Saturday, April 4, 2015

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၅



စာရေးသူ တို့မှာတော့ ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းကို နားထောင်နေရသလို ယုံရ ခက်ခက် မယုံရခက်ခက် အခြေအနေပေါ့၊ သို့ပေမယ့်လဲ ကာယကံရှင်က ပြောနေတာ ဆိုတော့လဲ မယုံလို့ မရ ဖြစ်နေမိတယ်၊
ကဲ - ထားပါတော့လေ - ဒါဆိုရင် မဝေတို့က ဒီဘ၀မှာ နှစ်ယောက်လုံး သိုက်ကြိုးမဖြတ်ကြတော့ဘူးပေါ့၊ ဟုတ်လား - ဆိုတော့ -
တင်ပါ အခုမှ တော့ မလွယ်တော့ဘူးလေ ဘုရား တဲ့ ၊

ငရဲဘုံဆိုတာ။

ငရဲဘုံဆိုတာ မျက်စိက မြင်ရတာ၊ နားက ကြားရတာ၊
နှာခေါင်းက နမ်းရှူရတာ၊ လျှာက လျှက်ရတာ၊
ခန္ဓာကိုယ်က ထိတွေ့ရတာ၊ ဘယ်အရာမှ ကျေနပ်စရာ၊

တရားအားထုတ်ခါနီး ပရိကံပြုရန်။

         အဟံဘန္တေ သံသရ၀ဋ္ဋ ဒုက္ခတော၊ မောစနတ္ထာယ၊ ဣမံအတ္ထာနံ ဗုဒ္ဓဿ၊
ဓမ္မဿ၊ သံဃဿ၊ အာစရိယဿ၊ အတ္ထာယ ဇိဝိတံ နိယျာဒေမိ ပရိစ္ဆာဇာမိ။
         ဘန္တေ- အရှင်ဘုရား၊ အဟံ- ဘုရားတပည့်တော်သည်၊ သံသာရ၀ဋ္ဋ ဒုက္ခတော-
သံသရာတည်းဟူသော ၀ဋ်ဆင်းရဲ ဘေးအပေါင်းမှ၊ မောစနတ္ထာယ- လွတ်မြောက်

ဆင်းရဲဒုက္ခ ၈ ပါး။

           ဆင်းရဲဒုက္ခ ၈ ပါးမှာ = =
၁။ ဇာတိဒုက္ခ = ပဋိသန္ဓေနေရခြင်း ဆင်းရဲ။
၂။ ဇရာဒုက္ခ = အိုမင်းရင့်ရော်ရခြင်း ဆင်းရဲ။
၃။ ဗျာတိဒုက္ခ = နာမကျန်းဖြစ်ရခြင်း ဆင်းရဲ။
၎။ မရဏဒုက္ခ = စုတေသေလွန်ရခြင်း ဆင်းရဲ။

မြတ်စွာဘုရား၏ ကာမဂုဏ်ဆိုင်ရာ “အမဲရိုး ဥပမာ”။

         အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ယူ၏။ အထပ်ထပ်
အခါခါ ဓားဖြင့်လှီး၍ယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်
ခြစ်၍ယူ၏။ အထပ်ထပ်အခါခါ ခြစ်၍ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။
         အမဲသားစားရနိုးဖြင့် စောင့်မျှော်နေသော ခွေးတစ်ကောင်သည် ထို အမဲဖျက်သူ အနီး၌

ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။

         မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
           ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး

Friday, April 3, 2015

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၎


မိန်းကလေးတွေက အထူးသဖြင့် စိတ်အားငယ်တတ်တယ်၊ ဒါကြောင့် ပြန်ခေါ်ရတာ လွယ်ကူတယ်ပေါ့ဘုရား၊
( ဤနေရာ၌ ဗဟုဿုတအဖြစ် စာပေအရ လူတိုင်း၌ ရှိနေသော ဟဒယ၀တ္ထု ခေါ် စိတ်နှလုံးက အားငယ်တတ်ရင် အထူးသဖြင့် ၀မ်းနည်းနေတဲ့ အခါမျိုးမှာ သစ္ဆေသရဲ ဘီလူး ပြိတ္တာ စုန်းစသော ပရလောကမှ ပုဂ္ဂိုလ်များက ၀င်ပူးရတာလွယ်ကူတယ်လို့ သိရပါတယ်။

ဇာတာခွင် တူပေမယ့် အကျိုးပေးမတူ။

        ဗေဒင်ကိန်းခန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ဇာတာခွင် တူနေရင် အကျိုးပေးခြင်း
မတူသင့်ဘူးလား၊ တူသင့်ပေမယ့် အဲဒီထဲမှာ ပါရမီဆိုတာ ရှိသေးတယ်။
         ဒီနေ့ ဒီရက် မွေးပေမယ့်လို့ ဘုရားဖြစ်ကြောင်း ပါရမီ တရားကောင်းတွေ စုဆောင်း
ထားတဲ့ ပုဂ္ဂိုလ်မှသာ ဘုရားဖြစ်နိုင်တော့မပေါ့လို့ ဖြေသတဲ့နော်။ အေး....ဒါလဲပဲ မှတ်သား

ခင်ပွန်းကြီး(၁၀)ပါးအား ၀န်ချကန်တော့ရန်။

၁။ သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌ လည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၃။ အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌ လည်းကောင်း။
၎။ ရဟန္တာအရှင်မြတ်များတို့အပေါ်၌ လည်းကောင်း။
၅။ ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌တော်စပ်ခဲ့သော

လောကီလူသားနှင့် ကာမဂုဏ်။

         အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိတို့ကို ကာမဂုဏ်ဟူ၍ ဆိုရလေသည်။
လူသားတို့သည် ဤကာမဂုဏ် ငါးမျိုးကို လိုချင်မက်မောကြမြဲဖြစ်၏။ သာမန်မျှ လိုချင်မက်
မောခြင်း၊ သာမန်ထက်လွန်၍ များစွာလိုချင်မက်မောခြင်း၊ အလွန်အကျူး လိုချင်မက်မော
ခြင်း ဟူ၍ ခြားနားချက်ကား ရှိလေသည်။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၉)။

     ””စံနှင့် မှတ်ကျောက်””
         ==========
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ ။

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၃)။

 “သင်တန်းဖွင့်ကြစို့”
  ============
  တို့သာသနာ၊ တို့ဘာသာကို
  မျက်နှာလွှဲထား၊ မကြိုးစားက
  တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့

Thursday, April 2, 2015

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၃


   စာရေးသူဟာ ပရလောက ရှိတယ်ဆိုတာတော့ စာပေကျမ်းဂန်တွေမှာ ဖတ်မှတ်ဖူးတာရော၊ သူများတွေ ကြုံဖူးတာတွေရောကြောင့် လက်ခံပြီးသားပါ၊ ဒါပေမယ့် ဘယ်လိုပုံစံလဲ - ဘယ်လို ရုန်းကန် လှုပ်ရှားနေကြရသလဲ ဆိုတာကတော့ သိချင်ခဲ့တာအမှန်၊


အခုမေးကြည့်ဖို့ အခွင့်ကြုံပြီဆိုတော့ တစပ်တည်းမေးကြည့်မိတယ်၊ အခါတလေတော့ ၀င်ပူးနေဆဲ ပြောဆိုနေတာတွေကို သိပ်မယုံချင်ခဲ့ဘူး၊ ဒါပေမယ့် သူများမသိသေးတဲ့ ကိစ္စတွေကို သူတို့က သိနေတယ် ဆိုတော့ မယုံလို့ မရတော့ဘူး ဖြစ်နေတယ် -ဒါနဲ့ ဆက်ပြီး မေးကြည့်မိပါတယ်-

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၂


ဥစ္စာစောင့် ဘ၀က လာတယ် ဆိုတာ တကယ်ပြောနေတာလား - -
ဟု အားလုံးက တအံ့တသြမေးမိကြ၏၊
အော် ဒါဆို ဘာဖြစ်လို့ လူ့ဘ၀ကို လာတာလဲ - အခု ရောက်နေတော့ရော ဘာထူးသလဲ ပြောပါအုံး -
တကယ်တော့ သူ့ပုံစံက အပူအပင် ကင်းမဲ့ နေဟန် ကလေးလေး တယောက်လိုပါ၊

အဲဒီအချိန်တော့ အပူ ရှိနေပြီ ၊ သူ့မှာ ရည်းစားတယောက်ရနေတာ ပြောပြရှာတယ်၊ အသက် ၃၄ ဆိုပေမယ့် ဘယ်လိုမှ မထင်ရဘူး၊ ၂၀ ၀န်းကျင်ပဲ ထင်ရတယ်၊ နောက်မှ အသက်ကြီးမှန်းသိရတယ် ၊
ဒါပေမယ့် သိတယ် မဟုတ်လား ဥစ္စာစောင့် ဘ၀က လာတာဆိုတော့ ရုပ်ရည်က ချောမှချော လို့ ပြောရမယ်၊ ဆံပင်က ယောကျာ်းလေးလို ဂုတ်ဝဲ ခေါ်မလားပဲ -

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ(၁)



ဒီတခါ ကြိုးစားမိတာက ပရလောက နာနာဘာဝ လို့ ခေါ်တဲ့ ဥစ္စာစောင့်တွေ အကြောင်းကို ဥစ္စာစောင့်ဘ၀ကနေ လူ့ဘ၀ကို အလည်ရောက်လာတဲ့ မဝေ (သူ့စကားအရ လူ့ဘ၀ကို မရောက်ဖူးလို့ဗဟုဿုတရဖို့အလည်လာတယ်ဆိုပါတယ်)ဆိုတဲ့ဒကာမလေးတယောက်ကပြောပြတာတွေကို စာရေးသူနှင့် မိတ်ဆွေဦးဇင်းတပါး ငယ်ရွယ်စဉ် ရဟန်းငယ်ဘ၀က တွေ့ကြုံ ခဲ့ရတာပါ၊ အဲဒီထဲမှာ မှတ်သားစရာလေးတွေစိတ်ဝင်စားစရာလေးတွေပါနေတာမို့မျှဝေလိုက်ပါတယ် -

ထိုသူပညာရှိ။

          လယ်တီဆရာတော်ကြီးက “အခွင့်သာခိုက်မူ ရအောင်ယူ၊ ထိုသူပညာရှိ” တဲ့၊
 “အခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလိမ့်လေး” တဲ့၊ ဟုတ်ကဲ့လား၊ အခွင့်
သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကလဲ အခွင့်သာနေတဲ့ အချိန်လေးမှာ လုပ်ရမယ်၊

ဆရာတော်ရှင်ဥတ္တမနှင့် ခုံတော်မောင်ကျဘမ်းတို့ ပြိုင်ကြရာဝယ်။

          တစ်ခါသော် တောင်တွင်းတောရ ဆရာတော် ရှင်ဥတ္တမသည် စာသင်ဘက်ဖြစ်သော ရှင်သီ
လဝံသကိုယ်တော် စစ်ကိုင်း ထူပါရုံဘုရားအနီးရှိ ရတနာ့ဗိမာန်ကျောင်းတွင် သီတင်းသုံးနေကြောင်း
ကိုကြားသိသဖြင့် ကိုယ်တော်နှစ်ပါး တွေ့ဆုံရင်း သံဃာတော်များကို ထိးပါးပြောဆိုမိသော ခုံတော်
မောင်ကျဘမ်းကို ဆိုဆုံးမရန် ကြွတော်မူလာခဲ့ပါသည်။

နေ့စဉ်အလုပ်၊ နေစဉ်လုပ်။

        “နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့
လယ်တိုင်း၊ ညဥ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန်
သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း
လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း

သတ္တဌာန ၇ ပါး။

         သတ္တဌာန ၇ ပါးမှာ ==
၁။ အောင်မြင်တော်မူသော ဗောဓိပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန။
၂။ ဗောဓိပင်မြောက်ဘက် ဆယ်လံကွာ အနိမိသအရပ် ဌာန။
၃။ ဗောဓိပင်နှင့်အနိမိသအကြား နှစ်လံကွာ ဌာန ရတနာစင်္ကြံ။
၎။ ဗောဓိပင်၏ အနောက်မြောက် တစ်ဆယ့်ငါးလံကွာ ဌာန ရတနာဃရရွှေအိမ်။

အာစိဏ္ဏကံ။

        အမြဲမပြတ်ဆည်းပူးလေ့ကျက်သောကံကို “အာစိဏ္ဏကံ” ဟုခေါ်ပါသည်။ အကုသိုလ်
အရာ၌ သတ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်း၊ မကောင်းသောနည်းဖြင့် စီးပွားရှာခြင်း စသော
မကောင်းမှုများဖြင့်လည်းကောင်း၊ ကုသိုလ်အရာ၌ ပေးကမ်းဒါနပြုခြင်း၊ သီလဆောက်တည်
ခြင်း၊ ဘာဝနာအလုပ် ဆောင်ရွက်ခြင်း စသည်တို့ကို အမြဲမပြတ်လေ့လာ ဆည်းပူးမှုသည်

Wednesday, April 1, 2015

မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား


                                                       ဒကာ။           ။ မြတ်စွာဘုရား တရားဟောတော်မူသော တရားအစဉ် အနုပုဗ္ဗိကကထာထဲမှာ သဂ္ဂကထာ ဆိုတဲ့ နတ်စည်းစိမ်ချမ်းသာတွေနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြား ဟောကြားနေတာဟာ ကာမချမ်းသာတွေကို အားပေးချီးမွမ်း တိုက်တွန်းသလို ဖြစ်မနေဘူးလား ဘုရား၊ ဓမ္မစကြတရားတော်ထဲမှာ ကာမသုခလ္လိကကို ဟီန-အယုတ်တရားဟု ဟောသွားတယ် မဟုတ်လားဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။

သစ္စာသိပြီးမှ လှူပါ

လှူကြတန်းကြတဲ့အခါမှာဘယ်လိုလှူမှ ဒုက္ခသစ္စာ ပြန်မရတဲ့အလှူဖြစ်မလဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒုက္ခလွတ်ကြောင်းအလှူဖြစ်အောင် လှူနည်းစနစ်လေးတွေကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာဘော်မပျက် ဆက်လက်တင်ပြပေးမယ်။

မသိလှူကြောင့် ဒုက္ခရောက်

  လူ့ဘ၀ လူ့ခန္ဓာ ရ ထားတာဟာ အတိတ်ကုသိုလ်တွေကြောင့်ပါပဲ။ အတိတ်က ဘယ်လိုကုသိုလ်မျိုးလဲဆိုရင် သစ္စာမသိဘဲ ပြုလုပ်ခဲ့တဲ့ကုသိုလ်။ အတိတ်ဘ၀က သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ လှူခဲ့လို့ ယခုဘ၀ လူ့ခန္ဓာ ဒုက္ခသစ္စာဖြစ်နေတယ်။
ဒါဟာ လူ့ချမ်းသာလား၊ မဂ်ချမ်းသာလား၊ ဒုက္ခသစ္စာလားမေးရင် ဒုက္ခသစ္စာသာဖြစ်တယ်။ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ကို ဒုက္ခသစ္စာမှန်း သိပြီး ဒီလိုဒုက္ခသစ္စာကြီးကို ရွံလို့ မုန်းလို့ မလိုချင်လို့ ဒုက္ခလွတ်ရာသာရချင်လို့ လှူဒါန်းပါ၏ဆိုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်ရဲ့အလှူဖြစ်သွားတယ်။

ဝိပဿနာဉာဏ်။

          တရားရှုမှတ်ပွားများလိုက်တဲ့အခါမှာ ဒီတရားတွေမှာ “ငါ” လို့ တွယ်တာစရာလည်း
တစ်ခုမှမရှိဘူး။ “ငါ့ဟာ”လို့ တွယ်တာစရာလည်း တစ်ခုမှမရှိဘူး။ အဲဒီလိုမြင်လိုက်တာနဲ့
တစ်ပြိုင်နက် အဲဒီထဲမှာ စွဲလမ်းစရာ တစ်ခုမှ မရှိသည့်အတွက်ကြောင့် ဒီ သဘာဝတရား
တွေအပေါ် စိတ်ပျက်ငြီးငွေ့မှု ဖြစ်လာတယ်တဲ့။ “၀ိပဿနာဉာဏ်” မြင်လာတဲ့အခါမှာ

အလှူရှင်များ - သတိပြုရန်။

        မိမိတို့လယ်ယာမြေ၌ မစိုက်ပျိုးမီ မိမိမျိုးစေ့ကို ပြုပြင်မှု - မပြုပြင်မှုလိုက်၍ အပင်၊ အသီး
ကွာခြားသကဲ့သို့ မိမိ၏ပုဗ္ဗစေတနာများကိုလည်း ထက်သန်အောင်ပြု - မပြု လိုက်၍ အကျိုးပေး
ကွာခြားဖွယ်ရှိပါသည်။

လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။

         ဂဏန်းပေးသော ဆရာတော်များထံတွင် ဗုဒ္ဓဘာသာဝင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း
ထောင်သောင်းမက ရှိ၏။ ထိုငွေများသည် လောကအတွက် သာသနာအတွက် ဘာမျှအကျိုးမရှိဘဲ
အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းများတွင်
လှူဒါန်းသူ နည်းပါးလှသဖြင့် ကလေးငယ်များမှာ မ၀ရေစာ စားနေကြရ၏။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၈)။

    ””””အတွေး(မနောကံ)””””
      ===============
တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၂) ။

ရှင်မဟာသီလ၀ံသ ဆုံးမစာ (၁)
-------------------------
၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို

Tuesday, March 31, 2015

တရားနဲ့အတူ ရှိနေပါတယ်။

        မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိပါတယ်။ ““ယော
ခေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ
မမစ္စယေန သတ္ထာ”” တဲ့၊
         အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊
ယော ၀ိနယောစ- အကြင်ဝိနယကိုလည်းကောင်း၊ မယာ-ငါဘုရားသည်၊ ဒေသိ

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်၏ ဗုဒ္ဓ၀င်အကျဉ်း။

( ၁ ) လူ့အမည် - သိဒ္ဓတ္ထ

( ၂ ) ဘုရားဘွဲ့ - ဂေါတမ

( ၃ ) မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ

( ၄ ) ကြင်ယာတော် - ယသောဓရာ ( ဘဒ္ဒကဉ္စနာ )

သူတော်ကောင်းဥစ္စာ ၇ ဖြာ။

           သူတော်ကောင်းဥစ္စာ ၇ ဖြာမှာ ==
၁။ သဒ္ဓာ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင်များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။

ဘုရားအလိုအတိုင်း ရှင်ပြုနည်း။

        မြတ်စွာဘုရား ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလ၀တ်
နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက
သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း
ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၇)။

 ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ
     သမ္မာဝါယမပါ။
၂။  မူလ ပုဗ္ဗ၊  အရိယ
     သုံးဝ  မဂ္ဂင်မြတ်။

Monday, March 30, 2015

လူ့ဘ၀ရရှိခြင်း။

         ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားက “မနုဿတ္တလာဘံ လဒ္ဓါန၊ သဒ္ဓမ္မေ
သုပ္ပဝေဒိတေ။ ယေ ခဏံ နာဓိဂစ္ဆ န္တိ၊ အတိနာမေန္တိ တေ ခဏံ။” လို့ ဟောတော်မူပါတယ်။
       “သဒ္ဓမ္မေ သုပ္ပဝေဒိတေ - သူတော်ကောင်းတရားကို ရှင်တော်ဘုရားဟောကြားနေတဲ့
အခိုက်အခါကာလမှာ၊ မနုဿတ္တလာဘံ-လူ့ဘ၀ရရှိခြင်းကို၊ လဒ္ဓါန- ရရှိကြပါကုန်လျက်၊

စိတ်ပါလက်ပါ အားထုတ်ပါ။

         တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။

ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦး။

            ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦးမှာ ==
၁။ အနာထပိဏ်သူဌေး။
၂။ ၀ိသာခါကျောင်းအမ။
၃။ ဂန္ဓမာနတ်သား။
၎။ နာဂဒတ္တ။
၅။ မဟာဣန္ဒာ။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (၀ိုင်အမ်ဘီအေ) ဥက္ကဌ ဦးမေအောင်။

              ဦးမေအောင်ကို ၁၈၈၀ ခုနှစ်၊ ဇန္န၀ါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အဖ
ဦးသာဒိုးဖြူ၊ အမိ ဒေါ်နှောင်းဒွေး တို့ မိဘနှစ်ပါးမှ ဖွားမြင်သည်။  ရန်ကုန်အစိုးရ   အထက်တန်း 
ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်သည်။ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတွင်  ပထမရ၍   
“ရနောင်းဘုရင်ခံဆု”ရသည်။ ရန်ကုန်ကောလိပ်တွင် ပညာဆက်သင်ရာ(အက်ဖ်အေ) ဥပစာတန်း၌

သားရှင်ပြုမယ်။

       ယခုခေတ်တွင် စုပေါင်းရှင်သာမဏေပြုပွဲ၊{ တစ်နေ့တုန်းကလည်း တူမရဲ့ fb မှာ
နဘူးအိုင်ကျေးရွာ ရှင် (၁၀၀) စုပေါင်းရှင်ပြုပွဲလို့ တွေ့လိုက်ပါတယ်} တစ်ဦးချင်း ရှင်သာမဏေ
ပြုပွဲ၊ ဋ္ဌာနဆိုင်ရာအလိုက် ဒုလ္လဘ၀တ်ပွဲ၊ မိမိဘာသာ ဒုလ္လဘ၀တ်ပွဲများ ခေတ်စားလာခဲ့ပါတယ်။
         အပေါ်ယံကြည့်လျှင် အလွန်အားရဖွယ် ကောင်းပါ၏။ အထူးသဖြင့် မိဘ ဘိုးဘွားများက

သိလို့လှူတော့ နိဗ္ဗာန်ရောက်


သိလို့လှူရင်တော့ ဒုက္ခသစ္စာမလာဘူး။ သိလို့လှူတော့ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ။ သိတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားပြီ။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီးမှ လှူတော့ မဂ္ဂသစ္စာဖြစ်သွားတယ်။
မဂ္ဂသစ္စာအားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာမပေါ်ဘဲ နိရောဓသစ္စာ နိဗ္ဗာန်ပေါ်တယ်။ မသိလို့လှူရင် သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူရင် မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သိလို့လှူတော့ နိဗ္ဗာန်ရတယ်။ မသိလို့လှူတော့ ဒုက္ခရတယ်။

ဒါနက သံသရာရှည်သလား


အချို့က ဒါနက သံသရာရှည်တယ်၊ သီလက သံသရာရှည်တယ်လို့ ပြောတတ်ကြတယ်။ မသိလို့လှူတာကတော့ ဟုတ်ပါတယ်၊ (၁-၂-၃-၄)လှည့်သွားတယ်။
သိလို့လှူတာကတော့ (၁)ပြီးရင် (၂)မှာ ကိစ္စပြတ်တယ်။ (၁)က မဂ္ဂသစ္စာ၊ (၂)က နိရောဓသစ္စာဖြစ်သွားတော့ နိဗ္ဗာန်ရတယ်။ ဒါဖြင့် ဒါန သီလက သံသရာရှည်တယ်ဆိုတာ မသိမှုကြောင့်သာ ရှည်တယ်လို့ မှတ်လိုက်ပါ။ သိတဲ့ပုဂ္ဂိုလ်မှာတော့ မရှည်ပါဘူး။ (၁)က မဂ္ဂသစ္စာ (၂)က နိရောဓသစ္စာဖြစ်တာနဲ့ ဟိုဘက် ဆက်မသွားတော့ဘူး။

မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု


ဒကာ။        ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
    ဆရာ။        ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။

Sunday, March 29, 2015

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်



(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)
မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။




 မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။

ဝဋ်ကျွတ်တဲ့အလှူ


မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။

ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။

အမြင်နှစ်မျိုးရှိသူ။

    လောကမှာလူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံး
ရှိသလို အမြင်နှစ်ဖက်ရှိရပါမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့်
တရားဘက်ကလည်း လက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊
ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ နောက်တစ်ဖက်က ကုသိုလ်ရေးလည်းလုပ်

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သော နှစ်ကျိပ်ရှစ်ဆူဘုရား။

       ဂေါတမဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် “ဘဒ္ဒကမ္ဘာ”တွင် ဂေါတမ
အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရ
မဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ -
ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

အတင်းအဖျင်းမပြောနဲ့။

  ** စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာကိုယ်စွဲ၊ ကိုယ်ပြောရာသူစွဲ၊
အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။
  လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။
( အနတ္တသဘော )

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၇)။

    ”” အပြု(ကာယကံ)””
      =========
ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၂)။

 “ဓမ္မစကား”
   ========
   ဓမ္မစကား
   နေ့တိုင်းကြားက
   စိတ်ထားဖွေးလက်
   သိဉာဏ်ထက်၏။ ။