာကသာ နိမ့်ရာကို စီးဆင်းမြဲ သဘာဝရှိပါတယ် ။ အမြင့်ကို ဆန်တက်ရိုး မရှိပါဘူး ။
မိဘမေတ္တာကို စုန်ရေလို့သတ်မှတ်တာဟာ နက်ရှိုင်းမှု အတိုင်းအဆရဲ့အဓိပ္ပာယ် စံပြုညွှန်းဖွဲ့ထားတာဖြစ်လို့ ပြောစရာမရှိပါဘူး ။
ဒါပေမယ့် သားသမီးတွေ အားလုံးကို ဆန်ရေလို့ သတ်မှတ်တာကိုတော့ စဉ်းစားဖို့လိုပါတယ် ။

Monday, June 18, 2018

လူယဉ်ကျေးတို့အတွက် လောကပေးတာဝန်

လူယဉ်ကျေးတို့အတွက် လောကပေးတာဝန်
လူသည် Idol ဟုခေါ်ခေါ်၊ 'Role-model' ဟုဆိုဆို ကျင်လည်ရာ ဝန်းကျင်မှ အတုယူ လောက်သည့် ပုဂ္ဂိုလ်များ၏ ကံသုံးပါး အမူ အရာတို့ကို အမြင်ဖြင့် ဖြစ်စေ၊ အကြားဖြင့် ဖြစ်စေ အတုလိုက် မြဲဖြစ်သည်။
ထိုသို့ ကောင်းတု လိုက်ခြင်းသည်ပင် လူ့ယဉ်ကျေးမှု မြင့်မား တိုးဖွံ့ခြင်း၏ အခြေခံ အကြောင်းရင်းဟု ယူဆမိပေသည်၊ မိမိစံပြုသော ပုဂ္ဂိုလ်တို့၏ အမူ အကျင့်တို့ကို နည်းယူ ပြုကျင့်ခြင်းဖြင့် ထိုသူများကဲ့သို့ အသိအမှတ် ပြုခံနေရာသို့ ရောက်လို ကြမည်မှာ ဓမ္မတာပင်။

ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။

 ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။
 ၃။ ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ပေးသူကို ချေးငှားရာ၏။

မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသော အထင်ကြီးစရာများ။

   လူဆိုတဲ့ သဘာဝဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေကြပါတယ်။ ဒါပေမယ့် ကာမ
ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်။ ဘာကြောင့်လဲ
ဆိုရင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာတွေ ဖြစ်ပါတယ်။ တပ်

ကုသိုလ်ဖြစ်အောင် သတိဆောင်။

    လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က  အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့   ထင်တာ။  လောကလူတွေကို သတိထားပြီး ကြည့်လေ၊  စီးပွါးဥစ္စာ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး

Sunday, June 17, 2018

မသေမချင်း မှတ်ထားစေချင်တယ်

ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။
အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က ....

Saturday, June 16, 2018

မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
ဤမျှ များပြားသော စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖူးတွေ့ရခြင်းမှာ သမ္ဗုဒ္ဓေစေတီတော်ကြီး၌သာ ရှိပါသည်။

သစ္စာမသိသူ။

       မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း ၀ိပဿနာတရားအားထုတ်ထုတ်၊ ဒါနသီလပဲ
လုပ်လုပ်၊ သစ္စာသိပြီးမှလုပ်ပါဆိုတာ ခဏခဏ ပြောခဲ့ပါတယ်။ ကျေးဇူးရှင် အောင်ဆန်း
မိုးကုတ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တသာရ ( အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ၏

ဘ၀တစ်ခု၏ အနှစ်သာရ။

   ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ

”ဆင်းရဲငြိမ်းရေး ချမ်းသာရေး”

  ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
    သူလဲ  အားကိုးရှာလေသည်။ ။
   ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
   ငါလဲ  အားကိုးရှာပေသည်။ ။

Friday, June 15, 2018

ပညာရှိဆိုသူတို့ ကျင့်ဖွယ်ရာ

အနာဂတံ ဘယံ ဒိသွာ၊ ဒူရတော ပရိဝဇ္ဇယေ။
အာဂတဉ္စ ဘယံ ဒိသွာ၊ အဘီတော ဟောတိ ပဏ္ဍိတော။
အထက်ဖော်ပြပါ ဂါထာကို လောကနီတိ၌၄င်း၊ ပိတောပဒေသ၌၄င်း တွေ့ရပေသည်။ ယင်းဂါထာ၏ အဓိပ္ပါယ်မှာ---
“ပညာရှိ ဆိုသူသည် မရောက်လာသေးသော ဘေးကို ဉာဏ်ဖြင့်ဆင်ခြင် သိမြင်၍ အဝေးကလွတ်အောင် ရှောင်ကြဉ်ရာ၏၊ ရောက်ပြီး, ရောက်ဆဲဖြစ်သော ဘေးကိုလည်း မြင်ရကြုံရပါက မကြောက်မရွံ့စိတ် ထားရမည်။”

Thursday, June 14, 2018

ပုထုဇဉ်သံဃာမှာ- ဘာများ ကြည်ညိုစရာ ရှိလဲ ?

မိလိန္ဒမင်းက ပုထုဇဉ်ရဟန်းတော်များ
အပေါ် အမြင်မကြည်လင်တဲ့အတွက်
“ကြည်ညိုစရာ တကွက်မှရှာမရ"ဖြစ်နေလို့-
အရှင်နာဂသေနမထေရ်က ရှာပြတဲ့-
ကြည်ညိုစရာများ...

ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ကိုယ်စီ။

      ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ထားတဲ့ အမိရွှေမြန်မာနိုင်ငံဟာ ထေရ
ဝါဒ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကမ္ဘာတွင် ၀င့်ဝင့်ထယ်ထယ် တည်ရှိနေပါတယ်။ လူမျိုးမရွေး၊ ဘာသာမ
ရွေး ကိုးကွယ်ယုံကြည်ခွင့် ပေးထားပြီး အလွန်စိတ်ထားမြင့်မြတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။

     ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ

ထာဝရချမ်းသာအောင် နေနည်း။

   လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး

Tuesday, June 12, 2018

`မေတ္တာလေ့ကျင်ခန်း

ဆိုတဲ့ဆောင်းပါးလေး ဓမ္မရံသီ
မဂ္ဂဇင်းမှာရေးဖူးတယ်။ စာဖတ်သူ
တွေအကျိုးတစုံတရာ ရမယ်လို့
ယုံကြည်လို့ အခု အကျဉ်းပြန်ရေး
ပြမယ်။
ဘယ်အရာမဆို စမိရင်စွဲတတ်
တယ်။ မကောင်းတဲ့အရာဆို ပို
တောင်စွဲလွယ်သေးတယ်။
ကောင်းမှု့ကြတော့ အကြိမ်ကြိမ်
လေ့ကျင့်ယူရတယ်။ လေ့ကျင့်တဲ့
နေရာမှာ အသေးဖွဲဆိုပြီးဂရုမစိုက်
ပဲမနေမိဖို့ပဲလိုတယ်။

ကြိုးစားကြပါစို့။

 * လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့
  * များစွာကျိုးရ၊ ချမ်းသာလှသည့်
  * ဗုဒ္ဓမြတ်စွာ၊ သာသနာသည်

မြတ်ဗုဒ္ဓ၏ နောက်ဆုံးမိန့်မှာစကားဖြင့် နိဗ္မာန်ဆီသို့ ဦးတည်ခြင်း။

    သံသရာထဲမှာ ကျင်လည်ရတဲ့အခါ ဒုက္ခဆင်းရဲတွေ နည်းနိုင်သမျှနည်းပြီး ချမ်းသာ
သုခ များစွာနဲ့  သံသရာထဲမှာ ကျင်လည်ရပြီး နောက်ဆုံးမှာ ချမ်းသာသုခတို့ ရဲ့  အ
ထွဋ်အထိတ် ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာထိအောင် မြတ်စွာဘုရားက လမ်းညွှန်ပေး

(မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ)

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်