၁။ ၀တ္ထု သမ္ပဒါ = အလှူခံပုဂ္ဂိုလ်တို့သည် ပစ္စေကဗုဒ္ဓာ ရဟန္တာ သို့မဟုတ် အနာဂါမ်ပုဂ္ဂိုလ်
စသည်ဖြင့် မြင့်မြတ်သောသူ ဖြစ်ခြင်း။
၂။ ပစ္စယ သမ္ပဒါ = အလှူဝတ္ထု၏ စင်ကြယ်သော တရားသဖြင့်ရသည့် ပစ္စည်း ဖြစ်ခြင်း။
Saturday, October 12, 2013
ဟိတ် (၆) ပါးနှင့် နိဗ္ဗာန်ဆီသို့။
( ဟေတု = ဟိတ် ) ဟိတ်ခြောက်ပါးတရားဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊
အမောဟ တို့ဖြစ်၏။ ရှေ့သုံးပါးက အကုသိုလ်တရားများ ဖြစ်၏။ နောက်သုံးပါးက ကု
သိုလ်နဲ့ အဗျာကတတရားများ ဖြစ်သည်။
သိုလ်နဲ့ အဗျာကတတရားများ ဖြစ်သည်။
စိတ်*****ရဲ့*****အဖေါ်

စိတ်ဆိုတာလေးကို ပြောလိုက်တာနဲ့ တရားအားထုတ်ဘူး၊ နာယူဘူး တဲ့သူတွေက နာမ်တရား ဆိုတာလေးကိုသိကြမှာပါ၊ကျနော်တင်ပြ
ချင်တာက စိတ်ကလေးဟာ၊ သူဟာသူဘဲအမြဲ မနေပါဘူး နောက်ထပ် စိတ်မှာအဖေါ် တယောက်ရှိပါတယ် ကျနော်တို့သတိမထားမိကြလို့
ဖြစ်ပါလိမ့်မယ် တချို့ကလည်း စိတ်တခုထဲ အားလုံးအလုပ်တွေကို လုပ်နေတယ် လို့ထင်ကြတယ် ဒါကိုကွဲကွဲပြားပြားလေး သိစေချင်တဲ့
စေတနာနဲ့ သူတော်ကောင်းတို့ကို တင်ပြပေးလိုက်ပါတယ်...။

ဆန္ဒရှိမှကိုးကွယ်ပါ...။
မွေးလာထဲကမျက်စိမမြင် တဲ့လူတယောက်ဟာ အဖြုရောင်၊အနီရောင်၊ တော၊ တောင်၊ ရေမြေ၊
ယုတ်စွအဆုံး လူဆိုတဲ့သတ္တ၀ါတောင် ဘယ်လိုပုံစံမှန်းသူမသိပါဘူး၊ အဲမျက်စိမြင်တဲ့ လူကတော့ မျက်စိမမြင်တဲ့သူကိုလည်း
မြင်တယ်၊ ကျန်တဲ့သဘာဝ အလှတရားတွေအားလုံးကိုလဲ တွေ့မြင်ခံစားနိင်တာပေါ့၊ နောက်တခု သတ္တ၀ါထဲမှာ အသိဥာဏ်
အမြင့်ဆုံး ဆိုတဲ့ “လူ” သတ္တ၀ါကို မွေးပြီးပြီးခြင်းမှာ လူဝံတွေနေတဲ့ လှောင်အိမ်ထဲကိုထည့်ပြီး လူဝံတွေနဲ့အတူကြီးပြင်းပါစေ

အပြစ်ကင်းသော ရှင်ပြုနည်းမှန်၊ (သို့ မဟုတ်) ရှင်သာမဏေစစ်စစ်။
ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 

Friday, October 11, 2013
လူ၏ အဖြစ်နှင့် နတ်ပြည်သို့ရောက်သူ အလောင်းတော် ၄ ပါး။
၁။ ဂုတ္တလ စောင်းသမား = နတ်ပြည်၌ တမုဟုတ်၊ လူ့အရေအတွက် ခုနှစ်ရက်။
၂။ သာဓိနမင်း = နတ်ပြည်၌ ခုနှစ်ရက်၊ လူ့အရေအတွက် အနှစ်ခုနှစ်ရာ။
၃။ နေမိမင်း = နတ်ပြည်၌ တမုဟုတ်၊ လူ့အရေအတွက် ခုနှစ်ရက်။
၎။ မန္ဓာတ်မင်း = တာဝတိံသာနတ်ပြည်၌ သိကြား ၃၃ ယောက်တို့ အသက် အပိုင်းအခြား

အားကိုးရာ မလွဲမှားစေနဲ့။
ဘုရားကိုးကွယ်တာ တန်ခိုးအရာကို ကိုးကွယ်တာမဟုတ်ဘူး။ အဆုံးအမကို ကိုးကွယ်တာ
ပါ။ အန္တရာယ်ကင်း ဘေးမရှင်းတာဟာ သီလအကြောင်း မကောင်းလို့ဘဲ။ ဥစ္စာဓန ဆင်းရဲစေခြင်း
အကြောင်းဟာ ဒါနအကြောင်း မကောင်းလို့ဘဲ။ စိတ်ရောကိုယ်ပါ ချမ်းသာချင်ရင် ဘာဝနာအလုပ်
ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ မိမိကိုယ်တိုင် အားကိုးလောက်တဲ့ ဒါန၊ သီလ၊ ဘာဝနာ။ သီလ၊
သမာဓိ၊ ပညာတို့ကို လုံလောက်အောင် ဖြည့်ကျင့်ရမယ်။ ဘုရားရဲ့ အဆုံးအမအောက်မှာ နေကြ
တဲ့ ဗုဒ္ဓဘာသာဝင် လူသားများအားလုံး ဖြည့်ဆည်းရမယ့်တရား ငါးပါးရှိပါတယ်။ တစ်ပြေးညီ တစ်
သွေးတည်း၊ တစ်သားတည်း ညီညွတ်သဒ္ဓါရှိကြမှသာလျှင် ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ပါမယ်။
ဖြည့်ဆည်းစရာ ငါးမျိုးကတော့ မှန်ကန်သော သဒ္ဓါ ဖြစ်ရမယ်။ လွန်ကဲသောသဒ္ဓါ မဖြစ်
စေရပါ။ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှုလည်းရှိရမယ်။ အပေါ်ယံ ယုံကြည်မှုမဖြစ်အောင်
ဘယ်လို ယုံသလဲ၊ ဘယ်လောက်ယုံသလဲ၊ ဆန်းစစ်ကြည့်နေပါ။ တရားစခန်းဝင်ဖူးကြသူတိုင်း၊
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိတွေ လျော့သွားရမယ်။ ပျောက်သွားရမယ်။ ပညာရပ်တစ်ခု
ဆိုတာ အသုံးချရမှာ၊ ဒီလိုမှ မဟုတ်ရင် ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှာ မဟုတ်တော့ဘူး။
မကောင်းမှု ဖြစ်ရမှာကို ရှက်လည်းရှက်ရမယ်။ ကြောက်လည်းကြောက်ရမယ်။ မိမိကြောင့် သူ တစ်ပါး ဒုက္ခရောက်မှာကို ရှက်လည်းရှက်ရမယ်။ ကြောက်လည်းကြောက်ရမယ်။ ဗုဒ္ဓဘာသာမှန်
ရင် မိမိရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံကြောင့် ဒုက္ခမရောက်စေမှသာလျှင် ဘုရားစကားကို နား
ထောင်သူ ဘုရားအပေါ် ယုံကြည်သက်ဝင်သူ အစစ်ဖြစ်တယ်။
သာသနာ့ အကျိုးဆောင်တွေဟာ မိမိကိုယ်မိမိ အောက်ကျို့နှိမ့်ချပြီး လူတိုင်းအပေါ် စောင့်ရှောက်ရမယ်။ ပံ့ပိုးရမယ်။ ကူညီရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။ နူးညံ့သောစိတ်ထား၊ သိမ်
မွေ့သောနှလုံးသား၊ အကောင်းမြင်ဝါဒ လက်ကိုင်ပြုနိုင်ရမယ်။ ပေးဆပ်သူရဲ့ နှလုံးသားအမြဲတမ်း
ဖြစ်နေရမယ်။ မိမိက ရယူပိုင်ဆိုင်မှုထက် စွန့်လွတ်အနစ်နာခံသူက အထက်တန်းကျသူပါ။ သာသ
နာ့အကျိုးဆောင်တွေ စိတ်နေစိတ်ထားဟာ သူများထက်သာရမယ်။ အမူအကျင့်လည်း သူများ
ထက်သာရမယ်။ စင်းလုံးချောဖြစ်အောင် ကြိုးစားရမယ်။ ကိုယ့်ဆရာသမားကို ဂုဏ်သိက္ခာမကျ
စေရဘူး။ကိုယ်ကိုတိုင်လည်း ကိုယ့်သိက္ခာကို မြင့်နိုင်သလို ကိုယ့်ဆရာသမားကိုလည်း ရိုသေလေး
စား တန်ဖိုးထားရမယ်။ တရားသိသူဟာ လောကကြီးနှင့် အံဝင်ဂွင်ကျ ဖြစ်တယ်ဆိုတာ သူတော်
ကောင်းတို့ နားလည်သဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
၂၁.၇.၂၀၀၉ နေ့၊ မင်္ဂလာတိုက် (မှော်ဘီ)၌ ဆရာတော်ဥူးသုမင်္ဂလ ဟောကြားတော်မူသော ရွှေသြ၀ါဒ အနှစ်ချုပ်တရားမှ ကောက်နုတ်ရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
====================
“ ဂုဏ်အလှ ”
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)

ဒုလ္လဘအတွေးတခု (သင်္ကြန်ဆောင်းပါးတပုဒ်)

နတ်တွေပြောတဲ့ သူတော်ကောင်း ဆိုတာ။
သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်
ကျေးဇူးဆပ်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့ နတ်တွေက သတ်မှတ်ပါတယ်။

Thursday, October 10, 2013
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရျင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ

ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ

ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။
၃၈-ဖြာ မင်္ဂလာ
ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့ပါသည်။

Wednesday, October 9, 2013
နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။
ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ

ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်
ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ်ပြုထိုက်သော ကောင်းမှု

မဂ်၊ ဖိုလ်၊ ရမည့်သမာဓိအဆင့်ဆင့်.....။

သီလ၊ သမာဓိ၊ ပညာ၊ ဟုအဆင့်ဆင့် ဆိုရာဝယ်..။
သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး ရှိတဲ့ထဲမှာ ပညာကို လုပ်ရင်သီလနဲ့ သမာဓိဟာ တခါတည်း ပါသွားပါတယ်၊ ဒီအကြောင်းအသေးစိတ်လေး
တင်ပြချင်ပါတယ် ဘုရားရှင် လက်ထက်တော်က မပဋာ ဟာ သွက်သွက်ခါအောင် ရူးသွတ်နေရာမှ ဘုရားရှင်ဟောတဲ့ ခန္ဓာဉာဏ်ရောက် တရား

ဒုက္ခသစ္စာ၊ ပါးပါးလေးတခု..။

(သင်ခွင့်ရဘူးလား)
သင်ငယ်စဉ်ကျောင်းနေချိန်မှစလို့အကြောင်းကြောင်းကြောင့်ခွင့်ယူဘူးလား ?
သင့်ကျောင်းကခွင့်ပေးတာဘဲမလား.............................................။
သင်အရွယ်ရောက်ချိန်သင့်ချစ်သူနဲ့တွေဖို့ချိန်းပြီးမှအရေးကြီးကိစ္စတခုပေါ်လာ
လို့ချစ်သူနဲ့မတွေ့ဖြစ်ရင်သင့်ချစ်သူကိုတောင်းပန်ဘူးလား ?
မေးခွန်းလေးတစ်ခု

(လူ၊သတ္တ၀ါတို့အတွက်အရေးကြီးဆုံးမေးခွန်းတခု)
လူ၊သတ္တ၀ါတို့သေလျှင်အဘယ်ကြောင့်အပ္ဖါယ်၊ငရဲသို့ရောက်ရသနည်း............?
(က)အနောက်တိုင်းဘာသာတခု၏အဖြေမှာ......................................။
(၁)ထာဝရဘုရားသခင်ကိုမယုံကြည်သောသူများ.........................။
(၂)ဘုရားသခင်၏ပညတ်တော်[10]ပါးကိုမလိုက်နာသူများ.............။
(၃)ဘုရားမကြိုက်တာလုပ်သူများဟာငရဲသို့ရောက်ကြပါတယ်.........။

သဒ္ဒါအမှားနှင့် လမ်းလွှဲလိုက်နေကြသူများ သတိပြုပါ။
ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို

Tuesday, October 8, 2013
ကံကြမ္မာ ၀ဋ်ကြွေးကို ပေးဆပ်ရတယ်။
“၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက
ကိုယ်ကိုယ် တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့
တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ

ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား ...?

ဒကာ။ ။ ဒုက္ကရစရိယာ အကျင့်ဟာ ပဓာနအလုပ် မိစ္ဆာဒိဋ္ဌိ အကျင့်မဟုတ်ဘူးဆိုရင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်မှပဲ ဘုရားဖြစ်ရတော့မှာလား၊ ယင်းကို မကျင့်ရင် ဘုရားမဖြစ်ရတော့ဘူးလား ဆရာတော်၊ ရှင်းပြပါဦး။
အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ
ဥုံ မဏိ ပဒ္မေ ဟုံ နှင့် ပစ္စယော

ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီအကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။
လူတိုင်းလူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။
လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =

Monday, October 7, 2013
မိစ္ဆာဝိတတ်ရဲ့ သဘောတရား။
မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ
မဂုဏ်အာရုံနဲ့ပတ်သက်ပြီး စဉ်းစားလာပြီဆိုရင် ပိုက်ဆံ ချမ်းသာချင်ရင် ပိုက်ဆံကို မရ ရအောင်

ဘုရားအလောင်းတော်တိုင်း ဒုက္ကရစရိယာ ကျင့်ရတာပဲလား
ဒါပေမဲ့
ဒါလောက်တောင်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ လုပ်ငန်းကြီးကို
ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဒုက္ကရစရိယာ အကျင့်ကို
ကျင့်ကြံအားထုတ်ရတာပဲလား ဆရာတော်၊ စာပေက ဘယ်လိုဆိုပါသလဲ ဘုရား၊
မိန့်ကြားပါဦး။
ဝိပဿနာဘူမိ ၀ိပဿနာဘုံဆိုတာ ဘာလဲ
ဒကာ။ ။
ဆရာတော်တွေ တရားဟောတဲ့အခါ ၀ိပဿနာအပိုင်းရောက်ရင် “၀ိပဿနာ ဘူမိ”
“၀ိပဿနာဘုံ” ဆိုတဲ့ ဝေါဟာရကို မကြာခဏပြောဟောကြပါတယ်၊ အဲဒီ ၀ိပဿနာဘူမိ
ဆိုတဲ့ စကားပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို လင်းပြပေးပါဦး ဆရာတော်။
လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာဖြစ်သူ
ဒကာ။ ။ ဘုရားသာသနာတော်မှာ လူအမျိုးသားထဲကတော့ ရှင်ကောဏ္ဍညမထေရ် ဟာ ရှေးဦးစွာ အရိယာ ဖြစ်တယ်လို့ သိမှတ်ရဖူးပါတယ်၊ လူအမျိုးသမီးထဲက ဘယ်သူဟာ ရှေးဦးစွာ အရိယာအဖြစ်ကို ရယူသွားပါသလဲဆရာတော်။
Subscribe to:
Posts (Atom)