ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း၊ ရှင်၊ လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။
ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ
နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။
ဘယ်လို အကျိုးရှိတုန်း။
Saturday, February 14, 2015
အခွင့်ကောင်းဆိုတာ နှစ်ခါမလာပါ။
“အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ်
မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိပါတယ်။ ရှင်ဥပါလိမထေရ်ဟာ
ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်း
ကမ်းတွေကို တပည့်ပရိသတ်တွေအား အခွင့်ကောင်းကို ရအောင်ယူ သင်ကြားပေးခဲ့တဲ့
မထေရ်ကြီးဖြစ်ပါတယ်။

အာရက္ခသမ္မဒါ ထိန်းသိမ်းစောင့်ရှောက်မှု။
အာရက္ခသမ္မဒါဟူသည် ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို မကုန်သင့်တာ မကုန်အောင်၊
မပျက်စီးသင့်တာ မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်၏။
မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါး၊ မဖျက်ဆီးနိုင်အောင်
စောင့်ရှောက်ရသကဲ့သို့ ဥစ္စာငွေကြေးကို စည်းကမ်းတကျ သုံးစွဲခြင်းဖြင့် မကုန်သင့်တာ မကုန်

ရဟန်းတော်တွေကို ဆုံးမတော်မူသောနည်း။
“ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။
အဲဒီလို မေးလျှောက်တာကို ခံရတော်မူတဲ့အခါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက “အသင်က

မိဘကျေးဇူးဆပ်နည်း။
* ၁။ ။ သဒ္ဓါမရှိသော မိဘတို့ကို သဒ္ဓါရှိလာအောင် ဟောပြောရန်။
* ၂။ ။ သီလအကျင့်မရှိသော မိဘတို့ကို သီလအကျင့်၌ တည်စေရန်။
* ၃။ ။ လှူဒါန်းရန် တွန့်တိုသော မိဘတို့ကို လှူဒါန်းစွန့်ကြဲစေရန်။

Friday, February 13, 2015
ရှင်ဥပါလိ၏ သံသရာအမှားတစ်ခု။
ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘဝ
ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိပါတယ်။ ဘဝ
ကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါ။ လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်
ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ

ဗုဒ္ဓဘာသာဝင်၏ အယူဝါဒ ပျက်စီးခြင်း။
ဗုဒ္ဓဘာသာဝင်များသည် (၁) ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ (၄) ကံ၊ ကံ၏အကျိုး
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်မှု၊ (၆) အတိတ်ဘ၀၊ အနာဂတ်ဘ၀ တို့ကို ယုံကြည်၏။
ဤ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်) နှင့် အကုသိုလ်ကံ (မကောင်း
သောအလုပ်) ပင် ဖြစ်သည်။ လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို

အလောင်း အလျာတို့၏ အလိုတော် (၆) ပါး။
အလောင်း အလျာတို့၏ အလိုတော် (၆) ပါးမှာ ==
၁။ လောဘတရားတို့မှ ကင်းလိုခြင်း။
၂။ ဒေါသတရားတို့မှ ကင်းလိုခြင်း။
၃။ မောဟတရားတို့မှ ကင်းလိုခြင်း။
၎။ တောထွက်လိုသောစိတ် ရှိခြင်း။
၅။ ဆိတ်ငြိမ်ရာ၌ ငြိမ်သက်တည်ကြည်ခြင်း။
၆။ သံသရာဝဋ်မှ ထွက်မြောက်လိုခြင်းတို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

လက်သည်းခွံပေါ်က မြေတစ်မှုန့်
(က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ်ယုံကြည်လျက်ရှိကြသည်။

တရားရှာ ကိုယ်မှာတွေ့ တရားတော်
ဒီတရားတော်ကို မြတ်စွာဘုရား အင်္ဂုတ္တိုပါဠိတော်
ရောဟိတဿသုတ်မှာ ဟောကြားတော်မူခဲ့ပါ တယ်၊ မြတ်စွာဘုရားက ဒုက္ခသစ္စာ စတဲ့ သစ္စာ
လေးပါး တရားတွေကို မိမိခန္ဓာကိုယ်မှာပင် တွေ့ရှိနိုင် တယ်လို့ ဒီသုတ်မှာ
မိန့်ဆိုတော် မူခဲ့ပါတယ်။
ဘ၀နေနည်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးက
လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း
နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။
-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။
-နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။
( ၅ ) အဇပါလသတ္တာဟ -
ဘုရားရှင်တော်မြတ်ကြီးသည် ရတနာဃရသတ္တာဟ ( ၇ ) ရက်စံနေတော်မူပြီးနောက်
ဝိမုတ္တိချမ်းသာဖလသမာပတ်ကို ခံစားလျက် အဇပါလခေါ်သော ဆိတ်ကျောင်းညောင်ပင်ရင်း၌
( ၇ ) ရက် စံနေတော်မူပါသည် ။
အဇပါလဟုခေါ်ဆိုခြင်းမှာ ဆိတ်ကျောင်းသားတို့ အရိပ်ခိုဝင်ရာ နေရာဖြစ်သော

သံဝေဂ အလင်္ကာ ။
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
အခွင့်ကောင်းကိုယူတတ်တဲ့ ဥပါလိက။
ဥပါလိက-က အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်တစ်
ယောက် ဖြစ်ပါတယ်။ သူတို့ခေတ်မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျပါတယ်။
လူရာသွင်း မခံရပါ။ နေရင်လည်း နောက်နားလေးမှာ၊ခြေရင်းလေးမှာ၊ အပြင်မှာ နေရပါတယ်။
အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီးပါ။ အမြဲတမ်း သူတို့ဝေ

ရွှေဥမင်ဆရာတော်ကြီး၏ သတိပဌာန် တရားတော်။
*ဘုရားအဆူဆူရော၊ တပည့်သာဝကတွေရော၊ အားလုံးနိဗ္ဗာန်စံဝင်တော်မူကြပြီဆိုတာ
သတိပဌာန်တရားနဲ့ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ရှုပွားသွားကြရတာပဲ။
*သတိပဌာန်တရား ရှုပွားတယ်ဆိုတာ သတိအသိနဲ့နေတာ။
*ဘာလုပ်လုပ် ကိုယ့်စိတ်ကလေး ကိုယ့်ဘာသာ သိရမှာ။

သင်္ကန်းလှူဒါန်းခြင်း။
သင်္ကန်းဝယ်ချိန်မရ၍ သင်္ကန်းဖိုးငွေကို ရဟန်းတော်အားပေးပြီး “သင်္ကန်းဖိုး
အလှူခံတော်မူပါ” ဟူ၍ မလှူအပ်ပါ။
သင်္ကန်းလှူလို၍ ရဟန်းတော်တွင်ရှိသော သင်္ကန်းကို မူရင်းဈေးဖြင့် ဖြစ်စေ၊
ဝန်ဆောင်ခပေါင်းပြီး မူရင်းဈေးထက် ပိုပေး၍ဖြစ်စေ၊ လျော့ဈေးဖြင့်ဖြစ်စေ ပြန်ဝယ်ပြီး

Thursday, February 12, 2015
( ၄ ) ရတနဃရသတ္တာဟ -
ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မုပြီး၍ ရတနာဃရသတ္တာဟ၌ ( ၇ ) ရက်ပတ်လုံး
စံနေတော်မူသည် ။ ၎င်းရတနာဃရသည် မဟာဗောဓိပင်၏ အနောက်ဘက် အတောင် ( ၄၀ ) အကွာ ပေ ( ၃၀၀ ) ခန့်ဝယ် တည်ရှိနေပေသည် ။ နတ်တို့ဖန်ဆင်းသည့် ရတနာရွှေအိမ်၌
( ၇ ) ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ အဘိဓမ္မာပိဋကတ်ကို ဆင်ခြင်တော်မူသည်။

လမ်းခွဲရှိတယ် သတိထားပါဦး။
ငါး နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။
အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။
အခွင့်ကောင်း။
ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကားလေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းပါတယ်။
“မာ ဝေါ ခဏံ ၀ိရာဓေထ” - “အေး၊ အခွင့်ကောင်းကြီးကို လွဲချော်မသွားကြစေနဲ့” တဲ့၊ ဒါကို-
အရေးတကြီး သတိပေးလိုက်တာပါ။ ကိုယ် ရ, ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး
မသွားပါစေနဲ့၊ အခွင့်အရေးဆိုတာ ခဏလေးနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။ လူ့ဘ၀ဆိုတာလည်း

ဝိသမလောဘဓာတ်။
* ခြံရိပ်မှောင်တွင်၊ ခေါင်းထောင်စွယ်ပြူး၊
တရှူးရှူးနှင့်၊ ဟူးဟူးမာန်ထွက်၊
ပါးပြင်းခွက်ကာ၊
ငှက်ခတ်သမား၊ မုဆိုးသားကို၊
တအားပေါက်ရန်၊ အသင့်ကြံသည်၊
တရှူးရှူးနှင့်၊ ဟူးဟူးမာန်ထွက်၊
ပါးပြင်းခွက်ကာ၊
ငှက်ခတ်သမား၊ မုဆိုးသားကို၊
တအားပေါက်ရန်၊ အသင့်ကြံသည်၊
ရဟန်းတော်များနှင့် သိက္ခာပုဒ်။
ရဟန်းတော်တို့သည် ပါရာဇိက (၄) ပါး။ သံဃာဒိသိသ် (၁၃) ပါး။ အနယတ (၂) ပါး။
နိဿဂ္ဂိအာပတ် (၃၀) ။ ပါစိတ်အာပတ် (၉၂) ပါး။ ပဋိဒေသအာပါတ် (၄) ပါး။
သေခိယ၀တ် (၇၅) ပါး။ အဓိကကရဏ (၇) ပါး။ စုစုပေါင်း (၂၂၇) ပါးသောသိက္ခာပုဒ်၊
အကျယ်အားဖြင့် (၉၁၈၀၅၀၃၆၀၀၀) ကုဋေ ကိုးထောင်ကျော်ကို လိုက်နာနေရရာ

Tuesday, February 10, 2015
ကိုယ့်အကျိုး သူ့အကျိုး။
မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို
ရှင်းပြထားပါတယ်။ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊ မောဟတွေ
လွှမ်းမိုးနေတယ်။ လောဘ လွှမ်းမိုးတဲ့အခါမှာ လိုချင်စိတ်တွေများပြီးတော့ သူများအသက်
သတ်ချင်လည်း သတ်မယ်၊ သူများဥစ္စာ ခိုးချင်လည်း ခိုးမယ်၊ သူတစ်ပါး သားမယား စော်ကားချင်

ရှိခိုးဦးချတဲ့ အဓိပ္ပါယ်ကို သင်သိပါသလား ?။
မိမိတို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ်တနိုးထားတဲ့ အစိတ်အပိုင်းကို
ပြပါဆိုရင် ဦးခေါင်းပိုင်းကို ပြရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် အချင်းချင်း နောက်ပြောင်
ကြည်စယ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခါးစတဲ့ အစိတ်အပိုင်းတွေ
ကို ကိုင်တွယ်၊ ထိပါး၊ ပုတ်ခတ်တဲ့အခါ ထူးခြားတဲ့အမူအရာကို မပြတတ်ကြပေမဲ့ ဦးခေါင်းကို

နတ်ပြည် (၆) ထပ်။
နတ်ပြည် (၆) ထပ်မှာ ==
၁။ စတုမဟာရာဇ် = နတ်မင်းကြီးလေးပါး စိုးပိုင်သောနတ်ပြည်။
၂။ တာဝတိံသာ = သုံးကျိပ်သုံးယောက်သော သကြားမင်းပိုင် နတ်ပြည်။
၃။ ယာမာ = ဆင်းရဲခြင်းမှကင်းသော နတ်ပြည်။

ဘုရားအနေကဇာတင်ခြင်း။
ဆင်းတုတော်၊ ရုပ်ပွားတော်များကို ဆရာတော်များပင့်၍ အနေကဇာတင်ပြီးမှ
ဘုရားဖြစ်ပြီး ကိုးကွယ်ရမည်ဟု ဗုဒ္ဓဘာသာအများစုက ယူဆနေကြပါသည်။ မိမိမတတ်
နိုင်လျှင် ဘုရားအနေကဇာတင်သည့်အိမ်၌ မိမိအိမ်မှဘုရားအား ပင့်ဆောင်ပြီး ရောနှော
အနေကဇာတင်ကြတတ်ပါသည်။

ဗုဒ္ဓဘာသာဆိုတာ

အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
မိဘဂုဏ်(၁၂)ပါး
မိဘဂုဏ်(၁၂)ပါး
*************
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော
သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

ဘ၀တိုင်းဖူးစာ ဆုံချင်လျှင်
အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်၊ သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-
( ၂ ) အနိမိတ္တသတ္တဟ -
ဘုရားရှင်သည် အပရာဇိတပလ္လင်ပေါ်၌ ( ၇ ) ရက်ပတ်လုံး သီတင်းသုံး၍ နေတော်မူ
သည့်အခါ အချို့သော နတ်များက “ ဘုရားရှင်သည် ယခုအချိန်အထိ နေရာမှမထသေး၊
ဘုရားဖြစ်အောင်ပြုနိုင်သည့်တရားများ ကျန်ရှိနေသလော ” ဟု ယုံမှားသံသယဖြစ်ကြသည် ။
၎င်းနတ်တို့၏ ယုံမှားသံသယ ပယ်ဖျောက်ရန် ကောင်းကင်သို့ပျံတက်ကာ တန်ခိုးပြာဋိဟာ

``ငရဲကျကြောင်းတရား ( ၁၀ )ပါး´´။
(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌

ကွယ်လွန်ပြီးနောက်။
နိုင်တဲ့အခါ မြတ်စွာဘုရားက (အကြံဉာဏ်) ဆုံးမသြ၀ါဒပေးထားပါတယ်။ အဲဒီလို မဆုံးဖြတ်နိုင်တဲ့
အခါ သေချာတာကိုလုပ်ပါတဲ့။
ဒီဘ၀မှာ ကောင်းအောင်နေခြင်းဖြင့် နောင်ဘ၀အရေး စိတ်အေးရမယ့် အချက်လေးချက်ကို
ဂုဏ်ဟိတ်အမွန် ပုံရိပ်မှန်။
* ဗုဒ္ဓနိမိတ်၊ ကြာတံဆိပ်တည့်
ဂုဏ်ဟိတ်အထွက်၊ ဘဒ္ဒကပ်၌
ပွင့်လတ်တူတူ၊ ရနံ့ကြူသည့်
လေးဆူဘုရား၊ မြတ်ကိုယ်စားဟု
မှတ်သားဖေါ်ညွှန်း၊ ပဒုံပန်း...။
ဂုဏ်ဟိတ်အထွက်၊ ဘဒ္ဒကပ်၌
ပွင့်လတ်တူတူ၊ ရနံ့ကြူသည့်
လေးဆူဘုရား၊ မြတ်ကိုယ်စားဟု
မှတ်သားဖေါ်ညွှန်း၊ ပဒုံပန်း...။
သာသနာပြုခြင်း။
* သာသနာဆိုသည်မှာ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမကို ခေါ်ပါသည်။
သာသနာ (၃) ရပ်ရှိပါသည်။
၁။ ပရိယတ္တိသာသနာ = ပိဋကတ် စာပေသင်ကြားခြင်း။
၂။ ပဋိပတ္တိသာသနာ = တရားတော်နှင့်အညီ ကျင့်ကြံခြင်း

Sunday, February 8, 2015
ကာလာမသုတ် အနှစ်ချုပ်။
တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ ဒီ ကာလာမသုတ္တန်ရဲ့ အနှစ်ချုပ်ကို
ကြည့်မယ်ဆိုရင် (က) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ====
၁။ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၂။ ယုတ္တိဗေဒ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။

( ၁ ) ပထမပလ္လင်္ကသတ္တာဟ -
မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း ရွှေပလ္လင်ထက်ဝယ် “ ငါသည် ဤ အပရာဇိတ
ပလ္လင်တော်၌ ဗောဓိဉာဏ်ကိုရရန် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီများ
ဖြည့်ဆည်းပေးခဲ့ရသည် ။ ငါ၏ ခန္ဓာကိုယ်အသွေးအသား ၊ သားသမီး ဇနီးမယားတို့ကိုလည်း
ပေးလှူခဲ့ရပြီ ။ ဤပလ္လင်တော်ပေါ်မှ မာရ်ငါးပါးကိုတစ်စမကြွင်း၊ အရှင်းအောင်တော်မူခဲ့ပြီ ”

အလိမ္မာက ကောင်းရင်။
ပယောဂဆိုတဲ့ဥစ္စာ ဉာဏ် ဝီရိယ အလိမ္မာပဲ။
အလိမ္မာက ညံ့ရင် ညံ့သလောက် အကျိုးပေးနည်းသွားတယ်။
အလိမ္မာက ကောင်းရင် ကောင်းသလောက် အကျိုးပေး ကြီးကျယ်သွားတယ်။
အဲဒီ အလိမ္မာကောင်းအောင်လို့ ဉာဏ် ဝီရိယကောင်းလာအောင်လို့ ဆရာကောင်း သမားကောင်း
ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။
ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏
အနားယူပုံမှာ မှတ်လောက်သားလောက်၏။ ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီး
ကိုယ်တိုင် ယခုလို အမိန့်ရှိတော်မူ၏။
“ စာရေးရတာ ပင်ပန်းလို့ အနားယူချင်ရင် စာချလိုက်တာပဲ။ စာချရတာ ပင်ပန်းလို့ အ
နားယူချင်ရင် တရားဟောလိုက်တာပဲ။ ဘုန်းကြီးအနေနဲ့ကတော့ အလုပ်တစ်ခုကနေ အခြားအ
လုပ်တစ်ခု ပြောင်းလုပ်လိုက်တာကို အနားယူတယ်လို့ သဘောထားတယ်” ။
တချို့ပုဂ္ဂိုလ်သည် မိမိ အချိန်ဖြုန်းရတာနဲ့ အားမရသောကြောင့် သူတစ်ပါးအချိန်ကိုပင်
လိုက်၍ ဖြုန်းကြ၏။ မခေါ်ဘဲ လျှောက်လည်ပြီး စကားပြောတတ်သူများသည် သူတစ်ပါး၏ အ
လုပ်လုပ်ချိန်များကို လိုက်၍ ဖြုန်းတီးနေခြင်းပင် ဖြစ်၏။
ထို့ကြောင့် အလုပ်တကယ်လုပ်ချင်သော ဆရာတော်များမှာ ဧည့်တွေ့ချိန်ကို သီးသန့်
သတ်မှတ်ပေးကြခြင်း ဖြစ်၏။ ထို ဧည့်တွေ့ချိန် သတ်မှတ်သော ပုဂ္ဂိုလ်များကို မာနကြီးသည်
ဟု ယူဆပြီး အကြည်ညို မပျက်သင့်ပါ။ လူ့ဘ၀ နေရသမျှအချိန်များကို သာသနာအတွက်၊
လောကအတွက်၊ အပြည့်အ၀ အသုံးချနေကြသူများဖြစ်သည်ဟု နားလည်ပြီး ပိုမိုကြည်ညို
လေးစားသင့်ပါ၏။
ထိုကဲ့သို့ သူတစ်ပါးအချိန်ကိုပါ လိုက်လံဖြုန်းတီးနေသူများကို ဓမ္မဒူတဆရာတော်ကြီးက
“ ကိုယ်ပိုင် အချိန်တွေကို ဖြုန်းရတာ အားမရလို့ သူတစ်ပါးအချိန်တွေကိုပါ လိုက်ဖြုန်းနေတဲ့
အချိန်သူခိုးတွေကို သတိထားကြ။ အနားကပ်မခံကြနဲ့ ” ဟု သတိပေးတော်မူခဲ့၏။ ။
{မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့် စီးပွားရှာခြင်းမှတဆင့် ကူးယူရေးသားပူဇော်ပါသည်}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

(၃၁) ဘုံ နှင့် သတ္တ၀ါတို့ ၏ သက်တမ်းများ
သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။
အမျှဝေတာလည်း ကုသိုလ်ပါပဲ
အမျှဝေတာလည်း ကုသိုလ်ပါပဲ။ သာဓုခေါ်တာလည်း ကုသိုလ်ပါပဲ။ ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။ မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးက မဟာဗုဒ္ဓ၀င်မှာ သီလဆောက်တည်ပြီးမှ ဒါနပြုရင် ပိုပြီးအကျိုး ရနိုင်တယ်လို့ မိန့်မှာထားပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ စကားလေးကို နှလုံးသွင်းပြီး သီလယူပြီးမှ ဒါနပြုရင် ပိုကောင်းပါတယ် သံဃာတော် အရှင်သူမြတ် တွေရှိရင် သီလပေး မှာဖြစ်လို့ ကိစ္စမရှိပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြုရတဲ့ဒါနတွေမှာတော့ ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။ သီလယူလိုက်ရင်ပဲ စိတ်ဓာတ်က အလိုလိုမြင့်သွားသလို ခံစားရ ပါတယ်။
“နတ် လူတို့ ပျက်စီးကြောင်းတရား”
သတ္တဌာနဆိုသည်မှာ။
သတ္တဋ္ဌာနဆိုသည်မှာ မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော်
( ၁ ) ရက်နေ့မှ စ၍ ၀ါဆိုလဆန်း( ၅ ) ရက်နေ့အထိ ( ၄၉ ) ရက်တိုင်တိုင် ( ၇ ) ဋ္ဌာန
တို့၌ ( ၇ ) ရက်စီ သီတင်းသုံးတော်မူခဲ့ကြောင်း မှတ်သားသိရှိကြည်ညိုရပေသည် ။
ထို ( ၇ ) ဋ္ဌာနမှာ -

အသုဘ ၁၀-ပါး။ ။
မတင့်မတယ် ရွံစဖွယ်ဖြစ်သော နိမိတ်အာရုံ ကမ္မဋ္ဌာန်းဆယ်ပါးဟူ၏။
(၁) ဖူးဖူးရောင်ထ မလှရုပ်သွင် အမြင်ဆိုးဝါးသောအကောင်ပုပ်၊
(၂) ဖေါက်ပြန်ညိုပုပ် စက်ဆုတ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ်၊
(၃) ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုတ်ဖွယ်အကောင်ပုပ်၊

မြတ်စွာဘုရားထုတ်ပြတဲ့ ကာလာမသုတ် အချက်(၁၀)ချက်။
မြတ်စွာဘုရားက ဒီသုတ္တန်မှာ အချက်(၁၀)ချက်ကို ထုတ်ပြပါတယ်။==
နံပါတ်(၁)က “မာ အနုဿဝေန” တစ်ယောက်ယောက်က မင်းတို့လာပြောတာ၊
အနုဿဝ မှ အနု ဆိုတာ တစ်ဆင့်၊ သ၀ ဆိုတာကြားတာ သို့မဟုတ် တစ်ယောက်က လာပြီး
ပြောတဲ့ စကားကို အနုဿဝ လို့ခေါ်ပါတယ်။ လောကမှာ တဆင့်စကား ဆိုတာတွေနဲ့ လူတွေ

ဗုဒ္ဓ၀ါဒနှင့် လောကီစီးပွားရေး။
အနာထပိဏ်သေဌေးဟာ ဘုရားဟောတရားတော်ကို နာယူအပြီး သောတာပန်ဖြစ်ခဲ့သူပါ။
လောကီစီးပွားရေးကို တရားနည်းလမ်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
ပါဘူး။ သူ့ခေတ်သူ့အခါက အိန္ဒိယအလယ်ပိုင်းတခွင် မြို့ကြီးအတော်များများမှာ သူ့ကိုယ်စား
လှယ်၊ သူ့ကုန်လှောင်ရုံ၊ သူ့ပွဲရုံ မရှိတဲ့မြို့ မရှိသလောက်အောင် စီးပွားရေးကောင်းကြောင်း တွေ့

Subscribe to:
Posts (Atom)