Friday, December 15, 2017
ရေစက်ဘာကြောင့်ချရတယ်...?
ကုသိုလ်ကောင်းမှုတွေပြုပြီးတိုင်း  အထူးသဖြင့်  အလှူဒါနပြုပြီးတိုင်း  ​ရေစက်ချ အမျှဝေ လေ့ ရှိတာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတစ်ခုပါ ။ မိမိတို့ရဲ့ ကုသိုလ်ကောင်းမှုများကို ဝသနြေ္ဒမြေ စောင့်နတ်ကိုသက်သေ
ပြုရတဲ့အနေနဲ့ ရေစက်ချတယ် ဆိုတာတော့အများ သိပြီးဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး ရေစက်ချ
အဓိပ္ပာယ်ကို ဖွင့်ဆိုပုံက တော့...
Thursday, December 14, 2017
အဖန်ငါးရာ ငါးကမ္ဘာပြဿနာ.
"ဟောသည်မှာ အ မေးလွှာတစ်စောင် ရောက်လာပြန်ပြီ ဘုရား"
"ဘယ်က  အ မေးလွှာတုန်းကွဲ့"
"ဝေါမြို့ အရှင် ပညာဓိကသီရိ ထံ ကပါဘုရား"
"သူ့အ မေးလွှာကို ဖတ်စမ်းပါဦး"
တည်တောဆရာတော် ၊ ထီးချိုင့်မြို့။
ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။
       ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
“အမြင်ကတော့ ဟုတ်သလိုလို”။
       မြတ်စွာဘုရားလက်ထက်တော်က သိပ်ချောသိပ်လှတဲ့ ခေမာမိဖုရားကြီးက သူရဲ့
အလှပေါ်မာန်တက်ပြီး၊ ဘုရားနားလည်း မကပ်၊ တရားလဲ မနာချင်၊ သံဃာတော်တွေကိုလည်း
မဖူးမျှော်ချင်ပါ။ အဲဒီ မိဖုရားကြီးကို မြတ်စွာဘုရားက.. “ခေမာမိဖုရား သင်က လှတယ်ပတယ်
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။
      မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
Wednesday, December 13, 2017
လင်မယား စွဲလမ်းမှု့တဏှာ နှင့် ပတ်သတ်၍ သံဝေဂလင်္ကာ
သူတစ်ပါး သမီး ထိုသူစိမ်းကြီးကို 
အိမ်ပေါ်တင်လျှက် 
ရှာဖွေကျွေးရသော ဒုက္ခ 
သူတစ်ပါး သမီး ထိုသူစိမ်းကြီး 
မွေးသမျှ ကလေး 
လိုသမျှ ရှာဖွေပေးရသော ဒုက္ခ 
Tuesday, December 12, 2017
သေခြင်းတရား
 “ကိုယ့်ဘဝကို တန်ဖိုးရှိရှိ နေတဲ့လူဟာ သေရမှာကို မကြောက်ဘူး။” 🍀
🐞🐞🐞
မွေးလာရင်သေမှာဘဲ။ မသေခင်မှာ အကောင်းဆုံး နေသွားမယ်။ စိတ်အချမ်းသာဆုံး နေမယ်။ အဲဒီလိုနေနိုင်အောင် ကောင်းတာတွေ လုပ်မယ်။ လုပ်သင့်တာတွေ လုပ်မယ်။မလုပ်သင့်တာတွေ မလုပ်ဘူး။စိတ်ထားကောင်းတဲ့သူ၊ အသိညဏ်ရှိတဲ့သူ၊အမျိုးမျိုး တတ်ကျွှမ်းနားလည်တဲ့သူဖြစ်အောင် ကြိုးစားမယ်။ သေမှာကိုကြောက်ပြီးတော့ ဘာမှ မလုပ်ချင်မကိုင်ဖြစ်ပြီး စိတ်ဓါတ်ကျနေလို့ ဘာမှမထူးဘူး။ သေတဲ့အခါမှာ၊ သေခါနီးမှာ တည်တည်ငြိမ်ငြိမ်သေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့်ကျက်အောင် လေ့ကျင့်ထားမယ်။ကြောက်ပြီး၊ အားငယ်ပြီးသေရတာ dignity မရှိဘူး။ dignity ရှိရှိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ သေချင်တယ်။
တစ်ကမ္ဘာလုံး မတ္တရာဆရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင်။
  မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
အမြဲတမ်း မှန်နေသော သဘာဝအရှိတရား။
    ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၇)။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၆) ”
====================
၅၆။ သို့ပင်တစေ၊ မနေရသာ၊
ကျောင်းကခွာသော်၊ နောင်ခါနောင်တ၊ ရှိတယ်စွ။
၅၇။ အတတ်ပညာ၊ တတ်မှသာလျှင်၊
Monday, December 11, 2017
"ဓမ္မ" နှင့် "ဘာသာရေး" ( Dhamma & Religion )
 သီတဂူဆရာတော် ဘုရားကြီး၏ ဟောကြားချက်
* ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့ အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ --- "ဓမ္မ"ဆို တာလူ့ အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့် ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ် ------
၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to be good person ]
၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right person]
၃။ ( စိတ်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို့ ၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့် လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to be noble person ]
Sunday, December 10, 2017
'ထေရဝါဒမှတ်စု'
'ဘယ်ဘုရားကမှမပေးဘူး' 
သာသနာတော်နှင့်ကြုံခိုက်ရိပ်သာဝင်ပြီး တရားအားထုတ်ကြတယ်။ဘုရားရှင်ကမှနိဗ္ဗာန်ကိုပေးနိုင်လျှင် ဘာမျှတရားအားထုတ်ဖို့ မလိုဘူး။ ဘုရားရှင်ထံတော်ကနိဗ္ဗာန်ကိုတောင်းယူရုံပဲပေါ့။သည်ဥပမာအတိုင်းပါပဲ လောကမှာ ဥစ္စာစီးပွားတိုးတက်အောင်လည်းကိုယ်အားထုတ်မှရတယ်။ဘယ်ဘုရားကမှမပေးဘူး။နတ်ဗြဟ္မာဖြစ်အောင်လည်း ကိုကအားထုတ်မှဖြစ်တာပဲ။ဘယ်ဘုရားကမျှနတ်ဖြစ်အောင် လုပ်မပေးဘူး။တည်ဆရာတော်ကြီး (ဓမ္မဗျူဟာ ၉၉၊ သြဂုတ်)
သူတော်ကောင်း ဥစ္စာ (၇) ဖြာ။
သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။
ဓမ္မနဲ့ ပတ်သက်ပြီး “၀ိဝါဒ” မဖြစ်ပွားရလေအောင်။
     တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့တရား သူကိုယ်တိုင်  ဘယ်ဆရာတော်
ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဒီစာထဲမှာ ပါ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့
ပြောဆိုကြတဲ့အခါ ကျန်တစ်ဘက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြပါတယ်၊ ငြင်းကြတဲ့အခါမှာ
“ဘယ်သူ့ကို အချစ်ဆုံးလဲ”။
       ဒီမေးခွန်းကို ဘုရားရှင်လက်ထက်မှာ ကောသလမင်းကြီးက မလိကာမိဖုရားကြီးကို
မေးဖူးပါတယ်။ မင်းကြီးကတော့ မိဖုရားကြီးကို ချစ်လဲချစ်တယ်၊ လိုလေသေးမရှိ အခြွေအရံ
အပြည့်အစုံနဲ့ထားကာ အလိုလိုက်ထားတော့.. သူ့ကို အချစ်ဆုံးလို့ ပြောမယ်ထင်ပါတယ်။ ဒါ
Saturday, December 9, 2017
ဘုရားရှင်၏ ဓမ္မအမွေ
တစ်ခါတုန်းက မြတ်စွာ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းမှာ
သီတင်းသုံး နေပါတယ်။ ညနေချမ်း ရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ
သရက်ဥယျာဉ်သို့ ကြွတော်မူ ပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရား အတွက်
နေရာခင်းခြင်း၊ ခြေဆေးပေး ခြင်းများ ပြုပါတယ်။ မြတ်စွာ ဘုရားရှင်က
ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ
ပေးတော်မူပါတယ်။ 
Friday, December 8, 2017
'ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း'
၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။
၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။
၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သောဒေါမနဿဒေါသမဖြစ်ပါနှင့် ။
၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ
ရုပ်ပွားဆင်းတုကိုးကွယ်နည်း။
     ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =
         အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။
     ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက်ဆုံးပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါ
တယ်။ နိဗ္ဗာန်ကိုရရောက်နိုင်ရန်အတွက် တရားကျင့်ကြံအားထုတ်ကြရပါတယ်။ တရားအားထုတ်
ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်
မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ ဆဲဆူဆုံးမတာဟာ ဖရုသ၀ါစာကျူးလွန်ပါသလား?
      ဖရုသ၀ါစာ ဆိုတာ ဒုစရိုက်(၁၀)ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဒုစရိုက်(၁၀)
ပါးကို ကျူးလွန်တဲ့သူဟာ အပါယ်ကျပါတယ်။ မိဘတွေက သားသမီးကို၊ ဆရာက တပည့်ကို
ဆဲဆူဆုံးမတဲ့အခါ ဖရုသ၀ါစာဖြစ်ရင် မိဘဆရာတွေ အကုန်လုံး အပါယ်ကျကုန်မှာပေါ့။
Thursday, December 7, 2017
ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ
အမေး။ ။ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာ ဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
Wednesday, December 6, 2017
ပရိတ်အစွမ်းထက်ခြင်း
အမေး။ ။ဆရာတော်ဘုရား……. တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။
ရှင်သန့်
ရေနီ
အဖြေ။ ။ပရိတ်အစွမ်းထက်ဖို့အတွက် အခေါက်ရေများများ ရွတ်ဖတ်တာ အဓိကမဟုတ်ပါဘူး။ ပရိတ်ရွတ်ဖတ် သူနဲ့ နာယူသူတို့ရဲ့အင်္ဂါပြည့်စုံရင် အစွမ်းထက်ပါတယ်။
ပရိတ်ရွတ်ဖတ်သူက…
ပုဒ်ပါဌ်အက္ခရာကို မှန်မှန်ကန်ကန် ရွတ်တတ်ရမယ်။
ဝိသုဒ္ဓိ (၇) ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလ
                     စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရ ဈာန်စိတ်၏ စင်ကြယ်ခြင်း။
ဓမ္မအသိဖြင့် ဘ၀မှာအကျိုးရှိရှိနေကြမည်။
   ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။
ကံဟူသည်။
        ကံဟူသည် အတိတ်ကာလ၊ ပစ္စုပ္ပာန်ကာလတို့၌ ပြုခဲ့၊ ပြုဆဲဖြစ်သော ကာယကံမှု၊
ဝစီကံမှု၊ မနောကံမှုတို့ ဖြစ်ပါ၏။ “စေတနာကံကို ကံဟု ငါဘုရားဟော၏” စေတနာဖြင့် စေ့
ဆော်၍ ကိုယ် နှုတ် စိတ်တို့ဖြင့် အမှုကိစ္စတို့ကိုဆောင်ရွက်၏။(ဆက္ကအင်္ဂုထ္တုရ်နိဗ္ဗေဓိကသုတ်)
Tuesday, December 5, 2017
ဆင်းရဲခြင်း၏ အတိတ်အကြောင်း(၃)ပါး
ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။
ယင်းတို့မှာ . . . 
(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်
လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။
(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့် 
ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။
Monday, December 4, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ နိဂုံး
Misconception #10 လွဲမှားသောနားလည်မူ (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်း ထိုင်၍စဉ်းစားတွေးခေါ်နေခြင်းဖြစ်သည်။
တရားဘောကို လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်း နည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာမဟုတ်ပါ။
ဝိပဿနာသည် သတိတရားမြဲအောင်လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်းသိအောင်လုပ်ခြင်းဖြစ်သည်။
ဝိပဿနာဘာဝနာ ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မူ၊မနှစ်သက်မနှင့်အတွေးပုံရိပ်တို့မပါဝင်သော
ကိုယ်တွေ့ တိုက်ရိုက်ရူပွားမူဖြစ်သည်။ ဘဝ၏ ခဏတိုင်း၊ ခဏတိုင်းကို အရှိအတိုင်းဟုတ်တိုင်းမှန်စွာ(ယထာဘူတကျ)စွာ တွေမြင်အောင်အားထုတ်ခြင်းဖြစ်သည်။
ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။
    သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
ရဟန်းဝတ်ပြီး အပါယ်မကျရေး။
  သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
"ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။
****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
      အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။
Sunday, December 3, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၉)
Misconception #9 လွဲမှားသောနားလည်မူ (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တကိုယ်ကောင်းဆန်၊အတ္တကြီးခြင်းဖြစ်သည်။
တရားအားထုတ်သည့်ယောဂီများကို တကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ်တတ်ကြသည်။ ကူရှင်ပေါ်၌ငြိမ်သက်စွာထိုင်ပြီးတရားအားထုတ်နေသည့်ယောဂီများသည်
သွေးလှူရန်ဆေးရုံသို့သွားနေသူများလည်းမဟုတ်ပါ၊သဘာဝဘေးအန္တရယ်ဒုက္ခသည်များကိုအကူအညီပေးရန် အလုပ်ရှုပ်နေသူများလည်းမဟုတ်ကြပါ။ ဘာကြောင့်တရားအားထုတ်နေသနည်း?
Saturday, December 2, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၈)
Misconception #8 လွဲမှားသောအယူအဆ (၈)
Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်များရန်အတွက်ကောင်းဆုံးလမ်း
တစ်ခါတစ်ရံ တရားအားထုတ်ခြင်း နှစ်သက်ဖွယ်ကောင်းသောပီတီသုခပြည့်ဝသောချမ်းသာသည့်ခံစားမူများရရှိနိုင်ပါသည်။ ထိုခံစားမူများသည်
ဗုဒ္ဓဟောကြားတော်မူသော မနက်ဖြန်ကမ္ဘာ။
     ယနေ့ လူသားတွေရဲ့ အသက်ဟာ ရှစ်ဆယ်တန်းလို့ ဆိုပါစို့။ အသက်ရှစ်ဆယ်တန်းက
နေ လူတွေရဲ့ မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက လူတွေသိရှိ
အောင် “စက္က၀တ္တိသုတ္တန်” မှာ ဟောကြားထားပါတယ်။ လူတွေရဲ့အသက်ဟာ အခုသက်တမ်း
ကနေ ဆက်ပြီးကျသွားဦးမှာဖြစ်ပါတယ်။ ဘာကြောင့်သက်တမ်းတိုပြီး ကျဆင်းလာရတာလဲ
ဆုတောင်းခြင်း။
       မိမိကိုယ်တိုင် ဆုတောင်းဖူးပါမည်။ အားလုံးပြီးပြည့်စုံပါသလား?။ ဒါဆိုရင် ဆုတောင်း
တာအပိုပဲလား ?၊ အပိုဘဲဆိုရင်လဲ အစွန်းတဖက် ရောက်ပါတယ်။ ဆုဆိုတာကို တန်ခိုးရှင်၊
ဖန်တီးရှင် တစ်ဦးဦးက ပေးနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့မလိုဘဲ ပြည့်တယ် ဆို
ရင်လဲ အစွန်းတဖက် ရောက်ပါတယ်။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၅) ။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၄) ”
====================
၃၈။ ဆရာနေခင်း၊ အင်းပျဉ်ညောင်စောင်း၊
လဲလျောင်းဘုံလျှို၊ ထိုထိုထက်မှာ၊
မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။
Friday, December 1, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၇)
Misconception #7 လွဲမှားသောအယူအဆ (၇)
Meditation is running away from reality
တရားအားထုတ်ခြင်းအမှန်တရားများမှထွက်ပြေးခြင်း
တရားအားထုတ်ခြင်းသည်အမှန်တရားနှင့်ရင်ဆိုင်ခြင်းဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့်လည်းဘဝ၏နာကြည်းဖွယ်ရာများမှမလွတ်မြောက်သွားပါ။
Thursday, November 30, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၆)
Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကို သာမာန်လူတို့ထက်စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည်
ရိုသေမြတ်နိုးဖွယ်ရာဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့် ရဟန်းတော်များသာ ကမ္မဌာန်းတရားနှင့်ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့်လက်ခံယူဆထားကြသည်။
သူတော်ကောင်းတို့ သာဓုခေါ်သောရဟန်း။
       "အရှင်ဘုရား.... ဟို ဘုန်းကြီးက ဘယ်လိုဘုန်းကြီးလဲ မသိဘူး" ..
တစ်နေ့ ကျောင်းတိုက်အပေါ် ကျေးဇူးများသော ဒကာမကြီးတစ်ယောက် လာရောက်
လျှောက်ထားခြင်းဖြစ်၏။
အမှားလုပ်မိခဲ့တဲ့ သာမာဝတီမိဖုရား၏ သံသရာခရီး။
       ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ တစ်နေ့
သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံငါးရာနှင့် အတူတ
ကွ မီးလောင်သေဆုံးသွားပါတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် အသေဆိုးနဲ့ သေသွားတယ်လို့
လိုချင်တာကို ရှေ့တန်းတင်ပြီး အဓိဌာန်ဝင်နေကြသူများ။
   ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
Wednesday, November 29, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၅)
Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။
အရာရာတိုင်း၌ အန္တရာယ်ရှိသည်။လမ်းဖြစ်ကူးနေစဉ်ဘတ်စ်ကားဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ်အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏အတိတ်မှမှတ်ဥာဏ်များအားလုံးမေ့ပျောက်သွားနိုင်သည်။
ကြိုးစားပြီးမေ့ဖြစ်ထားသောကြောက်စရာကောင်းသည့်အတိတ်ကအဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။
Tuesday, November 28, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၄)
Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း
တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness)ဖြစ်သည်။
မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ ကောင်းကင်၌ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ
လွတ်မြောက်ရန်ဖြစ်သည်။အဘိဥာဏ်စွမ်းအားနှင့်တရားအားထုတ်ခြင်းတို့မှာအပြန်အလှန်ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။
သာသနာတော်ကို မည်သို့ချစ်ကြလေသနည်း။
       သာသနာတော်၏ အသက်သည် ၀ိနည်းဟု သိကြ၏။ သို့သော် ၀ိနည်းကို လျစ်လျူရှုနေကြသည်မှာ
အံ့သြစရာ ဖြစ်နေ၏။ "သာသနာကို တပည့်တော်တို့လည်း ချစ်ပါတယ်ဘုရား" ဟု အချို့ကဆို၏။ မည်သို့
ချစ်ကြလေသည်မသိ၊ သာသနာတော်ကို အမှန်တကယ် ချစ်သည်ဆိုပါက သာသနာတော်၏ အသက်သည်
ဘုရားလောင်းလျာကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။
    သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ
ကံ၏အကျိုးပေးပုံကို တိတိကျကျ တိုင်းတာခြင်း။
   ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊  အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည်  
Monday, November 27, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၃)
Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း
တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)
နှင့်သက်ဆိုင်ပြီး၊သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သောအချက်အလက်များကိုစကားလုံးများဖြင့်ဖော်ပြပြောဆိုရန်ခက်ခဲသည်ဆိုသော်လည်း
Sunday, November 26, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၂)
Misconception #2 လွဲမှားသောအယူအဆ(၂)
Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း
အသိတရားမှကင်းလွတ်၊မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။ ဝိပဿနာဘာဝနာသည်
အသိတရားကင်းလွတ်၊မေ့မျောနစ်မောသွားအောင် လေ့ကျင့်ခြင်းမဟုတ်ပါ။ ဝိပဿနာဘာဝနာသည် မိမိကိုယ်ကိုအိပ်မွေ့ ချခြင့်၊စိတ်ညို့ခြင်း (hypnosis)
လည်းမဟုတ်ပါ။ မိမိစိတ်ကို အသိတရားကင်းလွတ်သွားအောင်(Black out) အားထုတ်ခြင်းလည်းမဟုတ်ပါ။
တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။
       တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။
၂။ ဖာရုသက = အသူရာတို့ကို ထိုးခုတ်သတ်ဖြတ်အံ့ဟု ကြမ်းကြုပ်သောစကားကို ဆိုရာဥယျာဉ်၊
ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရမှာလဲ။
      သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။
ဘုရားအနေကဇာတင်ခြင်း။
   ဆင်းတုတော်၊ ရုပ်ပွားတော်များကို ဆရာတော်များပင့်၍ အနေကဇာတင်ပြီးမှ
ဘုရားဖြစ်ပြီး ကိုးကွယ်ရမည်ဟု ဗုဒ္ဓဘာသာအများစုက ယူဆနေကြပါသည်။ မိမိမတတ်
နိုင်လျှင် ဘုရားအနေကဇာတင်သည့်အိမ်၌ မိမိအိမ်မှဘုရားအား ပင့်ဆောင်ပြီး ရောနှော
အနေကဇာတင်ကြတတ်ပါသည်။
Saturday, November 25, 2017
တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၁)
Misconception #1လွဲမှားသောအယူအဆ(၁)
Meditation is just a relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။ စိတ်ရောကိုယ်ပါအနားရပြီး အပန်းပြေခြင်းသည်
တရားအားထုတ်ခြင်း၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဝိပဿနာဘာဝနာ(Vipassana-style meditation)သည်ထိုမျှမက
လေးနက်သောပန်းတိုင်ကိုရည်ညွန်းသော်ငြားလည်း အားထုတ်သူယောဂီများစုက အပန်းဖြေအနားယူခြင်းနည်းလမ်းတစ်ခုမျှသာယူဆလေ့ကျင့်ကြသည်။
Friday, November 24, 2017
ဘ၀ထဲက ဘာဝနာ
စာမြည်း။ ။ တရားအားထုတ်တယ်ဆိုတာ လူသိဖို့ မလိုပါဘူး။
လူသိအောင်လည်း ကြော်ငြာစရာ မလိုပါဘူး။ ရှေး ထေစဉ် ၀ါ
ဆက်လည်း ငါမှာ တရားဘယ်အဆင့်ရောက်နေပြီလို့ မပြောခဲ့
ဘူး။ ပြောခွင့်လည်း မရှိဘူး။ တခါတလေမှာ ရဟန်းတော်တွေ
အတွက် အလိုဆိုးနဲ့ မဟုတ်မမှန်တာ ပြောမိရင် ဥတ္တရိမနုဿ
ဓမ္မသိက္ခာပုဒ်နဲ့ သွားညှိတတ်ပါတယ်။ ဆင်ခြင်နိုင်ကြပါစေ။
ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။
    ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
အရှင်ဆေကိန္ဒ၏ ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးတရားတော် ။
     ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ရှင်သာမဏေစစ်စစ်။
   ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 
ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်းစားသူ အလွန်နည်းကြသည်။ ဆံချ၊ သင်္ကန်းဝတ်၊ သရဏဂုံ
Thursday, November 23, 2017
လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး
တချို့တချို့သော ပုဂ္ဂိုလ်တွေက လာဘ်လာဘကို သိပ်ပြီး လိုချင်ကြတယ်။
လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်ကိုကုန်ခန်း
သွားချင်တယ်ဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ? အနိစ္စသညာကို ခပ်များများ
ပွားပေးရတယ်။ ဘာအနိစ္စလဲလို့ မေးတော့? ခန္ဓာငါးပါး။ ဘယ်ခန္ဓာငါးပါးလဲ?
မိမိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။
Wednesday, November 22, 2017
တောက်ခေါက်သံ { ၁၀ } ချက်
{ ၁ } ငယ်စဉ်ကလျှင် ပညာ သင်
မသင်နောင်တ တောက်ခေါက်ရ ။
{ ၂ } စီးပွားဥစ္စာ ရှာချိန်မှာ
မရှာနောင်တ. တောက်ခေါက်ရ ။
{ ၃ } နှစ်ဦးချစ်ခြင်း. ဖြိုဖျက်ခွင်း
မယွင်းနောင်တ. တောက်ခေါက်ရ ။
{ ၄ } သတ်ပုတ်ညှင်းဆဲ. ထိုသူလဲ
မလွဲနောင်တ. တောက်ခေါက်ရ ။
ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။
    ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်
သာသနာပြုခြင်း။
      * သာသနာဆိုသည်မှာ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမကို ခေါ်ပါသည်။
သာသနာ (၃) ရပ်ရှိပါသည်။
၁။ ပရိယတ္တိသာသနာ  = ပိဋကတ် စာပေသင်ကြားခြင်း။
၂။ ပဋိပတ္တိသာသနာ   = တရားတော်နှင့်အညီ ကျင့်ကြံခြင်း
ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၅)။
   “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
Tuesday, November 21, 2017
ခေမာမိဖုရားအတွက်
ခေမာမိဖုရားသို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားဒေသနာတော်..
*****^^^^^^******^^^^^^^*********
က.. ချစ်သမီးခေမာ..
           ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင်  ညှီလှောင်သော  အနံ့ရှိသော ....
အထက်.. အောက် .. တစက်စက်ယိုတတ်သော    လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။
ခ..    မတင့်တယ်   စက်ဆုပ်ဖွယ်ဟု စိတ်ဝ်ါထင်ခြင်းမှာ  တစ်ခုတည်းသော  အာရုံရှိသော  ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို  ပွားစေလော့..။
ကာယကောဋ္ဌာသ ၌ ဖြစ်သော အောက်မေ့ခြင်း သတိသည်  သင့်အား  ဖြစ်စေလော့..။ ငြီးငွေ့ခြင်းများသည်  ဖြစ်စေလော့..။
Monday, November 20, 2017
'မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ'
မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များကဆုန်လပြည့်နေ့(၁)မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။(၂)မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။(၃)မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။
မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။
       မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ
သံသရာခရီးကြမ်းဝယ် ရွေးချယ်ရမယ့်လမ်း။
      ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ဗုဒ္ဓသာသနာနှင့် " ရဟန်းအမျိုးမျိုး ” ။
   လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော  သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
Sunday, November 19, 2017
'သတိပြုရန် ဥပါဒါန်'
ရဟန္တာတစ်ပါးအမေး အရှင်သာရိပုတ္တရာ ဖြေဆိုထားသော ဝိဇ္ဇာ(ပညာ)နှင့် စရဏ(သီလ၊သမာဓိ)
နှင့်ပက်သက်လို့မေးထားသည်ကို ဖြေကြားထားပုံမှာ
မေး- ဝိဇ္ဇာဆိုတဲ့ပညာတစ်ခုထဲနှင့် ဒုက္ခချုပ်သိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလား
ဘုရား?
ဖြေ- ငါ့အရှင် ဝိဇ္ဇာဆိုတဲ့ပညာတခုထဲနှင့် ဒုက္ခချုပ်သိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါငါ့အရှင်။
မေး- ဒါဆိုအရှင်ဘုရား စရဏဆိုတဲ့အကျင့်တစ်ခုထဲနှင့်ရောဒုက္ခချုပ်သိမ်းရာ မြတ်နိဗ္ဗာန်
ကို မျက်မှောက်ပြုနိုင်ပါလားဘုရား?
Saturday, November 18, 2017
ရဟန်းတော်များ အင်တာနက်သုံးတာ ရ-မရ
အမေး။ ။အရှင်ဘုရား…ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆို ရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်ဘုရား။
သဇင်ကျော်
ရှရှား
အဖြေ။ ။လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်းမရှိသေးပါဘူး။
အကောင်းဆုံး လက်ဆောင်။
        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
    အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး