Saturday, May 18, 2013

မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ (ဗုဒ္ဓနေ့အတွက်)။

263197_458006074290931_661580517_n
တစ်နေ့ ဇေတ၀န်ကျောင်းတိုက်    ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ
မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။
သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းကြီး ဘ၀က သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။

အသဲကွဲဝိပဿနာ

အချစ်မှာမျက်စိမရှိဘူးတဲ့-ဘာဖြစ်လို့လဲဆိုတော့-အသဲနှလုံးထဲကချစ်တာလေ
အသဲနှလုံးမှာမျက်စိမှမရှိတာဦးခေါင်းမှာတော့ ဦးနှောက်လဲရှိတယ်မျက်စိလဲရှိတယ်-
ဒါကြောင့်သူကချစ်သင့်မချစ်သင့်ဆုံးဖြတ်ပေးတယ် – အမှားအမှန်ကိုဆုံးဖြတ်ပေးတယ်
ဟုတ်ပါသလား -လူတွေအားလုံးကဒီဘဲလက်ခံထားကြတယ် -
ဒါကြောင့်ဒီလိုပြောကြတာပေါ့
(ဒါပေမဲ့မှန်တာကိုဝင်ခံရရင်သိလာပြန်တော့လဲမချစ်ဘဲမနေနိုင်ခဲ့ပါဘူး-
ဒီကိစ္စမှာအသဲနှလုံးစကားပြောတယ်

Friday, May 17, 2013

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၂) ။

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၁)

၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို
ရိုသေကြစေ၊ သာမဏေက
သူငယ်စ,သား၊ တပည့်များကို
မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်

ဥပုသ် သီလ စောင့် ခြင်း ၏အကျိုး ကျေးဇူးမှာ…..

လက် ငင်း အကျိုး ကျေးဇူးအ နေဖြင့် ငါးပါးသီလ ရဲ့ အကျိုးကိုအပြန်အလှန်အကျိုး ကျေးဇူး ရပါသည်။မိမိအသက်အသက်မခံ ရပဲအသက် ရှည် စွာ နေ ရခြင်း , ပစ္စည်း ဥစ္စာလုယက် ခိုးယူမခံ ရပဲပစ္စည်း ဥစ္စာတိုးပွားခြင်း ,မိမိသားသမီးသားမယားအားတစ်ပါးသူပြစ် မှားအနိုင် အထက်မပြုနိုင် ခြင်း ,သူတစ်ပါးလိမ် ညာလှည့်ဖြား ကောက် ကျစ် ယုတ်မာမှုမခံ ရခြင်း , စိတ် တည် ငြိမ် ချမ်းသာပြီး ရူးသွပ် မှုကင်း ဝေးခြင်း စသည့်ယခုဘဝအကျိုး ကျေးဇူး ရ ရှိ ခံစား ရ မည် ဖြစ် ပါသည်။
စောင့် ထိန်း အပ် သောဥပုသ် အကျိုးကား လူမင်း စည်း စိမ် , နတ် မင်း စည်း စိမ် အကြိမ် ကြိမ် ခံစား ရ မည် ဖြစ်ပါသည် ။

“သမထနှင်.၀ိပဿနာ”

ဒီကနေ.ခေတ်မှာ ကမ္ဘာအနှံ. ကျယ်ကျယ်ပြန်.ပြန်. meditation ဆိုပြီးတော. သမထ အားထုတ်တဲ. အစဉ်အလာတွေဟာ နိုင်ငံတကာမှာလည်း လိုက်နာကျင်.သုံးနေကြတယ်။
ဟိုနိုင်ငံမှာလည်း meditation ၊ ဒီနိုင်ငံမှာလည်း meditation လို.ဆိုပြီးတော. meditation လုပ်ငန်းတွေဟာ ခုအခါမှာ popular ဖြစ်လာတယ်လို. ပြောရမယ်။ အဲဒီ meditation တွေဟာ ဘာရည်ရွယ်ချက်နဲ.လုပ်ကြတာလဲလို.. ရည်ရွယ်ချက်ထားပုံချင်း မတူဘူးပေါ.။
တချို.က meditation လုပ်တာဟာ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ချမ်းသာကို မျက်မှောက်ပြုဖို.ဆိုတဲ. အလွန်မြင်.မားတဲ. ရည်ရွယ်ချက်နဲ. အားထုတ်တဲ. ပုဂ္ဂိုလ်ရှိသလို
တချို.ကလည်းပဲ စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်လို. စိတ်ဖိစီးမှုဒဏ်တွေ လျော.ကျသွားစေရန် စိတ်ငြိမ်သက်မှု ရရုံ ရည်ရွယ်ပြီးတော. meditation
လုပ်ကြတာတွေက များတယ်။ ရည်ရွယ်ချက်ချင်း မတူဘူးပေါ.။

ဆယ်ပြားစေ့နှင့်ရတနာသုံးပါးကျေးဇူး

ဓမ္မာစရိယဦးဌေလှိုင်ရေးသော ရတနာသုံးပါကျေးဇူးကို ဖတ်နေရင်းက၊ စားရေးသူ ကိုယ်တွေ့ ရတနာသုံးပါးကျေးဇူး အကြောင်းကို ပြောပြချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာသည်။ စာရေးသူအတွက် ရတနာသုံးပါနှင့် ပတ်သတ်သော ကျေးဇူးတရားများကာ များပြာလှပေစွ၊ သို့သော် ထူးခြားသော အကြောင်းအရာများကိုပင်ပြောပါမည်။

“သမ္မပ္ပဓာန် လေးပါး (တရားအားထုတ်ခြင်း လုံ့လ လေးမျိုး)”

ဤသာသနာတော်၌ ရဟန်းသည် (၁) အကုသိုလ် မဖြစ်ရန် ကြိုးစားမှု …
မဖြစ်သေးသော အကုသိုလ် တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊
လုံ့လပြု၏၊
လုံ့လထုတ်၏၊
စိတ်ကို မြှောက်ပင့်၏၊
အဆက်မပြတ်အားထုတ်၏။

မဟာသမယသုတ် (မြန်မာပြန်)

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ပိုင်တယ် မပိုင်ဘူး..

လူတိုင်းဟာ ကိုယ်နဲ့ အသုံးတဲ့မယ်ထင်တဲ့ ပစ္စည်းတွေကို ၀ယ်ယူကြပါတယ်.အဲဒီလို ကိုယ်လိုချင်တဲ့ ပစ္စည်းကိုရသွားခဲ့ ရင် ငါ့ပစ္စည်း ငါ့ဥစ္စာ ငါ့ဟာ ငါ့ဟာ ဆိုပြီး သုံးနှုန်းနေကြပါတယ်.အလွယ်ဆုံးပြောရရင်
ကိုယ်ပိုင် ပစ္စည်းပေါ့.အဲဒီ ပစ္စည်းကို ရခဲ့ရင် အဲဒီ ပစ္စည်းကို ကိုယ်က ပိုင်သွားတာလား အဲဒီ ပစ္စည်းက ကိုယ့်ကို ပိုင်သွားတာလည်း စဉ်းစားကြည့်ကြပါစို့…

သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ

သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ

သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၎ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။

ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည်ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဥ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။

သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊

သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။

အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဥ့်နံနက်၊ ကတဉ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်းသုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ- ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ်အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။

ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။

သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက 'ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။

သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။

ထူပဿ ပရိစိဏ္ဏတ္တာ၊ ရဇောဇလ္လံ န လိမ္ပတိ။

ဂတ္တေ သေဒါ န မုစ္စ န္တိ ၊ သပဘာသော ဘဝါမဟံ။

ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့်များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိခြင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက် ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင့် အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။

ဗုဒ္ဓစာပေမှာ (၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊ (၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊ (၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း (၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။

တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။

စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။(ဓမ္မပဒ)

သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုတော် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူသောအကြောင်းကြောင့် သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါတို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြလေ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင့် သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အပေါ် ကြည်ညိုစိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။

သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။

လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ်တော်ရှု့။

စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။

မေတ္တာဖြင့်

အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

ခေတ္တ

နာလန္ဒာတက္ကသိုလ်

အိန္ဒိယနိုင်ငံ
သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၎ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။

ကျေးဇူးတရားများကို အမြဲ (သို့) မကြာခဏတွေးတောခြင်း

လူဆိုတာ တစ်ဦးနဲ့ တစ်ဦး ကျေးဇူးမကင်းကြပါဘူး။ ကိုယ်က တစ်ခါ ကူညီဖူးရင် သူက ကိုယ့်ကို တစ်ခါ၊ နှစ်ခါ ကူညီဖူးကြပါတယ်။ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရှိကြပါတယ်။ အဲလို ရှိမှလည်း အဲဒီလူမှုပတ်ဝန်းကျင်က အဆင်ပြေ လှပပါတယ်။
တစ်ဦးရဲ့  ကျေးဇူး ကို တစ်ဦးက ရယူပြီး မေ့ပျောက်လိုက်ရင်သော်လည်းကောင်း ၊ တစ်ဦးရဲ့ ကျေးဇူးကို တစ်ဦးက စော်ကားခြင်း၊ ချေဖျက်ခြင်း စတဲ့ အရာတွေကို ပြုလုပ်ရင် ..ထိုပတ်ဝန်းကျင်မှာ နေလို့ ထိုင်လို့ အဆင်မပြေကြပါဘူး။

သေချာတဲ့လမ်းကနေ ရွေးပြီးလျှောက်ပါ

တမလွန်ဘ၀ နောက်ဘ၀ကို ဘယ်လိုလုပ်ပြီးတော့
အဖြေရှာမလဲ၊ နောက်ဘ၀ဖြစ်ဦးမှာလား၊ မဖြစ်ဘူးလား၊
ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့  အကျိုးကို
ခံရဦးမှာလား၊ မခံရဘူးလား၊
အကုသိုလ်တွေက အကျိုးပေးသလား၊

“သောတာပန်ဖြစ်ပုံ လေးမျိုး (အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”

၁) သောတာနုဂမန – ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။
၂) ၀စသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။
၃) မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။
၎) ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ပြု ပြော တွေးလျှင် သတိယှဉ်

* ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။
ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။

အန္တရာယ်ကင်းအောင် ပရိတ်လေးတွေကိုယ်စီရွတ်ဖတ်ကြမယ်..(ဘာအတွက်ရွတ်ကြတာလဲ..)

၁။ မင်္ဂလသုတ် -
အ – မင်္ဂလာတွေ ၊ဒု – မင်္ဂလာ တွေကို ဘ၀မှာ မဖြစ်စေဖို့ သု-မင်္ဂလာတွေပဲ ဖြစ်စေဖို့
မင်္ဂလသုတ်ကိုရွတ်ကြရတယ် လို့ဆိုပါတယ်။ မင်္ဂလသုတ် ဟာ ဘ၀နေနည်းပါပဲ ။ ကျွန်တော်သဘောကတော့
ရွတ်ဆိုခြင်းဟာ ဘုရားရှင် ရဲ့ နှုတ်တော်က ထွက်လာတဲ့ ဓမ္မခန္မာတွေကို ပူဇော်တာဖြစ်လို့ ကုသိုလ်ရတာကို
လက်ခံပါတယ်။ ဒါပေမယ့် မင်္ဂလသုတ်ကိုရွတ်ဆိုခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို ပိုပြီးသဘောကျပါတယ်။

ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ

ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကိုရေးသား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီးမားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်းသိလိုပါတယ်ဘုရား )ဟု ရေးသားပြီး

ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်

ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ
၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။
၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။

ငြိမ်းချမ်းခြင်း တရားတော်

ငြိမ်းချမ်းနေတယ်၊
ငြိမ်းချမ်းနေတယ်။
ငြိမ်းချမ်းတာပဲ ရှိတော့တယ်၊
ငြိမ်းချမ်းတာပဲ ရှိတော့တယ်။
ငါစိတ်ချမ်းသာသလို အားလုံး စိတ်ချမ်းသာကြပါစေ။

လောကဓံ တရားနှင့် ကြုံလာရင်…

လောကဓံ တရားနှင့် ကြုံလာရင်…
ဖုဌဿလောက ဓမ္မေဟိ
စိတ္တံ နဿ ယကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ
ဧတံမင်္ဂလ မုတ္တမံ
The mind that is not touched by the vicissitudes of life, the mind that is free from sorrow, stainless, and secure — this is the highest blessing.

Thursday, May 16, 2013

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၁) ။

“ သုစိပုဘာ ဆုံးမစာ ”

သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊  ဤရှစ်လုံးကို
သီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့
စာသင်ပျိုနု၊  အခြေပြုတို့
ဥဇုဘူတ၊  လုံ့လပြင်းစွာ
သူ့ထက်ငါဟု၊  နှုတ်မှာရွရွ
ကြိုးပမ်းကလျှင်၊  သိပ္ပကျေးဇူး

သာသနာ ဆိုတာ

သီလ သမာဓိ ပညာ သည် ပိဋကပ်သုံးပုံကို ကိုယ်စားပြုပေသည်။ ၀ိနည်း သုတ္တာန် အဘိဓ္မာ
ဟု ဆိုပေသည်။ ဓမ္မခန္ဒာပေါင်း ရှစ်သောင်းလေးထောင်သည် သာသာနာတည်းဟူသော မြတ်စွာ
ဘုရားရှင်၏ အဆုံးအမများကို ကိုယ်စားပြုပေသည်။ဝိနည်း စည်းကမ်းသည် လိုက်နာကျင့်သုံး
ခြင်းနှင့် လိုက်နာကျင့်သုံးသည့်အခါ လူမျိုးမရွေး ဘာသာမရွေး အဆင့်အတန်းမရွေး တစ်တန်းတည်း
တူညီသော အကျိုးတရားကို ပေးနိုင်စွမ်းရှိပေသည်။

Wednesday, May 15, 2013

ကိုယ့်နဖူးမှာ မကောင်းတဲ့ ပကတိအမာရွက်

အခု မှတ်မိတဲ့အကြောင်းက သုံးတန်းက ဆရာမအကြောင်းပေါ့။  ဆရာမကိုတွေ့တော့
ကိုယ့်ရဲ့စိတ်ထဲမှာ သနားတာလိုလို၊ အဲဒီလို မဖြစ်စေချင်တာလိုလို၊ ဆရာမကိုမဖြစ်စေချင်သလို
ကိုယ်လည်း အဲဒီလို မဖြစ်ချင်ဘူး။ ဆရာမရဲ့ ပါးပြင်မှာ အမာရွက် တစ်ခုရှိတယ်။ အမာရွက်ဆို
တာ ထိခိုက်မိလို့ ရတဲ့အမာရွက်မျိုး မဟုတ်ဘူး။ ပြာပြာအရောင် နီညိုရောင် အမှတ်ကြီးတစ်ခု။
ပါးပြင်ကနေ လည်ပင်းဘက်အထိ ရောက်တယ်။

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး

အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။

၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား

အနုမာနဉာဏ်ကနေပြီးတော့ နောက် ပဋိဝေဓ

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅၄) အနုမာနဉာဏ်ကနေပြီးတော့ နောက် ပဋိဝေဓ ဆိုတဲ့ ကိုယ်တိုင် ထိုးထွင်းပြီးတော့ သိနိုင်တဲ့ အသိဉာဏ်မျိုးရအောင် အားထုတ်နိုင်ကြပါစေသတည်း
ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ ဥပမာလေးတစ်ခုက ရေမြောင်းလေးတစ်ခုရဲ့ ဟိုဘက်ကို ခုန်ကူးချင်တဲ့သူဟာ ဒီဘက်ကမ်းမှာရှိတဲ့ သစ်ပင်ကို ကြိုးလေးချည်ထားတယ်၊ သစ်ကိုင်းကို ကြိုးလေးနဲ့ ချည်ထားပြီး အဲဒီကြိုးလေးကို တွဲလောင်းခိုပြီးတော့ ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ခုန်တာ၊ ကြိုးဆွဲပြီးတော့ ဟိုဘက်ကမ်းကို ခုန်တာ၊ ဟိုဘက်ကမ်းလည်း အခြေချမိရော ကြိုးကို ကိုင်ထားသေးလား၊ လွှတ်လိုက်တာ။ ကိုင်ထားရင် ဒီဘက်ပြန်ရောက်လာမှာ ပေါ့နော်။

ဘုရားဖူးရင်း ငိုရသည်

မြန်မာပည်တလွှားတွင်ဘုရားဖူးရသည်မှာ လွန်စွာကြည်နူးဝမ်းမြောက်ဖွယ်ကောင်းပါသည် သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။

သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍

ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ….
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ထေရုပ္ပတ္တိအကျဉ်း

ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရုပတ္တိအကျဉ်း

မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ အင်္ဂါနေ့(၁၆-၂-၆၅) တွင်ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။
၁၃၃၈ ခုနှစ်တွင် မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၌ ဆရာတော် ဦးပညာသာမိကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟုဖြင့် ရှင်သာမဏေ ဘ၀သို့ရောက်ရှိ သည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ထေရုပ္ပတ္တိ

အရှင်ဆန္ဒာဓိက

ရွှေပါမီတောရ အရှင်ဆန္ဒာဓိက သည် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေများကို ရေးသားသော ရဟန်းတော် တစ်ပါး ဖြစ်သည်။ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ယနေ့ ဓမ္မစာပေနယ်ပယ်တွင် ပရိတ်သတ်အခိုင်အမာရရှိထားပြီး တရားပွဲများတွင် ပရိတ်သတ် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အဂ်ါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။
၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။

သင်…တနေ့မုချသေမည်ကိုသိလျှင်..ဖတ်ပါ…။(၂)

ကံအခွင့်သာ၍ ဥပစ္ဆေဒကကံဖြင့် သေရသူများ
၁။ ရှင်မဟာမောဂ္ဂလာန်သည် ရှေးက အမိကိုသတ်ခဲ့ဖူး၏။ အရှင်မောဂ္ဂလာန်ဘဝ၌ ထိုကံအခွင့်ရသဖြင့် ခိုးသားငါးရာတို့၏ သတ်ခြင်းခံရပြီး ပရိနိဗ္ဗာန်စံရသည်။
၂။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်၌ ဖိနပ်စီးခဲ့ဖူး၏။ ဗိမ္ဗိသာရမင်းဘဝ၌ ထိုကံကအခွင်ရသဖြင့် ခြေဖဝါး ဓားခွဲခံရပြီး နတ်ရွာစံရသည်။

********မလွန်ဆန်နိုင်သော တရားများ *********

၁ ။ ငါမှာအိုခြင်းသဘောရှိတယ် အိုခြင်းသဘောကို ငါလွန်ဆန်နိုင်ဘူး ။
၂ ။ ငါ့မှာ နာခြင်းသဘောရှိတယ် နာခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူး ။
၃ ။ ငါ့မှာသေခြင်းသဘောရှိတယ် သေခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူး ။

******* ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဆီမီးတိုင် နှင့်ဆီမီးပူဇော်လှူဒါန်းခြင်းးအကျိုးကျေးဇူးများ *******

ကျွန်မတို့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မြတ်စွာဘုရားရှင်ကို ရည်ရွယ်မှန်းထားပြီး ဆီမီးပူဇော်
လှူဒါန်းခြင်းထက် မလိုလာအပ်တဲ့ ဘယ်ဗေဒင်ကဟောလိုက်လို့ ဘယ်နတ်ကတော်ကဟောလိုက်လို့
ရှစ်မျက်နှာဘုရားမှာ သွားပြီး ဆီမီးတိုင်တွေကို သက်စေ့သော်လည်းကောင်း နည်းများမဆို လွဲမှားစွာ
လှူဒါန်းမူ့ပြုနေကြတာဟာ အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ် ။

ခန္တီ၏ သဘော

ခန္တီဟူသည် သည်းခံခြင်း၊ အမျက်မထွက်ခြင်းဟု နားလည်ထားပါသည်။ သူတစ်ပါးတို့က မိမိအပေါ် ကာယကံ၊ ၀စီကံတို့ဖြင့် လွန်ကျူးလာသည်ကို အမျက်မထွက်ခြင်းသည် သည်းခံခြင်းဟု ဆိုလေရာ သူတော်ကောင်း တရားဖြစ်သဖြင့် လိုက်နာကျင့်သုံးထိုက်လှပေသည်။ သို့သော် လူမိုက်တစ်ယောက်၏ ဤသို့ကျူးလွန်လာမှုကို သည်းခံလိုက်လျှင် ထိုလူမိုက်က သူ့ကိုယ်သူ အမှန်ထင်သွားပြီး အလားတူ ပြစ်မှားမှုများကို ဆက်လက်ကျူးလွန်နေပေလိမ့်မည်။ သူတော်ကောင်းတို့က သည်းခံလေ၊ သူယုတ်မာတို့ အခွင့်အရေးရလေ ဖြစ်လာမည်ဟု ထင်မိပါသည်။ ထို့ကြောင့် သည်းခံခြင်းဟူသော ခန္တီ၏အတိုင်းအတာကို မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း နာယူလိုကြောင်း မေးခွန်းတစ်ခုတင်လိုက်ပါသည်။

Tuesday, May 14, 2013

သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍

ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ….
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။
ပဓာနကျလတ်၊ ပရိယတ်ကို
တတ်အပ်သမျှ၊ သင်ပို့ချလော့။ ။

ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု

ကျွန်တော်တို့ ဓမ္မမိတ်ဆွေများအကြား အငြင်းပွားလျက် မဆုံးဖြတ်နိုင်သော ပြဿနာတစ်ရပ် ရှိနေပါသည်။
အချို့က ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိဟု ဆိုပါသည်။
အချို့က အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်ဟု ဆိုပါသည်။

အရှက်နှင့် အကြောက်

ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။

ငရဲကျကြောင်း တရား(၁၀) ပါး

ငရဲကျကြောင်း တရား(၁၀) ပါး

(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။

(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။

(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။

(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။

(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်းတမ်းသောစကားကို

ပြောကြားတတ်ခြင်း။

(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။

(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို ရှေးရှုကြံစည်မှု အဘိဇ္ဈာစိတ် အကြံရှိခြင်း။

(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသောစိတ်အကြံရှိခြင်း။

(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်း။

Credit to

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ
ငရဲကျကြောင်း တရား(၁၀) ပါး

(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။ (၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။
(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၅)

ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ….
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။

*** ယစ်မူးမှုသုံးမျိုးနှင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ နောက်ဆုံး မှာစကား ***

လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က  အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့   ထင်တာ။  လောကလူတွေကို သတိထားပြီး ကြည့်လေ၊  စီးပွါးဥစ္စာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး
အာဏာရှိတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် အားလုံး ဖြစ်တယ်” ဆိုတဲ့ စိတ်အတွေး ရှိတယ်။ ကျန်းမာတဲ့
ပုဂ္ဂိုလ်ကလည်း “ငါကျန်းမာတယ် ဘာမဆို လုပ်နိုင်တယ်”  ဆိုတဲ့ အတွေး ရောက်လာတယ်။  အဲဒီအ
တွေး ရောက်မှုတွေဟာ ယစ်မူးမှုတွေပဲ ဖြစ်တယ်။

မိဘက “သား” လို့ တစ်ခါမှ မခေါ်ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။

တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့
အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်
ဖြစ် သားသမီးကို ချစ်ပါသည်။ ဘယ်အမေဖြစ်ဖြစ် သားသမီးကို ချစ်ပါသည်။ ချစ်ပုံချစ်နည်းသာကွာ
တာ။ အဲဒီလိုဆိုတော့ ပြောစရာက ဖြစ်လာတာပေါ့လေ၊ ဦးဇင်းတို့ အဖေကလည်း ကိုယ့်ကိုချစ်တာပဲ
ဦးဇင်းတို့ အမေကလည်း ကိုယ့်ကိုချစ်တာပါပဲ။

ကာမဂုဏ်၊ တဏှာ၊ ကိလေသာဖြင့် အပါယ်တံခါး ပိတ်ပြီး သံသရာထွက်လမ်းအစကို ရအောင်ယူနည်း။

ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။   သူ
တော်ကောင်းတို့သည် မိမိတို့၌ သားမယား၊ လင်သား၊ စပါးဆန်ရေ၊ ရွှေငွေ၊ ဆင်မြင်း၊ တိုက်တာခြံမြေ
တို့ကို မပစ်မစွန့်ရဘဲ၊  ကာမဂုဏ် စည်းစိမ်ကြီးပေါ်က စံစား၍  နိဗ္ဗာန်သို့  သွားနိုင်သော  အနာထပိန်၊
ဝိသာခါတို့လို  သောတာပန်ဖြစ်ခြင်း လမ်းကြောင်းမှန်ကို သိဖို့လိုပါသည်။

ဓမ္မဒူတ အရှင်ဆေကိန္ဒကတော့ လက်ရေးပြင်ချင်စိတ်ရှိရင် ဘ၀လှအောင်ပြင်ချင်စိတ်ရှိမယ်လို့ ပြောပြပေးပါတယ်။

ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား
ရပ်ရွာတွေက  မူလတန်းအရွယ် ကလေးတွေကို  ပညာရေး ဖြည့်ဆည်းပေးနေတာက   ဆရာတော်
“ဦးတိဏ္ဏတဲ့”။ ဘုန်းဘုန်းတို့ကတော့“ဘုန်းဘုန်းတိဏ်” လို့ပဲ  ခေါ်ပါတယ်။  ဘုန်းဘုန်း သူငယ်တန်း
အရွယ်က အဲဒီ“ဘုန်းဘုန်းတိဏ်” ကျောင်းမှာပဲ နေခဲ့ရတာ။

ပျော်ရွင်စရာ၊ ၀မ်းသာစရာ၊ အကောင်းဆုံး မိသားစုဘ၀သို့ ရောက်အောင် ကိုယ်တိုင်ရွေးချယ်နည်း။

ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။  အိမ်ဆိုတာက  အိမ်ကောင်းရင်လည်း  နေတဲ့သူက
ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။

အရှင်မောဂ္ဂလန် မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

အရှင်အဿဇိ မထေရ်မြတ်ကြီး  ဟောကြားသော လောကမှာဖြစ်လာသမျှ   ဖြစ်နေတာတွေ  မှန်သမျှ  အကြောင်းတရားဆိုတာ ရှိတယ်။ ဒီအကြောင်းအကျိုး  သိရှိနိုင်မှု  ပညာဉာဏ်တရားဟာ
အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး အလောင်းအလျာကို သောတာပန် ဖြစ်စေခဲ့ပါတယ်။ သောတာ
ပန်  ဖြစ်ပြီးတဲ့  ဥပတိဿဟာ အတူနေတဲ့  ကောလိတ အရှင်မောဂ္ဂလန် မထေရ်မြတ်  အလောင်း
တော်ဆီ ပြန်သွားခဲ့တယ်။ ကောလိတက “ငါ့ရှင်ရဲ့ ဣနြေ္ဒတွေက ကြည်လင်လို့ ပါလား၊ တရားထူး
ရလာတယ်ထင်တယ်” လို့  မေးတော့မှ  ဒီတရား “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ကို တစ်ဆင့်ပြန်ဟော
ပေးပါတယ်။  “အကျိုးတရားမှန်သမျှဟာ အကြောင်းရှိတယ်” လို့  ပြန်ဟောလိုက်တော့။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရျင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ
ရာကြီးဆီက အတတ်ပညာတွေကို သင်တော့ အကုန်တတ်သွားတယ်။

ပူဇော်ထိုက်သူကို ပူဇော်တတ်သော အရှင်သာရိပုတ္တရာ။

အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ
အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ ရှိရာအရပ်ဘက်ကို ဦး
ခေါင်းထား အိပ်ခြင်း၊ ရှိခိုးခြင်းကို အစဉ်အမြဲ ပြု၏။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၄)။

***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***

၁။  ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ
သမ္မာဝါယမပါ။
၂။  မူလ ပုဗ္ဗ၊  အရိယ
သုံးဝ  မဂ္ဂင်မြတ်။
၃။   ဖြစ်ပွားစေလျှင်၊  ဤမဂ္ဂင်
ပြေးဝင် နိဗ္ဗာနဓာတ်။
၎။   ဖြစ် အို သေရေး၊  စိုးရိမ်ဆွေး
ငိုကြွေး  ကိုယ်နာကျင်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၃)။

***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***

၁။  ကာမချမ်းသာ၊ သုံးဆောင်တာ
ပယ်ခွာ ရှောင်ရမည်။
၂။  မသုံးဆောင်ဘဲ၊ ကိုယ်ညှဉ်းဆဲ
ဒါလည်း ရှောင်ရမည်။
၃။  အစွန်း နှစ်သွယ်၊ လမ်းမှားပယ်
အလယ်လမ်းမှန် ဖြစ်ပေသည်။
၎။  လမ်းမှန်ကိုလျှောက်၊ ဉာဏ်မှန်ပေါက်
ဆိုက်ရောက် နိဗ္ဗာန်ပြည်။ ။

ဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၃)

“သူတော်ကောင်းတို့၏ မွေ့လျော်ရာ”

ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပင်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ အကြောင်းဖြစ်၏
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သောသူသည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍
မသေသောသူများ ဖြစ်ကြ၏။

ဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၂)။

“တရားပွဲတော်မှ ဖိတ်ကြားပါသည်။”

၁။   သာသနာနှင့်  လူ့ဘ၀၊
တွေ့ဆုံဖို့ရန်  လွန်စွာခက်ခဲလှ။
သာသနာနှင့်  တွေ့ဆုံတုန်း၊
တရား များများ  နာကြအုန်း။
လူ့ဘ၀သို့  ရောက်ရှိတုန်း၊
တရားတွေ့အောင်  ကြိုးစားအုန်း။
တရားတွေ့အောင်  ရှာရန်မှာ၊
တရားနာမှ  တွေ့ရှိမှာ။

ဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၁)။

“ဓမ္မစကား”

ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၁၃)။

“သမာတာ  ပုတ္တိကဘေး”

မီးလောင်ရေကြီး၊ သူပုန်စီးသည့်
ဘေးကြီးသုံးဖြာ၊ ဖြစ်ပေါ်လာသော်
မာတာမိခင်၊ သားရွှေစင်ကို
ကယ်တင်မရ၊ ချစ်သားလှလည်း
မိဘကိုပင်၊ မကယ်တင်နိုင်
သောကလှိုင်၍၊ သည်းဆိုင်ပြတ်မျှ
ဆင်းရဲရဟု၊ သုတနည်းသူ ဆိုလေသည်။
ယင်းသို့သူငှာ၊ ဆိုကြပါလဲ
အို နာ သေရေး၊ ဤသုံးဘေးနှင့်
ထောက်ဆချင့်သော်၊ မီးနှင့်ရေဟုန်
သူပုန်ဓားပြ၊ ထိုဘေးမျှကား
ဒုက္ခမဆို  သာတော့ပြီ။ ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၁၂)။

“တရားအသိရှိသူ”

တရားအသိ၊ ဉာဏ်မြင်ရှိ၍၊
စုံပြည့်လေရာ၊ ထိုသူမှာကား၊
အို နာ သေရေး၊ ကုန်ပျက်ဘေးနှင့်၊
မပြေးရှောင်သာ၊ ကြုံတွေ့လာသော်၊
“ငါသာမက၊ များသတ္တလည်း၊

ဘုန်းတော်ကြီးမြတ်စွာဘုရားက တပည့်ဖြစ်တဲ့ ရဟန်းတော်တွေကို ဆုံးမတော်မူသောနည်း။ (ကာသိမြင်းထိန်း)

“ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၁၀)။

“ဓမ္မကြေးမုံ”

သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင်ရူပ၊ လှ မလှကို၊
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍၊
ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်၊
ညှင်းပြောက်တင်းတိမ်၊ ဖုအကျိတ်ကို၊
ဆေးသိပ်ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျားဗုဒ္ဓ၊ ဟောညွန်ပြသည့်၊
ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင်မန၊ စိတ်အလှကို၊
နေ့ညမရွေး၊ တင်စစ်ဆေးလော့၊
ညစ်ကြေးကိလေ၊ တွေ့ခဲ့ပေသော်၊
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ၊
မလင့်မကြာ၊ သင့်ခန္ဓာသည်၊
ချမ်းသာဖုံးလိမ့် မှန်စွာတည်း။ ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၉)။

“ စိတ်ညစ်စိတ်ကြေး၊ စိတ်ဖြင့်ဆေး။”

ရေကြောင့်ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊
စင်လစ်ရေကြောင့်၊ သွေမထောင့်ဘူး၊
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညော်လည်း၊
ဆေးလျှော်စိတ်ပင်၊ စင်မစင်ကို၊
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်၊
စင်မှုကိုယ်မှာ  တာဝန်တည်း။ ။

လိုချင်တာကို ရှေ့တန်းတင်ပြီး ရတနာသုံးပါးအပေါ် မပြစ်မှားကြပါနှင့်။(ဗောဓိကုမာရမင်းသား)။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး
မောင်နှံက လှေကားဦးမှာရပ်ပြီး လျှောက်ကြတယ်။ “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟော
ဒီ လှေကားအပေါ် အ၀တ်ဖြူကိုနင်းပြီး တိုက်ခန်းအဆောင် အပေါ်ထပ်ကို ကြွတော်မူပါဘု
ရား”ဆိုတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အဲဒီအ၀တ်ဖြူ ခင်းထားတဲ့ လှေကားပေါ်ကို
မကြွဘူး။ နောက်တစ်ခါ ထပ်ပြီး ပင့်လျှောက်ကြပြန်တယ်။ နှစ်ခါလျှောက်တယ်၊ ဘုရားရှင်
မကြွဘူး။  သုံးခါလျှောက်တော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို  လှည့်
ကြည့်တော်မူပါတယ်။ အဲဒီလို ဘုရားရှင်က လှည့်ကြည့်တော်မူတော့ အရှင်အာနန္ဒာက သိ
တယ်။ လှေကားအထက်မှာ ခင်းထားတဲ့ အ၀တ်ဖြူကြီးကို ဖယ်လိုက်တယ်။

အမေ့ဝမ်းကြာတိုက်ထဲကပင် သရဏဂုံ ဆောက်တည်တဲ့ ဗောဓိကုမာရမင်းသား။

မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို
ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏
လို့…အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ
က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊   ဒါက…  သားအတွက် ဆောက်တည်
တာပါ ဆိုပြီးတော့ ၀မ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ
ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။
ကြည်ညိုစရာပါ။ အတုယူစရာပါ။

ကလေးတွေက ကော်ပတ်ရုပ်ကို လူထင်သလို၊ လူကြီးတွေက ကလေးတွေကို ကော်ပတ်ရုပ်ထင် နေကြသည်။

လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု
တရားနာနေတဲ့ ပရိတ်သတ်ထဲမှာ မိသားစုနဲ့ အဆင်မပြေ စိတ်ပူလောင်နေလို့  လာ တရားအား
ထုတ်တဲ့သူတွေ တစ်ပုံကြီး၊ အဲဒီ တရားအားထုတ်နေတဲ့သူတွေ ရုပ်ဟဲ့၊ နာမ်ဟဲ့၊  နာမ်ဟဲ့၊ ရုပ်ဟဲ့
လုပ်၊   လုပ်တုံးသာ ခဏ  တရားမှတ်လို့ ရချင်ရမယ်၊  အိမ်ကို  ပြန်ရောက်ရင်လေ၊   ဒီအတိုင်း၊
ဒီအတိုင်း၊ ဒီအတိုင်း၊ ပြန်ပူနေမှာပဲ။ နားလည်စမ်းပါ၊ သဘောပေါက်စမ်းပါ။

မိဘတွေ အလိုအပ်ဆုံးဖြစ်သော သားကောင်းရတနာ၊ သမီးကောင်းရတနာတွေ ရအောင် ကိုယ် တိုင်ရွေးချယ်နည်း။

ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိသတဲ့။ ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊   အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ
ကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး….“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်
တာ အမေ့ကြောင့်တဲ့။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ ကိုယ့်အိုး၊ ကိုယ့်အိမ်လေးနဲ့ နေတဲ့အခါ အရပ်ထဲမှာ နာရေးရှိလို့ အဖေ ဖဲသွားရိုက်ရင် အမေကလိုက်သွားတယ်၊ ကိုယ်ကလဲ ပါသွားတယ်
“ဗိုက်ထဲမှာ”။ ရယ်စရာ မောစရာ ပြောတာမဟုတ်၊ အမေကိုယ်ဝန်ဆောင်တဲ့အခါ၊  အမေလုပ်ချင်
တာ သွားတဲ့ဆီကို အဲဒီကလေးက  ဓါတ်ကူးသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၈)။

“စိတ်ကို ထိန်းသူ”

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍၊
သူကျလိုရာ၊ ကျတတ်ပါသည့်၊
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို၊
ချင့်နှိုင်းဉာဏ်ယှဉ်၊သမ္ပဇဉ်နှင့်၊
အစဉ်ချွန်းအုပ်၊ သတိချုပ်၍၊
မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်၊
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်၊
ကောင်းကျိုးကြွယ်လိမ့် မည်သာကို။ ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၇)။

“သတိပဌာန် ဆောင်ပုဒ်များ(၂)”

“သတိပဌာန် (ရှုပုံ)”

ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။
ဖောင်းတာပိန်တာ၊ အစဖြာ၊ ပေါ်ရာ ရှုပါလေ။
စိတ်ပြေးစိတ်လွင့်၊ မထိန်းနှင့်၊ အသင့်ရှုပါလေ။
ကြံစည်စဉ်းစား၊ တွေးစိတ်များ၊ မမှားရှုပါလေ။
နာတာ ကျင်တာ၊ ညောင်းညာတာ၊ သေချာရှုပါလေ။
ထုံကျင် ကိုက်ခဲ၊ ယားယံလဲ၊ စွဲမြဲ ရှုပါလေ။
ပြောင်းချင် ပြန်ချင်၊ မပြုပြင်၊ ပြင်ချင်စိတ်ကို ရှုပါလေ။
ဝမ်းနည်း ၀မ်းသာ၊ ခံစားတာ၊ သေချာ ရှုပါလေ။
ဆင်းရဲ ချမ်းသာ၊ ခံစားတာ၊ သေချာ ရှုပါလေ။
မြင် ကြား နံ စား၊ တွေ့သိများ၊ မမှား ရှုပါလေ။
ခြောက်ဒွါရ၌၊ ဖြစ်ပေါ်ခိုက်၊ စူးစိုက် ရှုပါလေ။
စူးစိုက်ရှုလျှင်၊ အမှန်မြင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။ ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၆)။

“သတိပဌာန် ဆောင်ပုဒ်များ(၁)”

“သတိပဌာန် လမင်း”

ရှင်တော်ဗုဒ္ဓ၊  သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊  ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊  ဖြာကျနေစဉ်၊
နိုးသူများ၊  ရှုပွား အပူစင်။ ။
ကာမဂုဏ်မှောင်တိုက်၊  အိပ်ငိုက်သူတွေ၊
လင်ရေးမယားရေး၊  ရှုပ်ထွေးလိမ်ပွေ၊
သားရေး သမီးရေး၊  ပူဆွေးဗျာပွေ၊
လရောင်နှင့်၊  တွေ့ခွင့်မကြုပေ။
အပူမီး၊  ထိန်ညီး တောက်လောင်နေ။ ။

ဒေါက်တာ အရှင်ဆေကိန္ဒ၏ ဟန်ဆောင်မှုကင်းလေလေ၊ ငြိမ်းအေးလေလေ။

ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်
ယောက် အလှည့်ကျ အစစ်ခံတာပေါ့၊ လေးငါးယောက်လောက်ကျတော့ ဟိုး.. နောက်မှာထိုင်
နေတဲ့ ဒကာတစ်ယောက် ရှေးကိုတိုးလာပြီး…ဓမ္မဒူတ ဆရာတော်က===ကဲဒကာကြီးပြော၊
ယောကီ == ဘာပြောရမှာလဲ  ဆရာတော်၊

မိုးကုတ်ဝိပသနာ၊ ဇနိကာရာမ ကျောင်းတိုက်ဆရာတော်၏ သံသရာလည်ကြောင်းနှင့် သံသရာ ပြတ်ကြောင်း။

သံသရာလည်ကြောင်း===၁။ စက္ခုဓါတ်ကိုလည်းကောင်း၊ ရူပဓါတ်ကိုလည်းကောင်း၊ စွဲ၍
စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။ သုံးပါးသောဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်ပါသည်။
ဖဿဟူသော  အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။ ဝေဒနာဟူသော  အကြောင်းကြောင့်
တဏှာ ဖြစ်ပါသည်။ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်ပါသည်။ ဥပါဒါန်ဟူသော
အကြောင်းကြောင့် ဘ၀ဖြစ်ပါသည်။ ဘ၀ဟူသော အကြောင်းကြောင့် ဇာတိဖြစ်ပါသည်။ ဇာတိ
ဟူသော အကြောင်းကြောင့် ဇရာမရဏ ဖြစ်ပါသည်။ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း
စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်း၊ တို့လဲ ဖြစ်ကြရပါသည်။

ဘုရားလောင်း (သိဒ္ဓတ္ထမင်းသား) အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။

ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်
တော်မူတယ်၊ အဲဒီအခါ လမ်းခုလတ်မှာ သူအိုကို တွေ့ မြင်ရတာနဲ့  သံဝေဂဖြစ်ပြီး ဆက်မသွား
ဘဲ၊ ပြန်လှည့်လာခဲ့တယ်။ နောက်တစ်ကြိမ် ထွက်တဲ့အခါ သူနာကိုတွေ့ တယ်၊ နောက်တစ်ကြိမ်
သူသေကိုတွေ့ တယ်၊  အဲဒီလို တွေ့ မြင်ရတဲ့ အခါများမှာလည်း သံဝေဂတွေဖြစ်ပြီး  ပြန်လှည့်
လာခဲ့ပါတယ်။

ဗုဒ္ဓဘုရားရှင်များ၏ သာသနာတော်မြတ်ကြီးမှာ လမ်းကြောင်းမှန်ရန် အရေးကြီးဆုံးတရားတော်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော်  မူပါသည်။  ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ
သောအခါ နံနက်မိုးသောက်ယံ၌ အာသဝေါတရား လေးပါး ကုန်ခန်းတော်မူပြီးလျှင် သဗ္ဗညုတ
ဉာဏ်တော်ကြီးကို ရရှိတော် မူပြီးသောအခါ လောကသုံးပါးဝယ် အမြတ်ဆုံး ဘုရားရှင်အဖြစ်
သို့  ရောက်တော်မူခဲ့ပါသည်။

သူများအထင်ကြီးမှာကို ကြောက်လွန်းသည့် ကျေးဇူးတော်ရှင် နန်းဦးဆရာတော်ကြီး။

ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ဓမ္မဒူတဆရာတော်က၊ မွန်ပြည်နယ်၊
ဘီလင်းမြို့ နယ်၊ တောင်စွန်း ဓမ္မဒူတတောရ ကျောင်းတိုက် တည်ထောင်ပြီး စာချ၊ တရား
ဟော၊ တရားပြနဲ့  ပရိသတ်တွေကို တရားအားထုတ်ဖို့ တိုက်တွန်းတယ်။

**** သာသနာပြုသည် ဆိုရာဝယ် ****

ယနေ့ခေတ် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်လောကတွင် အတွေ့ရအများဆုံး အသုံးပြုအများဆုံး ပေါ်ပြူလာအဖြစ်ဆုံး ဝေါဟာရစကားလုံးမှာ `သာသနာပြု´ ဆိုသည့်စကားလုံးပင်ဖြစ်ပါသည်။ယင်း`သာသနာပြု´ဆိုသည့်စကားလုံးကိုသံဃာတော်များလောကတွင်သာမကပဲ လူပုဂ္ဂိုလ်များလောက သီလရှင် ဆရာကြီး ဆရာလေးများလောကနှင့် နောက်ဆုံး ထေရ၀ါဒသာသနာတော်၏ ခလုပ်ဆူညှောင့်များဖြစ်ကြတဲ့ ဓါတ်ဆရာ, နတ်ဆရာ , ၀ိဇ္ဇာ, ဘိုးတော်များကပါ`သာသနာပြု´ဆိုသည့်အသုံးအနှုန်းကိုဖောဖောသီသီအသုံးပြုနေသည်ကိုတွေ့ရှိရပါတယ်။
ကမ္ဘာ့ဘာသာများဖြစ်ကြတဲ့ ဟိန္ဒူ, ခရစ်ယာန်,ဂျိန်း, ရဟူဒီ,ဇိုရိုစတာ,အစ္စလာမ် အစရှိတဲ့ ဘာသာတွေမှာလည်း`သာသနာပြု´(missionary)ဆိုပြီးအသုံးပြုနေကြပါတယ်။

ဒေါက်တာ နန္ဒမာလဘိဝံသ၏ဆုံးမစကား

မြတ်စွာဘုရားက ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်းလို့ ဟောထားတယ်။
မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။
ဘ၀ခရီး လျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေကြုံလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။

Sunday, May 12, 2013

“.. မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး …”

မန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။

ဣဿာမီးလောင်သည်နှင့် ချက်ချင်းသေသော နတ်များ။

ကိုယ့်ထက်သာသူအပေါ်  ၀မ်းသာလိုက်လျှင်  မုဒိတာဟူသော ကုသိုလ်ဖြစ်၏။  မနာလိုလိုက်လျှင်
ဣဿာဟူသော အကုသိုလ် ဖြစ်၏။ ကိုယ့်အောက် နိမ့်သူအပေါ် ကရုဏာထားလျှင် ကုသိုလ်ရသလို ကိုယ့်
ထက်သာသူအပေါ် ၀မ်းမြောက်လျှင်လည်း ကုသိုလ်ရသည်သာ ဖြစ်၏။
ထူးခြားချက်ကား ကရုဏာထားဖို့ အတွက်ဆိုလျှင် ကိုယ့်အိပ်ထဲမှ ငွေကြေး အနည်းနဲ့အများ ထုတ်
ရပြီး၊ မုဒိတာထားဖို့ အတွက်ကား ဘာမှကုန်စရာ မလိုခြင်းပင် ဖြစ်၏။  သို့သော် မြန်မာအများစုသည်  ကု
သိုလ်ရတာချင်း တူပါလျက် ငွေကုန်၊ ပစ္စည်းကုန်ရသော ကရုဏာကိုထားနိုင်ပြီး ဘာမှမကုန်သည့် မုဒိတာ
တရားကို မပွားနိုင်ခြင်းကား အံ့သြစရာပင် ဖြစ်၏။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

””စံနှင့် မှတ်ကျောက်””

ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ ။
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ် မှန်လှသည်။

နန်းဦးဆရာတော် ဘုရားကြီး၏ အဆုံးအမ တစ်ခွန်းကြောင့် သာသနာတော်၏ သစ်ဥ၊ သစ်ဖုများ။

ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ
အောင်တယ်၊ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးလို စာအဖြေထောက် လွတ်တယ်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၄)။

”” အပြု(ကာယကံ)””

ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။
ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။
ပြုပြီးပြန်လဲ၊  သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ။ ။

ဘ၀တစ်ခုမှာ သက်တောင့်သက်သာနဲ့  လျှောက်လှမ်းစေနိုင်တဲ့ အနှစ်သာရ။

ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ
တစ်ခုမှာ သက်သက်သာသာနဲ့  ဘ၀ခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အကြောင်းအရာဟာ
ကောင်းမှုကုသိုလ်ပဲ ဖြစ်ပါတယ်။

သာသနာအတွက် ရင်လေးစရာကောင်းသည့် ကြည်ညိုဖွယ် ဟန်ဆောင်မှုများ။

သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့ …အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့ ..ကိုယ့်အထင်နဲ့ ကိုယ်
လူတွေက ပြောနေကြတာ ရင်လေးစရာ ကောင်းပါတယ်။

မြတ်ဗုဒ္ဓသိထားတဲ့ တလောကလုံးအတွက် အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား(၁)။

ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ
ပဲ ဒီတရား ပေါ်ထွန်းလာရမယ်။ ဗုဒ္ဓ မပေါ်ထွန်းရင်၊ ဒီတရား မရှိရဘူး၊ ဒီ သဘာဝ တရားက
အမြဲတမ်း ရှိနေတာပါ။ တလောကလုံးအတွက် အမြဲတမ်း မှန်ကန်နေတဲ့ သဘာဝ တရားပါ။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၂)။

”ဆင်းရဲငြိမ်းရေး ချမ်းသာရေး”
xxxxxxxxxxxxxxxxxxxxxxxx
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
သူလဲ  အားကိုးရှာလေသည်။ ။
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
ငါလဲ  အားကိုးရှာပေသည်။ ။
ဘာသာဝါဒ၊ မှန်သမျှ၊
ကြောက်ကြလို့ ပဲ၊  ဖြစ်ပေါ်သည်။ ။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)..သို့ ဘာသာခြားတစ်ယောက်မေးသော မေးခွန်း(၉)ချက်..နှင့်… အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)..၏ အဖြေများ

ပီးခဲ့တဲ့ ၂-နှစ်ခန့်က တောကိုပြန်တဲ့အချိန် ဦးဇင်းဘေးကို ကောင်လေးတစ်ယောက် ရောက်လာတယ်…။ သူနဲ့စကားစမြည်ပြောရင်း သူက (………)ဘာသာဝင်တစ်ယောက် ဖြစ်တဲ့အကြောင်း ပြောပြပြီး… သူသိချင်တဲ့အကြောင်းအရာလေးတွေကို ဦးဇင်းကို မေးခဲ့တယ်…။ ဦးဇင်းလည်း သူ့မေးခွန်းတွေကို သူ့ဥာဏ်နဲ့နားလည်နိုင်သလောက် ပြန်လည်ဖြေကြားပေးခဲ့တယ်…။ အဲဒီအဖြေတွေထဲက အဓိကကျအချက်လောက်ကိုပဲ ထုတ်နှုတ်တင်ပြလိုက်ရပါတယ်…။

မေးခွန်းနံပါတ်(၁)
ကောင်လေး…= ဦးဇင်း ကျွန်တော်တို့ကိုးကွယ်နေတဲ့ ဘာသာတရားနဲ့ ဦးဇင်းတို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာတရားရဲ့ အဓိကကွာဟချက်က ဘာပါလဲ?
အရှင်ပဏ္ဍိတ…= ဒီဘာသာတရားနှစ်ခုမှာ တစ်ခုက ဖန်ဆင်းရှင်ထာဝရဘုရားသခင်ကို ကိုးကွယ်တဲ့ဘာသာတရားဖြစ်ပြီး တစ်ခုကတော့ လူသားဘုရားကို ကိုးကွယ်တဲ့ ဘာသာတရားဖြစ်တယ်…။ ဒီနှစ်ခုရဲ့ အဓိကကွာဟချက်က-
ငါ့ညီတို့ဘာသာတရားက ဖန်ဆင်းရှင်ရဲ့ အပြစ်ဆေးကြောမှုကို ဦးစားပေးပြီး ကောင်းကင်ဘုံကို ဆုတောင်းတယ်..။
ဦးဇင်းတို့ ဘာသာတရားကတော့ ကိုယ်ပိုင်(အလုပ်)ကံတရားနဲ့ ဓမ္မကိုအမှီပြုပြီး သံသရာလွတ်လမ်းကို ရှာဖွေတယ်..။ ဒါက ပင်မကွဲလွဲမှုပါပဲ…။

မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ ဆဲဆူဆုံးမတာဟာ ဖရုသ၀ါစာကျူးလွန်ပါသလား? (သို့ မဟုတ်)ဖရုသ၀ါစာဖြစ်ဖို့  အဓိက အင်္ဂါရပ်။

ဖရုသ၀ါစာ ဆိုတာ ဒုစရိုက်(၁၀)ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဒုစရိုက်(၁၀)
ပါးကို ကျူးလွန်တဲ့သူဟာ အပါယ်ကျပါတယ်။ မိဘတွေက သားသမီးကို၊ ဆရာက တပည့်ကို
ဆဲဆူဆုံးမတဲ့အခါ ဖရုသ၀ါစာဖြစ်ရင် မိဘဆရာတွေ အကုန်လုံး အပါယ်ကျကုန်မှာပေါ့။
ဒုစရိုက်(၁၀)ပါးမှာ==”ကိုယ်၌ဖြစ်သော ကာယကံ(၃)ပါး”=၁။ ပါဏာတိပါတ၊ ၂။ အ
ဒိန္နဒါန၊ ၃။ ကာမေသုမိစ္ဆာစာရ၊ ”နုတ်၌ဖြစ်သော ၀စီကံ(၄)ပါး”၄။ မုသာဝါဒ၊ ၅။ ပိသုဏ၀ါ
စာ၊ ၆။ ဖရုသ၀ါစာ၊ ၇။ သမ္ဖပ္ပလာပ၊ ”စိတ်၌ဖြစ်သောမနောကံ(၃)ပါး” ၈။ အဘိဇ္ဈာ၊ ၉။ ဗျာ
ပါဒ၊ ၁၀။ မိစ္ဆာဒိဌိ၊ တို့ ဖြစ်ပါတယ်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၁)။

”ကောင်းမှု”
xxxxxxxxx
”ဣဓ  မောဒတိ  ပေစ္စ  မောဒတိ၊
ကတပုညော  ဥဘယတ္ထ  မောဒတိ။ ။
သော  မောဒတိ  သော  ပမောဒတိ၊
ဒိသွာ  ကမ္မ၀ိသုဒ္ဓမတ္တနော”။ ။
ဘ၀ပေါင်းစု၊ သောင်းအထုတွင်၊
ကောင်းပြုကောင်းပြော၊ ကောင်းသဘောနှင့်၊
ကောင်းသောနှလုံး၊ တဖြောင့်သုံး၍၊

အမျိုးလည်းချစ်ပါ၊ အမျိုးလည်းစစ်ပါ။

လူမျိုးခြားကိုယူတဲ့ မိန်းကလေးတွေ သတိကလေး တစ်ချက်လွတ်သွားတာနဲ့  သံသရာ
တစ်လျှောက်လုံး မှားနိုင်သလို ပြောစရာတွေ အများကြီးလဲ ကျန်ပါသေးတယ်။ တွေးကြည့်ဦး
လေ၊ တို့ တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆို
တဲ့အမျိုးသားတွေ မရှိလို့ လား?။ ဆူးပေါ်ဖက်ကျတော့လည်း ဖက်ပဲပေါက်တာပဲလေ၊ မိအေး
နှစ်ခါနာ မဟုတ်ဘူး။ တစ်သက်လုံး သံသရာတစ်လျှောက်လုံး နာသွားတာပါ။ နောက်တစ်ခုက
မိဘတွေလဲ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့သားသမီးတွေဟာ ဘယ်လိုလူမျိုး
နဲ့  ချစ်ခင်စုံမက်နေတယ် ဆိုတာကိုလေ့လာပြီး တားမြစ်သင့်ရင် တားမြစ်ရမယ်လေ။

နေ့ စဉ်အလုပ်အဖြစ် ပုံမှန်နေစဉ် ဘာဝနာတရားဖြင့် နေနည်း။

ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားလမ်းကြောင်းပေါ် ရောက်ခဲ့ရတဲ့ ”တရားတော်”

ဒို့ များ….ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်…. သာသနာဘောင်သို့  ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
…….တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့ ၊ အဲဒီတရားတစ်ပုဒ် တရား
တစ်ခွန်းကြောင့် .. တို့ များ…..တအားကြီးပြောင်းလဲသွားတယ်။

ဗုဒ္ဓဟောကြားသော အကယ်၍ (Accident) မတော်တဆဖြင့် ကွယ်လွန်သွားသော် စိတ်မပူပါနဲ့ ။{မဟာနာမသုတ္တန်}

ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ ဖြုတ်စရာ မလိုဘူး၊  လိုလို့ ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့် လန့်  တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
မဟာနာမ်က နေ့ လယ်နေ့ ခင်း ဆိုရင် ဘုရားကျောင်းကိုသွား ညနေဆိုရင်ပြန်နဲ့  တနေ့ 
တော့.. ဘုရားရှင်ကိုလျောက်တယ်==

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။

***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***

(၁)ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
မှန်စွာသိရမည်။ ။
(၂)စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
မှန်စွာသိရမည်။ ။
(၃)ကောင်းဆိုးလတ်ပါ၊ ဝေဒနာ၊
ပေါ်တာသိရမည်။ ။
(၄)သဘောတရား၊ ထင်ပေါ်ငြား၊
ပိုင်းခြားသိရမည်။ ။

ရဟန်းဝတ်မည်ဆိုလျှင် ဆရာတော်များ ဆုံးမထားသော”ရှင်ချောင်သေကြပ်၊ရှင်ကြပ်သေ ချောင်” ကိုလေ့လာပါ။ လိုက်နာပါ။

သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
“ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်” ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း
စဉ်က  ချောင်ချောင်ချိချိနေလျှင်  သေလျှင်ငရဲကျမည်ဖြစ်၍  အသေကြပ်မည်။  ရဟန်း
စဉ်က  သီလသိက္ခာပုဒ်များကို  ကြပ်ကြပ်တည်းတည်း  စောင့်စည်းထိန်းသိမ်း၍  ကောင်း
မွန်စွာနေလျှင်  သေသည့်အခါ  သုဂတိ လားရမည်ဖြစ်၍  အသေချောင်မည်။ ထို့ ကြောင့်
ရဟန်းဝတ်မည်ဆိုလျှင်  မိမိကို  ကျကျနန  သွန်သင်ပြသ ဆိုဆုံးမမည့်  ဆရာကောင်းကို
ရှာဖွေဆည်းကပ်ပါ။  ထိုသို့ ကျောင်းမျိုးကို ရွေးချယ်ပါ။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။

****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။
************ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ၊
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊
တရားရေး အားပေးဂုဏ်ခြောက်ထွေ။ ။ ။

သာသနာ့ဘောင်သို့  ၀င်ရောက်လာသော “ရဟန်းသုံးမျိုး”

လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော  သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
ပါသည်။ သို့ မဟုတ်က(လူဝတ်ကြောင်လို) ထိုင်နေရုံမျှဖြင့် အပြစ်အာပတ် သင့်ပြီး နေတတ်ပါသည်။

”ဓမ္မ”ကိုအဖေါ်ပြုမှ ဘ၀အတွက် ထာဝရချမ်းသာမည်။

လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး
ကို ရှာဖွေမှ တကယ့်အရေးကြုံလာတဲ့အခါမှာ ကောင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နိုင်သလဲဆိုတာ ဘ၀အရေးနဲ့ 
ပတ်သက်ပြီး သေသေချာချာ စဉ်းစားဆင်ခြင် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘ၀ခရီး လျှောက်လှမ်းတဲ့အခါ
ထာဝရ ချမ်းသာဖို့ အရေး   ဘာကိုအဖေါ်ပြုကြရမှာလဲ။?

သီလ၊ သမာဓိ၊ ပညာ၊ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်

လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ။ ။
လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က
အသံကောင်းတာနဲ့  နာမည်ကြီးတာကို ကြည်ညိုကြပါတယ်။ ။

ကံ၏အကျိုး ပေးပုံကို ဆရာတော်ကြီး ဦးဥတ္တမသာရ၏ တိကျသော ပေတံဖြင့် တိုင်းတာခြင်း။

ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊  အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည်
သူ  ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။

စိတ်၏စေရာနောက်ကို လိုက်နေကြပါတယ်။

ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ ဘ၀တစ်
ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းပြီး သံသရာမှာ  လူ့ ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန်ဘ၀ စသည်ဖြင့် ကျင်လည်ရပါသည်။

တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။

ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး
ဦးတည်ချက်ကို တိတိကျကျ ပီပီပြင်ပြင် ချမှတ်ရပါမည်။ ထေရ၀ါဒ ဘာသာရေး ဦးတည်ချက်နှင် လွှဲချော်     နေလျှင် လျော်ကန်သင့်မြတ်မည် မဟုတ်ပါ။

အယူအမြင် မှန်ကန်ခြင်းနှင့် သီလစင်ကြယ်ခြင်းသည် ကောင်းမှုကုသိုလ်တို့ ၏ အစဖြစ်သည်။(ဗာဟီရသုတ္တန်)

လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် “လူ့ ကျင့်ဝတ်၊ လူ့ သီလ၊” ဟုဆိုနိုင်ပါသည်။
မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ
မျှကို ရှောင်ကြဉ်ခြင်းသည် လူ့ ကျင့်ဝတ် ဖြစ်ပါသည်။ သီလ၌ တည်သူဖြစ်စိမ့်သောငှာ ကောင်းစွာပြောဆို
ရမည်။ ကောင်းစွာပြုမူ ဆောင်ရွက်ရမည်။ ကောင်းစွာအသက်မွေးဝမ်းကျောင်း ပြုရပေမည်။

သီလ၊ သမာဓိ၊ ပညာ၊ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်

လောကမှာ တစ်သိန်းရှိတယ် ဆိုကြပါစို့ ။ ။
လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က
အသံကောင်းတာနဲ့  နာမည်ကြီးတာကို ကြည်ညိုကြပါတယ်။ ။