Saturday, October 18, 2014

အင်းလေးဖောင်တော်ဦး ဘုရားသမိုင်းကြောင်း

                             
                          အင်းလေးဖောင်တော်ဦးသမိုင်းကြောင်း
         
   ညောင်ရွှေမြို့၏ မူလအမည်မှာရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။တောင်နှစ်သွယ်ကြားမှကုန်းမြေဟု အဓိပ္ပာယ်ရသည်။ ယောင်ဝှေဟုပြောသော ရှမ်းသံကိုမြန်မာတို့က ညောင်ရွှေဟုကြား၍မှတ်တမ်းတင်
ရေးသား၊ခေါ်ဆိုရာမှညောင်ရွှေဟုအမည်ခေါ်တွင်ခဲ့သည်။သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သောစော်ဘွားကြီးဆီဆိုင်ဖလက်ထက် လွန်ခဲ့သောနှစ်ပေါင်း(၆၄၄)ခန့်ကာလ၊  ယခု

နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။

၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ်     ၅၀၀၊လူ့တွက်ကိန်းအသက် နှစ်       ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ်   = နတ်သက် နှစ်    ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ်    ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ်           =  နတ်သက် နှစ်   ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ်   ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ်        = နတ်သက် နှစ်   ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ်  ၅၇၆,၀၀၀,၀၀၀။

ကောင်းမှုနှင့် မကောင်းမှု။

         သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။
         ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်၊ ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီး

ရဟန်းတော်တွေကို ဆုံးမတော်မူသောနည်း။

    “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

ရဟန်းဝတ်မည်ဆိုလျှင် ။

      သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
"ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၁)။

   “ကိုယ်စီခပ်နှိပ်ကြ”
    ===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊

လှူတော့လှူ မကုန်စေနဲ့...။

ဒီတခါတော့ တို့ဆွေတော်မျိုးတော်တွေရဲ့ သဒ္ဓါတရားလေးတွေကို မြင်နေ၊ တွေ့နေ၊ ကြားနေရ တာကြောင့် ဆွေတော်မျိုးတော်တွေအတွက် ဒီပို့စ်လေးရေးရရင် ကောင်းမှာပဲလို့ ဆိုပြီး ရေးဖြစ်သွားပါတယ်။ သဒ္ဓါတရားထက်သန်တဲ့နေရာမှာတော့ တို့ မြန်မာလူမျိုးက နံပါတ်တစ်စာရင်းမှာသေချာပါတယ်။ မြန်မာ စကားမှာ ``သဒ္ဓါလွန်တော့ တဏှာ ကျွန်´´၊ ``သဒ္ဓါလွန်တော့ ဆွံ့၊ ပညာလွန်တော့ ကွန့်´´၊ ``သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ´´ဆိုပြီးတော့ လာပါတယ်။ ဒီနေရာမှာ ``သဒ္ဓါနဲ့ပညာ

လူဖြစ်ကျိုးနပ်ဖို့

လူသည် သက်ရှိ သတ္တဝါတို့ အနက် အသိဥာဏ် အဆင့်အတန်း အမြင့် မားဆုံး ဖြစ်သည်။ မိမိထက် ကိုယ်ခန္ဓာ အဆမတန် ကြီးမားလှသော ဆင်ကိုပင် ခိုင်းစေနိုင်၏။ ကမ္ဘာမှာ အကြီးမားဆုံးသော ဝေလငါး ကိုလည်း ဖမ်းဆီးနိုင်၏။ ထို့ကြောင့် လူ၏ အသိဥာဏ် ပညာကို မည်သည့် သတ္တဝါမှ မယှဉ်နိုင်ပေ။ အသိဥာဏ်ရှိသော လူကသာ သက်ရှိ သတ္တဝါ အားလုံးအပေါ် လွှမ်းမိုးနိုင်၏။

ဘေးကြီး ၄-ပါးအကြောင်း

သူတော်ကောင်းတို့အနေနှင့် သေလွန်ပြီးသော် အပါယ် သို့မဟုတ် ငရဲတို့ကိုသာ သိသူကများပါသည် ယခုကျနော်တင်ပြမည့် ဘေးကြီး
လေးပါးကို သူတော်ကောင်းတို့ ဖတ်ပြီးလျှင်ဖြစ်နိင်၏ မဖြစ်နိင်၏ ကိုယ်တိုင်စဥိးစားတွေးခေါ် ဆုံဖြတ်နိင်ကြရန်မေတ္တာဖြင့် တင်ပြလိုက်ရပါသည်...။
၁။ ၀ိနိပါတဘေးခေါ်ခြင်းကား သေလျှင်ဘယ်ဘ၀ရောက်မည်မသိ ပရမ်းပတာ ကျချင်ရာကျ ဖြစ်ချင်ရာဖြစ် အစိုးမရ
မိုးဦးကျချောင်းရေနှင့် လေပွေ လေရူးတို့၌ ပါသွားသော သစ်ရွက်ခြောက် ကဲ့သို့ပေါက်လွတ်တလကြမ်း ပရမ်းပတာ ဖရိုဖရဲ
အမြဲသံသရာကြီးထဲ၌ကြဲ၍ကျရခြင်းကို ခေါ်သည်။

Friday, October 17, 2014

မန္တလေး မဟာမြတ်မုနိသမိုင်းကြောင်း



                                    မန္တလေး မဟာမြတ်မုနိ
           ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်  စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ

အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။

ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ

ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။

မာနအကြောင်း

မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏။ ကြွတတရှိ၏။ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့် သူများထက်သာနေသောအခါ “ငါက သင်တို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို အထင်သေးတတ်၏။


သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ “သင်နဲ့ငါနဲ့ ဘာထူးသေးသလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ”ဟု တန်းတူထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါ့ထက်သာကော ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။

ဒိဋ္ဌိအကြောင်း

မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။ ထို့ကြောင့် “မှားသောအမြင်-ဒိဋ္ဌိတွင်သား”ဟုဆိုခဲ့သည်။ ဤအသိအမြင်မှား နေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤဒိဋ္ဌိသည် “မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံသာမက “သူ၏အယူက အမှန်၊ သူများအယူတွေ အလွဲ”ဟု စွပ်စွဲတတ်သေး၏။


ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တ၀ါတွေကို ဖန်ဆင်းသူ မရှိပါဘဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တ၀ါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တဟုခေါ်သော အသက်ကောင် မရှိဘဲလျက် “အတ္တရှိ၏၊ အသက်ကောင်ရှိ၏”ဟု သိမြင်ခြင်းသည် “မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။

မာယာအကြောင်း

တဏှာလောဘကိုပင် တချို့အရာ၌ “မာယာ” ဟုခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲ့ကိုကောက်၍ ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟုဆိုလိုသည်။

မိန်းမမာယာ
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ယုယ၏။ မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ရှ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရူပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။

လောဘအကြောင်း

လိုချင်မူသဘောသည် လောဘတည်း။ ထို့ကြောင့် “လောဘသဘော လိုချင်ဟော“ဟု ဆိုခဲ့သည်။ “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မူမျိုးကိုသာ လောဘဟု ဆိုသည်။ နိဗ္ဗာန်ကို လိုချင်မူ၊ တရားကို လိုချင်မူ၊ စာပေတတ်ချင်မူ၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မူ စသော ကောင်းသောအရာ၌ လိုချင်မူမျိုးကား လောဘမဟုတ်။ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။

လောဘ၏ အခြားနာမည်များ
ဤလောဘကို “ပေမ” ဟုလည်းကောင်း၊ “တဏှာ”ဟုလည်းကောင်း၊ “ရာဂ”ဟုလည်းကောင်း၊ “သမုဒယ”ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနူန်းကြ၏။ ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မူနှင့် ဆွေလိုမျိုးလို ချစ်ခင်မူတို့ သုံးနူန်းကြရသည်။ ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ဤချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်”ဟုလည်း တစ်မျိုး ခေါ်ကြသေး၏။ သံယောဇဉ်ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပာယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တစ်ယောက်နှင့် တစ်ယောက်ကို မခွဲနိုင် မခွာရက်နိုင်အောင် ချည်နှောင်ခြင်းဟု ဆိုလိုသည်။

ဥဒ္ဓစ္စအကြောင်း

စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်သို့ ခဲကျသောအခါ ပြာတွေလွင့်တက်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက် သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိလည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူပေါ်ကြော့ ဖြစ်တတ်လေသည်။

နန္ဒထေရ် စိတ်မတည်ပုံ

ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်းတရား၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ စိတ်လွင့်ပါး၍ ဇနပဒကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤ၀တ္ထု၌ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။

ဉာဏ်ရှိတာနဲ့ပဲ မကောင်းကျိုး မပေးနိုင်ဘူး။

      တခါ လုံ့လဝီရိယဉာဏ် မကောင်းတဲ့လူတွေကျတော့ အကုသိုလ်ကံတွေက အကျိုးပေးတယ်။
ဆိုပါတော့ .. ဉာဏ်မရှိလို့ ဒီအစာကလေး တည့်မှန်းမသိ မတည့်မှန်းမသိတော့ မတည့်တဲ့အစာကို
စားမိတယ်။ တော်တော်ကြာတော့ ရောဂါရတယ်။ ရှိတဲ့ရောဂါ တိုးတယ်။
ရောဂါရဖို့ရန် ရောဂါတိုးဖို့ရန်ကတော့ အကုသိုလ်က စီမံတာပဲ။

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၁၃ ယောက်။

၁။ န၀ီသတိဂဿ = ပဋိသန္ဓေယူသည့်နေ့မှစ၍ အနှစ် (၂၀) မပြည့်သေးသောသူ။
၂။ အန္တိမ၀တ္ထုအဇ္ဈာပန္န = ပါရာဇိကကျပြီး ပုဂ္ဂိုလ်။
၃။ ပဏ္ဍုတ် = သူတစ်ပါး၏ သုက်သွေးကို စုတ်ယူသောသူ။
၎။ ထေယျသံဝါသက = ထေရ်ရဟန်းယောင်ဆောင်သော ပုဂ္ဂိုလ်။
၅။ တိတ္ထိယပက္ကန္တက = တိတ္ထိဘောင်သို့ ပြေးဝင်သောသူ။

ဥပုသ်ရက်သတ်မှတ်ပုံနှင့် အနှစ်သာရ။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။

    ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို  ဘုန်းဘုန်း မှတ်မိတာလေး  တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ
မိုးတွေကလည်း အုံ့အုံ့နဲ့ မည်းနေတာပဲ။ ညအမှောင် အိမ်တစ်လုံးမှာ  မိုးမှောင်မိုက်အတွင်း

" ရဟန်းအမျိုးမျိုး ”

     လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော  သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
ပါသည်။ သို့ မဟုတ်က(လူဝတ်ကြောင်လို) ထိုင်နေရုံမျှဖြင့် အပြစ်အာပတ် သင့်ပြီး နေတတ်ပါသည်။

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...။


                                                            (၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဆရာတော်ဦးဇောတိက၏ထေရုပ္ပတ္တိအကျဉ်း...။


ဆရာတော်ဦးဇောတိကကို လူတိုင်းသိမှာပါ။ ဆရာတော်ရဲ့ ထေရုပ္ပတ္တိ အကျဉ်းဖြင့် ဆရာတော်ကို ပူဇော်ပါရစေ။
ဆရာတော်ဟာ ငယ်စဉ်ကဗုဒ္ဒဘာသာမဟုတ်ခဲ့ပါ။ လွတ်လပ်သောစိတ်ဖြင့် ဘာသာတရားမျိုးစုံကို လေ့လာခဲ့ပြီး နောက်ဆုံး ဗုဒ္ဒဘာသာကို လေ့လာမိကာ ဗုဒ္ဒ၏ သားတော် သံဃာတော်အဖြစ်ခံခဲ့ပြီး မိမိရှာဖွေတွေ့ရှိသည့် တရားတော် များကို

မြန်မာနိုင်ငံနှင့် နတ်ကိုးကွယ်မှု

နတ် ဆိုသည်မှာ “နာထ” ဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု သုတေသီတို့ ဆိုကြပါသည်။ နတ်သည် သုံးမျိုးသုံးစားရှိပါသည်။ ယင်းတို့မှာ ၀ိသုဒ္ဓိနတ်၊ ဥပပတ္တိနတ်နှင့် သမုတိ နတ်ဟု သုံးမျိုးရှိ၏။ ယခုရေးသားသော ခေါင်းစဉ်ပါ နတ်ကိုးကွယ်မှု ဆိုသည်မှာ ဥပပတ္တိနတ်ကို ဆိုလိုပါသည်။

Thursday, October 16, 2014

ရွှေတိဂုံ စေတီတော်မြတ် သမိုင်းကြောင်း

ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်

ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ
၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။

၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။

အနောတ္တပအကြောင်း

မကြောက်လန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပမူ=မလန့်ဟူ၏” ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံတွေနှင့် တူ၏။ အနောတ္တပကား ပိုးပရန်နှင့် တူလေသည်။ ချဲ့ဦးအံ့ - မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟုခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်ဟုမထင်ဘဲ ရဲရဲကြီး တိုးကြလေသည်။ ထို့အတူ အကုသိုလ်ဒုစရိုက်များသည် ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပါသည်။


သို့သော် ထိုဘေးဒုက္ခတွေကို မောဟက ဖုံးကွယ်ထားသည့်အတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ဘဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍တွေ့ရတတ်သော ဘေးတို့ကား -

မောဟအကြောင်း

မောဟ ၂-မျိုး
မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော့”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာမောဟ ဟု ၂-မျိုးရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာန-ဟူသော ပါဠိကား ထကြွခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တစ်ခါတစ်ရံ စိတ်နှင့် တွဲဖွက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။

အနုသယမောဟ

အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူသတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟ ဟုခေါ်၏။ ဤအနုသယမောဟ၏ ဖုံးကွယ်ထားမူကြောင့် ပုထုဇဉ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်တပ်ထင်ထင် မသိမြင်ကြချေ။

စေတသိက်အကြောင်း

စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ
စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း, စိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာ ရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက်အများ၏ အကောင်းအဆိုး လိုက်၍ စိတ်သည်လည်း စိတ်ကောင်း စိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်”ဟု ဆိုလိုသည်။


ဥပမာ-ရေသည် ပင်ကိုအနေအားဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ၊ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ၊ ရေ၀ါ၊ ရေပြာ၊ ရေနက် ဖြစ်ရတော့သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။

စိတ်အကြောင်း

အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ” ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ” ဟုခေါ်သည်။

အာရုံ ၆-ပါး၊ အသိ ၆-မျိုး ၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ ၂။ အသံ ဟူသမျှ = သဒ္ဒါုရုံ ၃။ အနံ့ ဟူသမျှ = ဂန္ဓာရုံ ၄။ အရသာ ဟူသမျှ = ရသာရုံ ၅။ အတွေ့ ဟူသမျှ = ဖောာဋ္ဌဗ္ဗာရုံ ၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ


ပရမတ္ထဟူသည်

ပရမတ္ထတရား ၄-ပါး 
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော” ဟုဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ = မြတ်သော + အတ္ထ= အနက်သဘော၊ ပရမတ္ထ = မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏) ထိုပရမတ္ထတရားကား - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။

ဘုံဆိုင်ကို ကိုယ်ပိုင်မမှတ်လင့်


စွဲလမ်းခြင်းတို့ စွဲလမ်းမှုတို့ဆိုသည်မှာ လောကအတွင်းရှိ သူသူငါငါ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ကြုံတွေ့နေကြရသော အမှန်တရားတခုဟု ဆိုချင်က ဆိုနိုင်ပါသည်။ စွဲလမ်းခြင်းဆိုတာကို ပါဠိစာပေမှာတော့ “ဥပါဒါန”ဟု သုံးထားပါတယ်။ ဒါကို ကြောင်းကျိုးဆက်နိယာမ သဘောအရပြန်ကောက်ကြည့်မယ်ဆိုပါက “တဏှာပစ္စယာ ဥပါဒါနာ”ဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာရဲ့သဘောက တွယ်တာတယ်။ သာယာတယ်။ တပ်မက်တယ်။ နောက်ပြီး ရောင့်ရဲတင်းတိမ်းနိုင်ခြင်း သဘောလည်း မရှိပါ။

********* ပုရိသ တို့ အကြောင်း *********


ယောက်ျား ( ၃ ) မျိုး ။ ။ လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား
ဆိုပြီးသုံးမျိုးရှိပါတယ် ။
ယောက်ျားက မိန်းမကိုနှောင်ဖွဲ့ပုံ ( ၈ ) မျိုး ၁။ ငိုကြွေးခြင်းဖြင့်နှောင်ဖွဲ့ခြင်း ၂။ ပြုံးရယ်ခြင်းဖြင့်နှောင်
ဖွဲ့ခြင်း ၃။ စကားပြောခြင်းဖြင့်နှောင်ဖွဲ့ခြင်း ၄။ အသွင်အပြင်အမူအရာဖြင့်နှောင်ဖွဲ့ခြင်း ၅။
ပန်းသီးစသည်ပစ္စည်းဖြင့်နှောင်ဖွဲ့ခြင်း ဂန္ဓာရုံ - အနံ့ဖြင့်နှောင်ဖွဲ့ခြင်း ၇။ ရသာရုံ -
အရသာဖြင့်နှောင်ဖွဲ့ခြင်း ၈။ ဖောဋ္ဌဗ္ဗာရုံ - အတွေ့ဖြင့်အထိဖြင့်နှောင်ဖွဲ့ခြင်း တို့ဖြစ်ပါတယ်။

ဝေဘူဆရာတော်ဘုရားကြီးဆုံးမစကား...။


အချိန်……..တစ်ခု
အလုပ်……နှစ်ခု
အကျိုး……များစွာ
ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား။ ထွက်လေ၀င်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိရှိနေတာ။ ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ် နာမ်ပေါ်ထားရတာ ပင်ပန်း သလား၊ ပိုက်ဆံကော ကုန်သလား၊ ငှားရ ချေးရသေးသလား။

ငြိမ်းသတ်ရန်လိုသော မီး ၁၁ ပါး။

၁။ လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
၎။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

ဗုဒ္ဓဟောကြားသော ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။

     ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်
အောင် ဟောကြားထားသည်မှာ== “ ကမ္ဘာလောကကြီး အတွင်းမှာရှိတဲ့ အဖိုးတန် ရတနာတွေ

လိုချင်တာကို ရှေ့တန်းတင်လျှင်။

      ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး

ကံ၏အကျိုးပေးပုံကို တိတိကျကျ တိုင်းတာခြင်း။

   ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊  အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည် 
 သူ  ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။

ရွှေလက်မြဲမြဲ တွဲကြစို့။

ဘယ်လောက်ရုပ်ချောချော၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက် ပညာတက်တက်၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက် ပစ္စည်းရှိရှိ၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက်ရာထူး ကြီးကြီး၊ တစ်နေ့ကျ သေမှာပဲ၊

Wednesday, October 15, 2014

“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”

“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”

သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘု
ရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။

သော စ ဟောတိ ပဉ္စင်္ဂ၀ိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။ (အံ၊၁၊၁၆၁။)

အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။ အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်းဖြစ်ရ
မယ်။ ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?

၁၆ - သဋ္ဌိကူဋပေတ၀တ္ထု

၈၀၆။ ယောက်ျား အဘယ်အကြောင်းကြောင့် သင်သည် ရူးသောသူကဲ့သို့၎င်း ကြောက်လန့်သဖြင့် တုန်လူပ်သော သားသမင်ကဲ့သို့၎င်း ထိုမှ ဤမှ ပြေးသွားသနည်း၊ ယောက်ျား သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

၈၀၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာဒုဂ္ဂတိဘုံသို့ လားရောက်ရသော ပြိတ္တာဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမူကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။

၁၅ - သေဋ္ဌိပုတ္တပေတ၀တ္ထု

၈၀၂။ အချင်းတို့ အချင်းခပ်သိမ်း လောကုမ္ဘီငရဲ၌ ကျက်ကြကုန်သော ငါတို့အား အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ကုန်ပြီ၊ ငါတို့အား ဘယ်အခါ ဤဆင်းရဲ၏ အဆုံးသည် ဖြစ်ပါလတ္တံ့နည်း။

၈၀၃။ အချင်းတို့ အကြင်သို့သော အပြားအားဖြင့် သင့်အား၎င်း ငါ့အား၎င်း ဤဆင်းရဲ၏ အဆုံးမရှိ၊ ဤဆင်းရဲ၏ အဆုံးသည် အဘယ်မှာရှိနိုင်ပါတော့အံ့နည်း၊ ဤဆင်းရဲ၏ အဆုံးကို မတွေ့မမြင်နိုင်၊ ထိုသို့သော အပြားအားဖြင့် သင်သည်၎င်း ငါသည်၎င်း မကောင်းမူကို ပြုအပ်ခဲ့ပြီ။

၈၀၄။ အကြင်ငါတို့သည် လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မပေးမလှူခဲ့မိကြပါကုန်၊ မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ် ဖြစ်သော ကုသိုလ်ကောင်းမူကို မပြုမိကြပါကုန်၊ ထိုငါတို့သည် ပညာရှိတို့ ကဲ့ရဲ့ထိုက်သော အသက်ရှည်ခြင်းဖြင့် အသက်ရှည်ခဲ့ကြရပါကုန်၏။

၁၄ - ဘောဂသံဟာရပေတ၀တ္ထု

၈၀၁။ ငါတို့သည် ရှေးဘ၀က စည်းစိမ်ချမ်းသာတို့ကို အသင့်အားဖြင့်၎င်း မသင့်သောအားဖြင့်၎င်း ဆောင်ယူစုဆောင်းခဲ့ပါကုန်၏၊ ထိုစုဆောင်းခဲ့သော စည်းစိမ်ဥစ္စာတို့ကို သူတပါးကို သုံးဆောင်ခံစားကုန်၏၊ ငါတို့မူကား ပြိတ္တာဘုံ၌ ဖြစ်သော ဆင်းရဲအဘို့မျှသာ ရှိကုန်၏ (ဟု ဈေးသည်ဖြစ်ကြကုန်၍ စဉ်းလဲရောင်ချဘူးကုန်သော ပြိတ္တာမတို့က အော်ဟစ်ကုန်၏)။
တဆယ့်လေးခုမြောက်သော ဘောဂသံဟာရပေတ၀တ္ထု ပြီး၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၁၃ - အက္ခရုက္ခပေတ၀တ္ထု

၈၀၀။ အချင်းဥပါသကာ ဒါယကာသည် အကြင်လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ ထိုလှူဖွယ်ဝတ္ထုသည် (တမလွန် လောက၌သာ ထိုအလှူ၏ အကျိုးဖြစ်သည်မဟုတ်) စင်စစ်သော်ကား အခြားတပါး များစွာသော ကောင်းကျိုးသည် ဖြစ်သေး၏၊ ထို့ကြောင့် သင်တို့သည် အလှူကို ပေးလှူသင့်ကုန်သည်သာတည်း၊ ပညာရှိသည် ပေးလှူခြင်းကြောင့် ပစ္စုပ္ပန် သံသရာ၌ ဖြစ်ဆဲ ဖြစ်လတ္တံ့သော ချမ်းသာနှစ်မျိုးသို့ ရောက်နိုင်၏၊ သင်တို့သည် နိုးကြားကြကုန်လော့၊ မမေ့လျော့ကြကုန်လင့် (ဟု ဘုမ္မဇိုဝ်းနတ်က ဆို၏)။
တဆယ့်သုံးခုမြောက်သော အက္ခရုက္ခပေတ၀တ္ထု ပြီး၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

၁၂ - အမ္ဗ၀နပေတ၀တ္ထု

၇၉၆။ သင်၏ ဤရေကန်သည် အလွန်နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်းရှိ၏၊ များသောရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်း။

၇၉၇။ နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန်နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတုသုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျားပိတုန်းအပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်း (ဟု ကုန်သည်များက မေး၏)။

၁၁ - ပါဋလိပုတ္တပေတ၀တ္ထု

၇၉၃။ ရှင်မ သင်သည် ငရဲတို့ကို၎င်း နဂါးဂဠုန်စသော တိရစ္ဆာန်တို့၎င်း ပြိတ္တာတို့ကို၎င်း အသုရာတို့ကို၎င်း တွေ့မြင်ဘူးကုန်ပြီ၊ ထိုမှတပါး လူတို့ကို၎င်း စတုမဟာရာဇ်နတ်တို့ကို၎င်း မြင်အပ်ဘူးကုန်ပြီ၊ သင်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင် ပင်မြင်ရပြီ၊ ငါသည် ယခုအခါ တစုံတရာမျှ ဆုတ်ယုတ်ပျက်စီးခြင်း မရှိသော သင့်ကို ပါဋလိပုတ်ပြည်သို့ ပို့ဆောင်အံ့၊ ထိုပါဋလိပုတ်ပြည်သို့ သွား၍ ကုသိုလ်ကောင်းမူကို ပြုလေလော့ (ဟု ပြိတ္တာက ပြန်ရန် တောင်းပန်သော မိန်းမကို ပြော၏)။

၇၉၄။ နတ်သား သင်သည် အကျွန်ုပ်၏ အကျိုးကို အလိုရှိပါ၏၊ နတ်သား သင်သည် အကျွန်ုပ်၏ အစိးအပွါးကို အလိုရှိပါ၏၊ အကျွန်ုပ်သည် သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏။

၁၀ - ဂဏပေတ၀တ္ထု

၇၈၂။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော အချင်းပြိတ္တာတို့ သင်တို့သည် အ၀တ်လည်းမပါ၊ စက်ဆုပ်ရွံရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိကုန်၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်လျက် ဤအရပ် တည်နေသော သင်တို့ကား အဘယ်သူတို့ ဖြစ်ကုန်သနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

၇၈၃။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာတို့ဖြစ်ပါကုန်၏၊ အကျွနုပ်တို့သည် မကောင်းမူကံကို ပြုခဲ့မိတုန်သောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြပါကုန်၏ (ဟု ပြိတ္တာများက ဖြေ၏)။

၉ - ဂူထခါဒကပေတိဝတ္ထု

၇၇၄။ မိန်းမ ကျင်ကြီးတွင်းမှ တက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူဖြစ်လေသနည်း၊ မိန်းမ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်ကြောင့် မြည်တမ်းနေဘိသနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

၇၇၅။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ “ဒုဂ္ဂတိဘုံ”သို့ ရောက်နေရသော ပြိတ္တာဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမူကို ပြုမိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။

၈ - ဂူထခါဒကပေတ၀တ္ထု

၇၆၆။ (ယောက်ျား)ကျင်ကြီးတွင်းမှတက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူ ဖြစ်သနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်ကြောင့် မြည်တမ်းနေဘိသနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

၇၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်း နိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ “ဒုဂ္ဂတိဘုံ”သို့ ရောက်နေရသော ပြိတ္တာ ဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမူကို ပြုမိခြင်းကြောင့် ဤလူဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။

၇ - ရာဇပုတ္တပေတ၀တ္ထု

၇၅၃။ ရှေးဘ၀ကပြုခဲ့သော ကံတို့၏အကျိုးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရူပါရုံ သဒ္ဒါရုံ ရသာရုံ ဂန္ဓာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အကြောင်းကြောင့် (ပစ္စုပ္ပန်) ကောင်းကျိုးကို မမြင်နိုင်သော လူမိုက်တို့၏ စိတ်ကို နှိပ်စက်ရာ၏။

၇၅၄။ (ကိတ၀မင်း၏ သားသည်) ကခြင်းကို၎င်း သီခြင်းကို၎င်း ကာမဖြင့် မွေ့လျော်ခြင်းကို၎င်း အပေါင်းအဖော်စသည်တို့နှင့် ရွှင်မြူးခြင်းကို၎င်း ဤသို့ များစွာသော စည်းစိမ်ချမ်းသာကို ခံစား၍ ဥယျာဉ် စမ္ပာယ်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ၀င်လာသည်ရှိသော် -

၆ - ကုမာရပေတ၀တ္ထု

၇၄၆။ ဟိမ၀န္တာ၏ နံဘေး၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ မင်းသားဖြစ်ကုန်သော သူငယ်နှစ်ယောက်တို့ ရှိကုန်၏ ဟူ၍ ငါကြားဘူး၏။

၇၄၇။ ထိုမင်းသားနှစ်ယောက်တို့သည် တပ်မက်ဖွယ် ကာမဂုဏ်တို့၌ အလွန်ယစ်မူး မေ့လျော့ကြလျက် ကာမတို့၌ သာယာသည်၏အစွမ်းဖြင့် အလွန်နှစ်သက်သော အလေ့ရှိကုန်ရကား ပစ္စုပ္ပန်ချမ်းသာ၌ မက်မောကုန်သည်ဖြစ်၍ နောင်အခါ ရအပ်သော အနာဂတ်ချမ်းသာကို မမြင်နိုင်ကြကုန်။

အရူး (၈)မျိုး




(၁) ကာမဝိတက်၊ ရုပ်ပျက်အောင်ကြံ၊ လွန်ဖောက်ပြန်၊ မှတ်ရန် ကာမရူး။

(၂) ဒေါသအမျက်၊ ရုပ်ပျက်စေငြား၊ လွန်ဆိုးဝါး၊ မှတ်သား ဒေါသရူး။

(၃) တစ်ပါးသူကို၊ ကြည်ဖြူကင်းလျက်၊ ကိုယ့်ရုပ်ပျက်အောင်၊ လွန်တတ်မာန ထောင်တာက၊ မှတ်ကြ မာနရူး။

ကယ်တင်ရှင်အစစ်...။

ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု စသည်တို့မှာ ပညာဆည်းကပ်နေကြတဲ့ မြန်မာများကို နိုင်ငံခြားသားတွေက မေးတယ်။ “သင်တို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သင်တို့ကို ကယ်တင်ပေးနိုင်သလား” တဲ့။ “ဟာ … ဗုဒ္ဓမြတ်စွာက မကောင်းမှု ဒုစရိုက်တွေနဲ့ ကောင်းမှု သုစရိုက်တွေကို ညွှန်ပြပေးတယ်၊ မကောင်းမှုလုပ်ရင် မကောင်းမှုကံဖြစ်ပြီး ကောင်းမှုလုပ်ရင် ကောင်းမှုကံ ဖြစ်တယ်၊ အဲဒီကောင်းကံ မကောင်းကံတွေက ကိုယ်နဲ့အတူ အမြဲလိုက်ပါပြီး အကျိုးပေးတတ်တယ်၊ ကောင်းကံတွေက ကောင်းကျိုးကိုပေးပြီး မကောင်းကံတွေက မကောင်းကျိုးကို ပေးတယ်၊ သတ္တ၀ါတွေဟာ ကိုယ်ပြုလုပ်ထားတဲ့ ကံတွေ စီရင်ထားတဲ့အတိုင်း သံသရာမှာ ကျင်လည်နေကြရတယ်” “အို … ဒီလိုဆိုရင် သင်တို့ရဲ့

နိဗ္ဗာန်အကြောင်းအနည်းအကျဉ်း

ကျနော်တခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မယ့် အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သူပရိနိဗ္ဗာန်ပြု ခါနီး နိဗ္ဗာန်ကိုကြိုပြီးမြင်ရပါသလား…. ?။ ဘယ်လိုမြင်ရပါသလဲ….?။ ဘာကြောင့်နိဗ္ဗာန် လို့ ပြောနိုင် တာလဲ...?
မေးမြန်းသူ ဇော်မင်းထွန်း (စစ်တွေ)

ပညတ်၊ ပရမတ်၊ အစာမကြေရောဂါ...။

ယနေ့ခေတ်တွင် တရားဘက် လိုက်စားသူတို့ များပြားလှသဖြင့် ၀မ်းမြောက်ရပေသည်။ သို့ရာတွင် အဟောတရား၊ အဖတ်တရား၊ အနာတရား လောက်သာ မပြီးစေဘဲ “ကိုယ့်ကျင့်တရား” ဆိုက်ထိရန် လိုပေသည်။ ကျွန်တော်သည် လူအတော်များများနှင့် တရားဆွေးနွေးဖူးသည်။ ယင်းသို့ ဆွေးနွေးရာတွင် ဂိုဏ်းဂဏကို ရှေ့တန်းတင်သူများ၊ ပရမတ်နှင့်ပညတ်နယ်အစာမကြေသူများ၊ ပုဂ္ဂိုလ်နှင့်စာအုပ်ကြီး ကိုးကွယ်နေသူ များကို အများအပြားပင် တွေ့နေရသဖြင့် အားမလို အားမရဖြစ်မိရပါ၏။ အနှီပုဂ္ဂိုလ်တို့သည်

တရားအားထုတ်ပြီး အမျှဝေရန်။

    ဤသို့ပြုရ မြတ်ပုညကြောင့်
အမတခေမံ ပြည်နိဗ္ဗာန်ကို
ဧကန်ထုတ်ချောက် ရောက်စေသော်...
    ယနေ့ယခု အားထုတ်သမျှ
မြတ်ဘာဂကို မိဘဆရာ

ဝိသာခါရသောဆု (၈)ပါး။

၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခြင်း။
၂။ အာဂန္တု ရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၃။ ခရီးသွားရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၎။ ဖျားနာသောရဟန်းအား ဆွမ်းလှူဒါန်းခြင်း။

ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း။

         ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို  လက်တွေ့ကျကျ

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံ ဆောက်တည်တဲ့သူ။

    မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို

တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။

   ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး

Tuesday, October 14, 2014

ရေရာတိကျတဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တစ်ချို့

သုဒ္ဓေါဓနမင်းကြီးနှင့် မယ်တော် မဟာမာယာဒေဝီတို့၏ သားတော်ဖြစ်၏။ အကျင့်သီလ မဖောက်မပြားသော မိကောင်းဖခင်၏ သားဖြစ်၏။ အဉ္ဇနမင်းကြီး၏ သက္ကရာဇ် ၆၈ခု ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခဲ့သည့် ရက်ချုပ်အပြည့်အစုံ ရှိ၏။ ၁၆နှစ်သားအရွယ်တွင် အိမ်ထောင်ပြု၍ သားတော်တစ်ပါး ထွန်းကား၏။ ၂၉ နှစ်တွင် တောထွက်မူ၍ ၆-နှစ်မျှ ဒုက္ကရစရိယကို ကျင့်တော်မူခဲ့၏။

ပိုက်လော့ဆရာတော် တရားပွဲမှ သြ၀ါဒများ


- လူ့လောကမှာနေရင် စိတ်နဲ့အာရုံ အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးတယ်။

- အဖေ မှားလည်း၊ အဖေ မှန်တယ်။ အမေ မှားလည်း၊ အမေ မှန်တယ်။

- မပြိုင်ကြပါနဲ့။ ပြိုင်ရင် ရှုံးပြီးသား။ ပြိုင်ရမှာက ကိုယ့်ကိုယ်ကိုသာ ပြိုင်ပါ။

- မျက်တောင်တစ်ခတ်က စိတ်ရဲ့ ၄၈ ပုံ ၁ ပုံ ရှိတယ်။

“ဘုန်းကြီးနဲ့စကားမပြောတတ်ပါဘူး

ဟိုးအရင်ကျနော်တို့ငယ်ငယ်တုန်းက ကြာနီကန် ဆရာတော် ဦးဇဋိလ ဟောထားတဲ့တရား
တပုဒ်က
ဝတ္ထုအကြောင်း လေးတခုသတိရ မိလို့ဒီဘလော့လေး ရေးချင်စိတ် ပေါ်သွားရတာပါ ညီငယ် ညီမငယ်
တို့ကိုရော ဗဟုသုတ ရစေချင်တဲ့ဆန္ဒ လေးနဲ့ပါ ဆောင်ရန် ရှောင်ရန် လေးဆိုပါတော့..၊
ဟိုးအရင် တခါက သဒ္ဓါ တရားအလွန်ထက်သန်ပြီး ဘာသာရေးလိုက်စား တဲ့သူဋ္ဌေး မိသားစု တစု
ရှိတယ် သူတို့ မိသားစုလေးမှာ သူဋ္ဌေးကြီးရယ်၊ သူဋ္ဌေးကတော်ကြီးရယ် အရွယ်ရောက်ပြီဖြစ်တဲ့
သမီးချောချော လေးတယောက် ရယ်မိသားစု သုံးယောက်ရှိတယ်၊ သူတို့မိသားစု လေးဟာ ဒါန

အာရုံနဲ့မနော၊ ရုပ်နဲ့နာမ်၊ ပညတ်နဲ့ပရမတ်၊ သညာနဲ့ပညာ၊


အာရုံနဲ့မနော
အာရုံနဲ့ သညာပေါင်းတော့ သင်္ခါရဖြစ်သွားတယ်။ မနောဟာ အာရုံ
(၆) ပါးနဲ့ပေါင်းတဲ့အတွက် သင်္ခါရတွေ ဖြစ်နေတယ်။ အာရုံတွေ နောက်လိုက်လို့
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတွေဖြစ်နေတယ်။ အာရုံမလွတ်လို့
တဏှာ၊ မာန၊ ဒိဋ္ဌိ ရင်ဝမှာ လှံစိုက်နေတယ်။ အတွင်းနဲ့ အပြင်ပေါင်းလို့
အာရုံမလွတ်လို့ ပူရတာ။ အတွင်းမနောက အပြင်အာရုံကို ယူရင် ဒိဋ္ဌိပဲ။

အတ္တနဲ့အနတ္တ


ဝေဒနာပေါ်မှာ ငါမရောစေနဲ့။ ရှေ့ကိုလည်းမမျှော်နဲ့၊ နောက်ကိုလည်း
မတွေးနဲ့၊ ပစ္စုပ္ပန်တည့်တည့်အကြောင်းသတ်ဖို့လိုတယ်။ ထိတာက ရုပ် သိတာက
နာမ်၊ ထိတာလည်း မမြဲဘူး၊ သိတာလည်း မမြဲဘူး။ အကျိုးနဲ့ အကြောင်းဖြစ်လိုက်
ပျက်လိုက် မမြဲပါလား။ ရွတ်လည်း မနေရဘူး၊ အဲဒါ အနတ္တ၊ အဲဒီ အနတ္တ
အသိလေးကို မျက်ချည်မပြတ် အမြဲတမ်းလုပ်နေ။ မြင်တာ မမြဲပါလား။ ကြားတာ

၅ - ဥစ္ဆုပေတ၀တ္ထု

၇၃၇။ အရှင်ဘုရား အကျွန်ုပ်၏ များပြားကြီးကျယ်သော ဤကြံတောသည် များပြားကြီးကျယ်လှစွာသော ကောင်းမူအကျိုး ဖြစ်ပါ၏၊ ထိုကြံတောသည် ယခုအခါ အကျွန်ုပ် သုံးဆောင်ရခြင်းသို့ မရောက်နိုင်သေးပါ၊ အရှင်ဘုရား ဖြေကြားတော်မူပါလော့၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။

၇၃၈။ အရှင်ဘုရား အကြင်အခါ ထိုအကျွန်ုပ်သည် တစုံတခုသော ကြံကို သုံးဆောင်ခြင်းငှါ လုံ့လကိုလည်း ပြုပါ၏၊ အားထုတ်ခြင်းကိုလည်း ပြုပါ၏၊ ထိုအခါ ထိုကြံတောသည် အကျွန်ုပ်တို့ကို နှိပ်စက်လည်း နှိပ်စက်ပါ၏၊ (သံလျက်သွားနှင့်တူသော ကြံရွက်တို့သည်) အကျွန်ုပ်ကို ဖြတ်လည်းဖြတ်အပ်ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် အင်အားပြတ်သည်ဖြစ်၍ ပြင်းစွာ ဆင်းရဲခြင်းသို့ ရောက်လျက် မြည်တမ်းနေရပါ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။

၎ - ရေ၀တီပေတ၀တ္ထု

၇၁၄။ အလွန်ယုတ်မာသော အကျင့်ရှိသော တစုံတယောက်အား တစုံတခုကိုမျှ ပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေ၀တီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသူသတ္တ၀ါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညည်းတွားကြရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

၇၁၅။ ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေ၀တီ၏ လက်မောင်းတို့ကို တယောက်တဖက်စီ ကိုင်ဆွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင်ယူသွားကြကုန်၏။

၃ - နန္ဒကပေတ၀တ္ထု

၆၅၈။ သူရဋ္ဌတိုင်း၏ အရှင်ဖြစ်သော ပိင်္ဂလကမည်သော မင်းသည် မောရိယမင်းတို့အား ခစားရန်သွားပြီးလျှင် သူရဋ္ဌတိုင်းသို့ တဖန် ပြန်လာခဲ့ပြီ။

၆၅၉။ ပိင်္ဂလကမင်းသည် မွန်းတည့်ချိန် နေပူပြင်းသော အခါဝယ် နူးညံ့သော မြေအပြင်သို့ ချဉ်းကပ်မိလေသော် ပြိတ္တာတို့ ဖန်ဆင်းအပ်သော မွေ့လျော်ဖွယ်ရာ သဲမြေလမ်းခရီးကို မြင်လေပြီ။

၆၆၀။ ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို “ဤလမ်းခရီးသည် မွေ့လျော်ဖွယ်ရှိ၏၊ ဘေးမရှိမူ၍ ချမ်းသာသည်၏ အဖြစ်ကို ရွက်ဆောင်တတ်၏၊ ဥပဒ္ဒဝေါ မရှိ၊ ရထားထိန်း ဤလမ်းခရီးဖြင့် ဤအရပ်မှ သူရဋ္ဌတိုင်းသို့ သွားကြကုန်အံ့”ဟု မိန့်ဆို၏။

၂ - သေရီသကပေတ၀တ္ထု

၆၀၄။ အရှင်ဘုရားတို့ နာတော်မူပါကုန်၊ အကြင် သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ် နတ်သားနှင့် ကုန်သည်တို့၏ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့ အပြန်အလှန် ကောင်းစွာ ပြောဆိုအပ်သော စကားကိုလည်း ပြောဆိုသည့်အတိုင်း အားလုံးသော အရှင်ဘုရားတို့ နာတော်မူကြပါကုန်။

၆၀၅။ အရှင်ဘုရားတို့ အကြင် ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်၏အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်းရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါရာသိရာဇညသည် မိမိ ဗိမာန်၌ ၀မ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။

၎ - မဟာဝဂ် (၁ - အမ္ဗသက္ကရပေတ၀တ္ထု)

၅၁၇။ ၀ဇ္ဇီတိုင်းသားတို့၏ ဝေသာလီမြို့၌ အမ္ဗသက္ကရမည်သော လိစ္ဆ၀ီမင်းသည် မြို့ပြင်ပ၌နေသော ပြိတ္တာကို မြင်သောကြောင့် ထိုမြင့်ရာအရပ်၌ပင် (အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်းသည်သာ မြတ်၏ဟု) ပြောဆိုသော စကား၏ အဓိပ္ပါယ်ကို သိလိုသည်ဖြစ်၍ ထိုပြိတ္တာအား (ဤသို့) မေးမြန်းလေပြီ။

၅၁၈။ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်အား အိပ်ရခြင်း ထိုင်ရခြင်းသည်လည်း မရှိခဲ့၊ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းသည်လည်း မရှိခဲ့၊ ဤ ပုဂ္ဂိုလ်အား စားဖွယ် သောက်ဖွယ် ခဲဖွယ် အ၀တ်အရုံတို့ကို သုံးဆောင်ခြင်းဟု ဆိုအပ်သော ခံစားခြင်းသည်လည်း မရှိခဲ့။

၁၀ - ဓာတုဝိ၀ဏ္ဏပေတ၀တ္ထု

၅၀၇။ ကောင်းကင်၌ တည်နေသော သင်၏(ကိုယ်၌) မကောင်းသော အပုပ်နံ့သည် လိုင်၏၊ အပုပ်နံ့လိုင်သော သင်၏ ခံတွင်းကိုလည်း ပိုးလောက်တို့သည် ခဲစားကုန်၏၊ သင်သည် ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း။

၅၀၈။ ထို့ထက်အလွန်မူကား (ကံနိုးဆော်အပ်သော သူတို့က) လက်နက်ယူလျက် သင့်ကို အဖန်ဖန်လှီးဖြတ်ကုန်၏၊ ဆားငန်ရေဖြင့် လောင်းဆွတ်၍ အဖန်ဖန် လှီးဖြတ်ကုန်၏။

၅၀၉။ သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲသို့ ရောက်ရသနည်း (ဟု အသျှင်မာကဿပက မေး၏)။

၉ - ကူဋ၀ိနိစ္ဆယိကပေတ၀တ္ထု

၄၉၉။ (ယောက်ျား) သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက်စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာအဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။

၅၀၀။ (ယောက်ျား) သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံနတ်တို့သည်၎င်း သင်၏ တသောင်းသော အခြွေအရံ နတ်သမီးတို့သည်၎င်း ခရုသင်း လက်ကောက် လက်ကြပ်တန်ဆာကို ၀တ်ဆင်ကြကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာ ပန်ဆင်ကြကုန်၏။

၈ - ဒုတိယမိဂလုဒ္ဒကပေတ၀တ္ထု

၄၈၈။ (သင်သည် ညဉ့်အခါဝယ်) စုလစ်မွန်ချွန် အထတ်တပ်သော ပြာသာဒ်ဆောင်၌၎င်း မွေးရှည်ကော်ဇော ခင်းအပ်သော အိပ်ရာပလ္လင်၌၎င်း အင်္ဂါငါးပါးရှိသော တူရိယာဖြင့် ကောင်းစွာတီးမူတ်အပ်သော သဘင်၌၎င်း မွေ့လျော်စံပျော် နေရဘိ၏။

၄၈၉။ ထိုညဉ့်အခါကုန်ဆုံး၍ နေထွက်သောအခါ၌ သုသာန်သို့ ၀င်လျက် များစွာသော ဆင်းရဲကို ခံရ၏။

၄၉၀။ သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကံကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်းဟု (အသျှင်နာရဒက မေး၏)။

၇ - မိဂလုဒ္ဒကပေတ၀တ္ထု

၄၇၈။ (သင်သည် ညဉ့်အခါဝယ်) ပျိုမျစ်နုနယ်၍ နတ်သားနတ်သမီးတို့ ခြံရံခစားလျက် တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် တင့်တယ်ဘိ၏၊ နေ့အခါ၌မူကား သတ်ဖြတ်ညှဉ်းဆဲခြင်းကို ခံရ၏၊ (သင်သည်) ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း(ဟု အသျှင်နာရဒ-က မေး၏)။

၄၇၉။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့် ကာရံသော ရာဇဂြိုဟ်မြို့၌ သွေးစွန်းသော လက်ရှိသူ ကြမ်းကြုတ်သူ သာသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

၆ - သေရိဏီပေတိဝတ္ထု

၄၆၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အ၀တ်လည်းမပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ တည်နေရသော သင်သည်ကား အဘယ်သူနည်း (ဟု ဥပါသကာက မေး၏)။

၄၆၅။ အရှင် အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမူ အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု ပြိတ္တာမ-က ဖြေ၏)။

မေတ္တာပို့လွှတ်ရန်။

၁။ အထက်အရပ်မှာ များသတ္တ၀ါ၊
    ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
    အန္တရာယ်ကင်း ဘေးတွေရှင်း၊
    လက်ငြင်းချမ်းသာကြပါစေ။ ။
၂။  အောက်အရပ်မှာ များသတ္တ၀ါ၊

ပဋိစ္စသမုပ္ပာဒ် ၁၂ ပါး။

၁။ အ၀ိဇ္ဇာ = အဟုတ်အမှန်ကို မသိတတ်သောတရား။
၂။ သင်္ခါရ = ပြုပြင်စေ့ဆော်တတ်သော တရား။
၃။ ၀ိဉာဏ = ပဋိသန္ဓေ ၀ိဉာဏ်စိတ်။
၎။ နာမရူပ = နာမ်ရုပ်။

အကောင်းဆုံး လက်ဆောင်။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း
ပစ္စည်းလေးပါး အစရှိသဖြင့် လှူဒါန်းတတ်ကြပါသည်။ လှူဒါန်း ပေးကမ်းရတာတွေ အများကြီး

ကလေးတွေကို ကော်ပတ်ရုပ်ထင်နေကြမယ်ဆိုရင်။

      လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု

ကောင်းမှုကုသိုလ်တို့ ၏ အစ။

   လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် "လူ့ ကျင့်ဝတ်၊ လူ့ သီလ၊" ဟုဆိုနိုင်ပါသည်။
မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ

Monday, October 13, 2014

၅ - ကုမာရပေတ၀တ္ထု

၄၅၃။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အံ့ဖွယ်သဘောရှိ၏၊ မြတ်စွာဘုရားသည် ပုဂ္ဂိုလ်အားလျော်စွာ ဗျာဒိတ်စကားဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်အချို့တို့သည် ပြန့်ပြောသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (ယုတ်ညံ့နိမ့်ကျသူများ ဖြစ်ကြကုန်၏)။ ပုဂ္ဂိုလ်အချို့တို့သည် နည်းသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (မြင့်မြတ်သူများ ဖြစ်ကြကုန်၏)။

၄၅၄။ ဤသတို့သားသည်ကား သင်းချိုင်း၌ စွန့်ပစ်ခံရလျက် ညဉ့်အခါဝယ် (နတ်၏) လက်မမှ ယိုကျသော နို့ရည်ဖြင့် မျှတရ၏၊ ဘီလူးတို့သည်၎င်း ဘုတ်ပြိတ္တာတို့သည်၎င်း ကင်းသန်းတို့သည်၎င်း ပြုအပ်သော ကောင်းမူရှိသော သတို့သားကို မညှဉ်းဆဲကြကုန်။

၎ - ဘုသပေတ၀တ္ထု

၄၄၇။ ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင် တယောက်သည် သလေးစပါး၏ ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေဘိ၏၊ တယောက်သောသူသည် (သံတင်းပုတ်တို့ဖြင့် မိမိဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏)၊ ဤမိန်းမသည်ကား မိမိအသားအသွေးကို စား၏၊ သင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်-က မေး၏)။

၄၄၈။ (သားဖြစ်သော) ဤသူသည် ရှေးဘ၀က အမိကို ညှဉ်းဆဲခဲ့ပါ၏၊ (လင်ဖြစ်သော) ဤသူသည်ကား ကောက်ကျစ်စဉ်းလဲသော ကုန်သည်ပါတည်း၊ (ချွေးမဖြစ်သော) ဤသူသည်ကား အသားတို့ကို ခဲစားမိပါလျက် (မစားရပါဟု) မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။

၃ - ရထကာရပေတိဝတ္ထု

၄၃၉။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ်ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ ကောင်းကင်ခရီးဝယ် တဆယ့်ငါးရက်လပြည့်နေ့၌ ထွက်သော လမင်းကဲ့သို့ ထိုဗိမာန်ထက်၌ နေဘိ၏။

၄၄၀။ သင်၏ အဆင်းသည် ရွှေအဆင်းနှင့် တူသည်ဖြစ်၍ ဦးသစ်သော သိင်္ဂီရွှေကဲ့သို့ တင့်တယ်လျက် အလွန် လျှင် ရူချင်ဖွယ်ရှိလှပါပေ၏၊ သင်သည် အတုမရှိမြတ်သော သူတို့အားသာ ထိုက်တန်သော ပလ္လင်မြတ်၌ တယောက်တည်းဖြစ်လျက် နေဘိ၏၊ သင့်အား လင်ယောက်ျားမရှိခဲ့လေယောင်တကား ၁။

၂ - သာဏ၀ါသီထေရပေတ၀တ္ထု

၄၀၈။ မကောင်းမူမှ ငြိမ်းအေးစေပြီးသော ပွားများပြီးသော ဣနြေ္ဒရှိသော ကုဏ္ဍိမြို့သား ပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။

၄၀၉။ ထိုသာဏ၀ါသီမထေရ်၏ အမိအဖ အစ်ကိုတို့သည် မကောင်းမူကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှ ပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။

၄၁၀။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ ပင်ပန်းသော ကိုယ်စိတ်ရှိသူ အ၀တ်မရှိသူ ပိန်ချုံးသူ ထိတ်လန့်ကြောက်ရွံ့ကြသူ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမူ ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြ၀ံ့ကြကုန်။

၃ - စူဠ၀ဂ် (၁ - အဘိဇ္ဇမာနပေတ၀တ္ထု)

၃၈၇။ ပြိတ္တာကြီး (ခြေချလိုက်ခြင်းကြောင့်) မပျက်စီး မပြိုကွဲသော ဤဂင်္ဂါမြစ်ရေ၌ အ၀တ်မပါပဲ ကိုယ်ချည်းသာလျှင် ရှေ့ထက်ဝက်က ပြိတ္တာမုတ်သကဲ့သို့ ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာတို့ကို ဆင်မြန်းလျက် သွားဘိ၏၊ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊ သင်သည် အဘယ်အရပ်၌ နေရမည်နည်း၊ (ဟု ကောလိယ အမတ်က မေး၏)။

၃၈၈။ ငါသည်ကား ၀ါသဘရွာနှင့် ဗာရာဏသီပြည်၏အကြား ဗာရာဏသီ၏ အနီး၌ တည်သော စုန္ဒဋ္ဌိလရွာသို့ သွားပါအံ့ဟု ထိုပြိတ္တာက ပြောဆို၏။

၁၃ - ဥဗ္ဗရိပေတ၀တ္ထု

၃၆၈။ ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်း ဖြစ်သော ဗြဟ္မဒတ်မည်သော မင်းသည် ဖြစ်ခဲ့ဘုး၏၊ ထိုဗြဟ္မဒတ်မင်းသည် နေ့ညဉ့်ကာလ ရှည်လျားကုန်လွန်လတ်သော် နတ်ရွာစံခဲ့လေ၏။

၃၆၉။ ထိုမင်း၏ ဥဗ္ဗရိမည်သော မိဖုရားသည် သုသာန်သို့ သွား၍ ဗြဟ္မဒတ်မင်းကို မမြင်ရသည်ဖြစ်ပါလျက် “ဗြဟ္မဒတ်မင်းမြတ်”ဟု ငိုကြွေး မြည်တမ်း၏။

၃၇၀။ အကျင့်နှင့် ပြည့်စုံ၍ ပညာရှိသော ရသေ့သည် ထိုသုသာန်သို့ ရောက်လာခဲ့ပြီ၊ ထိုရသေ့သည် ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သော သူတို့ကို မေး၏၊

၁၂ - ကဏ္ဏမုဏ္ဍပေတိဝတ္ထု

၃၄၈။ ချစ်နှစ်မ သင်၏ ဤရေကန်သည် ရွှေဖြင့်ပြီးသော စောင်းတန်း လှေကားရှိပေ၏၊ ရွှေဖြင့်ပြီးသော သဲတို့ဖြင့် ခင်းထားပေ၏၊ ထိုရေကန်၌ တင့်တယ်ကုန်လျက် စင်ကြယ်ကောင်းမြတ်သော ရနံ့ရှိကုန်သော ကြာသိန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိလှပေကုန်၏။

၃၄၉။ သင်၏ ဤရေကန်သည် အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အထူးထူးသော ရနံ့လေတို့ဖြင့် ထက်ဝန်းကျင် ထုံလိုင်လူပ်ရှားလျက် နေ၏၊ အထူးထူးသော ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းကာ ကြာဖြူတို့ဖြင့် ရောပြွမ်းစုပေါင်း နေ၏။

၁၁ - သုတ္တပေတ၀တ္ထု

၃၄၁။ ရှေးအခါက အိမ်သို့ ကပ်လျက် ကာယ၀ိညတ်ဖြင့် ရပ်တည်၍ အတောင်းခံရသော အကျွန်ုပ်သည် ကိလေသာကို နှင်ထုတ်ပြီးသော (ပစ္စေကဗုဒ္ဓါ) ရဟန်းအား ချည်ကို ပေးလှူခဲ့ရပါ၏၊ ထိုအလှူ၏ ပြန့်ပြောများမြတ်သော ပွါးစီးမူရှိသော အကျိုးကို ယခုရပါ၏၊ အကျွန်ုပ်အား များစွာသော အကုဋေမျှလောက်သော အ၀တ်တို့သည် ဖြစ်ပါကုန်၏။

၃၄၂။ များစွာ ဆန်းကြယ်လျက် ယောက်ျားမိန်းမတို့ မှီဝဲအပ်သော ဗိမာန်သည် ပန်းတို့ဖြင့် ပြွမ်းသည်ဖြစ်၍ မွေ့လျော်ဖွယ်ရှိပါ၏၊ အကျွန်ုပ်သည် ထိုဗိမာန်ကို သုံးဆောင်လည်း သုံးဆောင်ရပါ၏၊ ထိုအကုဋေမျှလောက်သော အ၀တ်တို့တွင် အလိုရှိရာအ၀တ်ကို ၀တ်ရုံလည်း ၀တ်ရုံပါ၏၊ များစွာသော စည်းစိမ်ဥစ္စာလည်း ရှိပါ၏၊ ထိုစည်းစိမ်ဥစ္စာသည် ကုန်ခန်းလည်း မကုန်ခန်းနိုင်ပါ။

၁၀ - ဥတ္တရမာတုပေတိဝတ္ထု

၃၃၁-၂။ ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏။ မြေကြီးတိုင်အောင် တွဲရွဲကျကုန်၏၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏။

၃၃၃။ အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို၎င်း၊ သောက်ရေ သောက်ရသည်ကို၎င်း မသိစဘူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ (ဟု ပြောဆို လျှောက်ထား၏)။

၉ - အင်္ကုရပေတ၀တ္ထု

၂၅၇။ အကြင်အကြောင်းကြောင့် (ဘဏ္ဍာကို ရောင်းသဖြင့် ရသော) ဥစ္စာကို ဆောင်ကုန်သော ငါတို့သည် ကမ္ဗောဇတိုင်းသို့ သွားကြရကုန်၏၊ ဤနတ်သားသည် အလိုရှိသည်ကို ပေးတတ်၏၊ ထိုအကြောင်းကြောင့် ဤနတ်သားကို ဆောင်ကုန်အံ့။

၂၅၈။ ဤနတ်သားကို တောင်းပန်၍သော်၎င်း အနိုင်အထက် ဆောင်၍သော်၎င်း ခေါ်ယူလျက် ယာဉ်ထက်သို့ တက်ပြီးလျှင် ဒွါရ၀တီမြို့သို့ လျင်စွာ သွားကုန်အံ့ (ဟု ပုဏ္ဏား ကုန်သည်က ပြော၏)။

၂၅၉။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဘူး၏၊ အိပ်မူလည်း အိပ်ဘူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အကိုင်းအခက်ကိုသော်မှလည်း မချိုးမဖဲ့ရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ (ဟု အင်္ကုရက ပြောပြ၏)။

ကံနဲ့ ဥာဏ်

 
ကံနဲ့ ဥာဏ်
မစွဲတာ ဥာဏ်၊ စွဲရင် ကံ၊ သံသရာလည်တာ ကံ၊ စွဲရင် လည်မှာပဲ။
ကံကြောင့် ဒုက္ခဖြစ်နေတာ။ သွားစွဲလို့ ဒုက္ခဖြစ်နေတယ်။ မနောစင်ကြယ်အောင်
နေ။ မနောသတ်ရင် ကာယ၊ ၀စီ ငြိမ်တယ်။ အပြင်ကံတွေ လုံတယ်။ ခန္ဓာမှာ
ဥာဏ်စိုက်၊ ခန္ဓာမှာ ကံမစိုက်နဲ့၊ ကံစိုက်ရင် တဏှာ၊ ရုပ်မှာ ကပ်နေတဲ့ တဏှာကို
ဥာဏ်နဲ့ကြည့်မှ သိမှာ။ ဥာဏ်ရရင် ကံပြတ်တယ်။ ဥာဏ်မရတော့ ကံမပြတ်ဘူး၊