Saturday, September 28, 2013

ဗုဒ္ဓဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။

      ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်

ပါရာဇိက ၄ ပါး။

ပါရာဇိက ၄ ပါးမှာ ==
၁။ မေထုန ပါရာဇိက = မေထုန်ဟူသော မမြတ်သောအကျင့်ကို ကျင့်ခြင်း။
၂။ အဒိန္နဒါန ပါရာဇိက = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက = လူစင်စစ်အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ခြင်း။

ဝိဇ္ဇာသုံးပါး တူသလား




ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် မဇ္ဈိမပဏ္ဏာသပါဠိတော်၊ တေ၀ိဇ္ဇ၀စ္ဆသုတ်ကို အကျဉ်းချုပ်ဖော်ပြ၍ -
`ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်း သိမြင်မှု (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်း သိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။

"စိတ်ညစ်ရင် အာရုံပြောင်းပါ"

 

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့  တစ်နေ့ မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။ ကိုရင် တိဿက သူစိတ်ညစ်လို့  လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။ ဒီတော့ ဆရာဘုန်းကြီးက "အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊ အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ်။ ဒါကြောင့် အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ" ဆိုပြီး တွေးမိပုံရပါတယ်။ 

အဖြူရောင်အဇ္ဈတ္တ




မကောင်းမှုရှောင်။
(သဗ္ဗပါပဿ အကရဏံ)
ကောင်းမှုဆောင်။
(ကုသလဿ ဥပသမ္ပဒါ)
စိတ်ကိုဖြူအောင်ထား။
(သစိတ္တပရိယောဒပနံ)
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။
(ဧတံ ဗုဒ္ဓါန သာသနံ)

မိဘက “သား” လို့ တစ်ခါမှ မခေါ်ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။

       တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့
အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်

Friday, September 27, 2013

ဖခင်ကို အသက်ပေး၍ လုပ်ကျွေးသော အလီနသတ္တု မင်းသား

ရှေးလွန်လေပြီးသော အတိတ်ကာလက ကပိလတိုင်း၊ ဥတ္တရပဉ္စာလမြို့၌ ပဉ္စာလမင်း၏သားတော် ဇယဒိသမင်းသားသည် ခမည်းတော်၏ အရိုက်အရာကို ယူ၍ မင်းပြုတော်မူ၏။ ထိုဇယဒိသ မင်းသားအား အလီနသတ္တုအမည်ရှိသော သားတော်တပါး ထွန်းကားတော်မူသဖြင့် အိမ်ရှေ့မင်းအရာ အပ်နှင်း၍ နိုင်ငံတော်အတွင်း စီးနင်းအုပ်ချုပ်စေတော်မူသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာ

                          ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာ

သိကြားသာသနာ မရှိပါ
စာရေးသူတို့ ငယ်ရွယ်စဉ်က သာသနာ နှစ်ထောင့်ငါးရာ ကျော်ရင် သိကြားသာသနာ ရောက်လိမ့်မယ်။ အဲဒီအခါ သိကြားမင်းက မကောင်းသူတွေကို ပယ်၊ ကောင်းသူတွေကို ကယ်လိမ့်မယ်-ဟု လူကြီးများ ပြောဆိုသံ ကြားခဲ့ရဖူး၏။ ယခုလည်း အချို့လူများက သိကြားသာသနာအကြောင်း မေးကြ မြန်းကြ၏။ ယခု ကျမ်းဂန် လာသည့်အတိုင်း ဤအကြောင်းကို တင်ပြပါမည်။

တရားအသိရှိမှ၊ အသိတရားရှိမယ်။

         လူတွေကပြောကြတယ်။ စီးပွားဥစ္စာတွေ တိုးတက်လို့၊ ကျန်းမာလို့၊ ခေတ်အခြေအနေ
ကောင်းလို့၊  ဟိုသွား ဒီသွားနဲ့ ကြိုက်တဲ့နေရာကိုသွားပြီး ပျော်ပျော်ပါးပါး နေထိုင်ကြရလို့ရှိရင်
လူဖြစ်ကျိုးနပ်ပြီလို့ ပြောကြတယ်။ အာရုံငါးပါးကို မစွန့်နိုင်သူတွေဟာ မဂ်နဲ့ဝေးပြီး လူဖြစ်ကျိုး
လဲ မနပ်ဘူး။ သာသနာနဲ့ ကြုံတွေ့နေတယ်။ ဘုရားတရားတော်တွေ နာယူခွင့် ရနေတယ်။ အဲဒီ

သတ္တဌာန ၇ ပါး။

သတ္တဌာန ၇ ပါးမှာ ==
၁။ အောင်မြင်တော်မူသော ဗောဓိပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန။
၂။ ဗောဓိပင်မြောက်ဘက် ဆယ်လံကွာ အနိမိသအရပ် ဌာန။
၃။ ဗောဓိပင်နှင့်အနိမိသအကြား နှစ်လံကွာ ဌာန ရတနာစင်္ကြံ။

မာန်မာန ကင်းရှင်းခြင်း

မာန်မာန ကင်းရှင်းခြင်း

“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို
အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ

သာမညဆရာတော် ဘုရားကြီး ဘဒ္ဒန္တ၀ိနယ ၏ ချမ်းသာအစစ်။

    ရာထူးဂုဏ်ရှိန် စည်းစိမ်ချမ်းသာ ဥစ္စာရတနာတို့  ပိုင်ဆိုင်ခံစားခြင်း ဟူသည်ကိုပင် ပုထုဇဉ်တိုင်း
လိုချင်တက်မက် ကြပါသည်။ ယင်းချမ်းသာခြင်း၏ နောက်ကွယ်၌ ဆင်းရဲခြင်းသည် ရှိသည့်အတွက်
ချမ်းသာအတု အယောင်သာဖြစ်သည်။ ရတနာသုံးပါးကို အမှီပြုလျှက် ရရှိသော ချမ်းသာမှုကား
ထာဝရတည်တန့် နေသော ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါသည်။

Thursday, September 26, 2013

ဒေါက်တာအရှင်ဆေကိန္ဒ၏ နေ့စဉ်အလုပ်၊ နေစဉ်လုပ်။

      “နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့
လယ်တိုင်း၊ ညဥ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန်
သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း
လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း

မဂ္ဂင် ရှစ်ပါး။

မဂ္ဂင် ရှစ်ပါးမှာ ==
၁။ သမ္မာဒိဌိ = သစ္စာတရားလေးပါးကို ကောင်းစွာမြင်ခြင်း။ မှန်ကန်သောအယူရှိခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသောအကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက်လေးပါးမှ ကြဉ်၍ ကောင်းသောစကားကိုပြောဆိုခြင်း။

ရသေ့ကို ဖျက်ဆီးသော သိကြားမင်း

ရသေ့ကို ဖျက်ဆီးသော သိကြားမင်း

ဘုန်းဘုန်းဘုရား တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား။ "ဣသိသိင်္ဂရသေ့ဟာ ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။
သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်းသိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာမည်သော နတ်သမီးကို စေလွှတ်၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးလေ၏။"

ဗုဒ္ဓဝါဒနှင့် မိန်းမသား

ဗုဒ္ဓဝါဒနှင့် မိန်းမသား

‘ဗုဒ္ဓဝါဒ’ ဟူသည် အဘယ်နည်း။ အကောင်းသက်သက်သာ ရှုမြင်သော အကောင်းမြင်ဝါဒလည်း မဟုတ်။ အဆိုးသဘော အပျက်သဘောတို့ကိုချည်း ရှုမြင်သော အဆိုးမြင်ဝါဒလည်း မဟုတ်ပေ။ ထိုဝါဒ နှစ်ခုစလုံးသည် ဗုဒ္ဓဝါဒအတွက် အစွန်းတရားများ ဖြစ်သည်။ ဗုဒ္ဓဝါဒသည် အစွန်းရောက်သော ဝါဒမဟုတ်ချေ။ အလယ်အလတ်ကျင့်စဉ် တရားဝါဒသာ ဖြစ်လေသည်။

ခန္ဓာဥာဏ်ရောက်သောကပျောက်သူပဋာစာရီ



ဘယ်လောက်ပဲပုထုဇဉ်ဟာလောကီအမြင့်တန်းကိုရောက်ရောက်သူ့အဖြစ်ဟာမြတ်     သောအဖြစ်မဟုတ်သေးဘူးဆိုတာသိသင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့သူဟာလောကီအောင်မြင်မှုတွေအပေါ်မှာပြုံးရွှင်ရယ်မောနေသကဲ့သို့လောကီဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရတဲ့အခါတုန်လှုပ်ခြင်းများစွာနဲ့ပူဆွေးငိုကြွေးတတ်လို့ပဲဖြစ်ပါတယ်။