
အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။